Google Ad Space

International Flight ကိုခုမှပထမဆုံးစီးမှာလား? ဒါဆိုဒီစာကိုအရင်ဖတ်ပါ။ (ဖတ်ရှုချိန် ၁၀ မိနစ်)

Published Year: 19/07/2024

By: Karl

နိဒါန်း

နိဒါန်း

International Flight ကိုအရင်ကတစ်ခါမှမစီးဖူးပဲခုမှပထမဦးဆုံးစီးရမှာဆိုရင်ကြောက်တဲ့စိတ်ဖြစ်ပေါ်တတ်ပြီး၊ စီးရတဲ့ Process ကလဲရှုပ်ထွေးခက်ခဲတယ်လို့တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒီစာလေးကိုအဆုံးထိဖတ်ပြီးပြီဆိုရင်တော့ International Flight စီးရတဲ့ Process ကိုနားလည်သွားစေနိုင်ပြီး၊ ကြောက်တဲ့စိတ်၊ စိုးရိမ်တဲ့စိတ်တွေလျော့ကျသွားစေနိုင်ပါတယ်။


ဒီစာလေးမှာ International Flight စီးရတဲ့ Process ကို Before the Flight, At the Airpot, At the Transit, At the Final Destination ဆိုပြီးအဆင့်လေးဆင့်ခွဲပြီးရှင်းပြသွားမှာဖြစ်ပါတယ်။

I. Before the Flight

1. Airline ရှာဖွေခြင်းနှင့် Booking လုပ်ခြင်း


Oversea သွားဖို့ International Flight ကို ပထမဆုံးစီးတော့မယ်ဆိုရင်ဦးဆုံးလုပ်ရမယ့်အရာကကိုယ်သွားလိုတဲ့နိုင်ငံကိုပြေးဆွဲနေတဲ့လေကြောင်းခရီးစဉ်တွေကို Research စလုပ်ဖို့ပဲဖြစ်ပါတယ်။


ဒီလို Research လုပ်တဲ့အခါ Expedia, Google Flights, Skyscanner, Kayak စတဲ့ Website တွေကနေရှာကြည့်နိုင်သလို၊ ကိုယ်စီးချင်တဲ့ Airline ရဲ့ Websites (ဥပမာ Emirates Airline ကိုစီးချင်တယ်ဆိုရင် Emirates Official Webiste) ထဲသွားရောက်ပြီးလဲရှာဖွေနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ကိုယ့်နိုင်ငံထဲမှာရှိတဲ့ Travel Agency တွေကတစ်ဆင့်လဲတိုင်ပင်မေးမြန်းနိုင်ပါတယ်။


ဒီလိုကိုယ်သွားချင်တဲ့နိုင်ငံကိုပြေးဆွဲနေတဲ့ Airline တွေကိုသိသွားပြီဆိုရင်တော့ Airline အမျိုးမျိုးရဲ့စျေးနှုန်းနဲ့ ဝန်ဆောင်မှုတွေကိုတစ်ခုနဲ့တစ်ခုနှိုင်းယှဥ်ပြီးကိုယ့် Budget နဲ့ရော၊ လိုအပ်ချက်နဲ့ရောကိုက်ညီတဲ့ Airline ကိုရွေးချယ်ပြီး Booking လုပ်ရပါမယ်။ (အနည်းဆုံး ၂ လလောက်ကြိုတင် Booking ယူခြင်းအားဖြင့်သက်သာသောစျေးကိုရရှိနိုင်ပါတယ်)။


Tip: Expedia, Google Flights, Skyscanner, Kayak စတဲ့ Platform တွေကို Price Drop Alert ဖွင့်ထားခြင်းဖြင့်လဲလေယာဉ်လက်မှတ်များစျေးကျသွားတဲ့အခါ Notification ရပြီးသိရှိနိုင်ပါတယ်။


2. လိုအပ်သော Documents များပြင်ဆင်ခြင်း


အဓိကလိုအပ်တဲ့စာရွက်စာတမ်းကတော့ ခရီးထွက်မယ့်ရက်မှစ၍ရှေ့သို့အနည်းဆုံးခြောက်လသက်တမ်းကျန်ရှိရမယ့် Valid ဖြစ်တဲ့ Passport ဖြစ်ပါတယ်။ (ကိုယ်သွားမယ့်နိုင်ငံက Visa လိုပါက Visa ရှိထားပြီးဖြစ်ရပါမယ်)။


ပြီးရင်တော့ ဝယ်လိုက်တဲ့ (သို့မဟုတ်) Booking လုပ်လိုက်တဲ့ Flight Ticket ကို Print ထုတ်၊ ဒါမှမဟုတ်ရင် E-Ticket ကိုကိုယ့်ရဲ့ Mobile Device ပေါ်မှာရှိထားဖို့လိုပါမယ်။


အကယ်၍ Hotel Booking လုပ်ထားလျှင် Booking လုပ်ထားသော Hotel ရဲ့ Details ကိုလဲလိုရမယ်ရ Print သို့မဟုတ် Mobile Device မှာသိမ်းထားသင့်ပါတယ်။


3. Luggage ပြင်ဆင်ခြင်း


ခရီးသွားဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ပြီးသွားပြီဆိုရင်တော့ခရီးသွားတဲ့အခါယူဆောင်သွားမယ့်ပစ္စည်းတွေအတွက် Luggage ကိုပြင်ဆင်ရမှာပဲဖြစ်ပါတယ်။


ဒီနေရာသတိထားရမယ့်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ကိုယ်ဝယ်ထားတဲ့လေယာဥ်လက်မှတ်ထဲမှာဖော်ပြထားတဲ့သတ်မှတ်ထားသော KG အလေးချိန်ထက်မကျော်လွန်သွားမိအောင် Luggae ကိုပြင်ဆင်ရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ (ဥပမာ ကိုယ်ဝယ်ထားတဲ့ လက်မှတ်က 25 Kg Allowance ပေးထားတယ်ဆိုရင် 25 Kg ထက်ပိုမသယ်မိအောင်သတိထားရမှာပဲဖြစ်ပါတယ်)။ 


အကယ်၍သတ်မှတ်ထားတာထက်ပိုသယ်မိမယ်ဆိုရင်တော့လေယာဥ်ကွင်းရောက်မှ အလေးချိန်မလွန်အောင်ပစ္စည်းတစ်ချို့ထားခဲ့ရတွေ၊ Fee အပိုပေးတွေစသဖြင့်လုပ်ရတတ်ပြီး အလုပ်ရှုပ်စေပါတယ်။

II. At the Airpot

1. လေယာဥ်ကွင်းသို့သွားခြင်း


လေယာဥ်ကွင်းသို့မသွားခင် ပထမဆုံးသိထားရမယ့်အရာကတော့ကိုယ်ရဲ့ Flight ဟာဘယ် Terminal ကထွက်သလဲဆိုတာပဲဖြစ်ပါတယ်။ နောက်တစ်ခုအရေးကြီးတဲ့အချက်တစ်ချက်ကတော့ ကိုယ့်ရဲ့လေယာဥ်ထွက်ချိန်နဲ့ အနည်းဆုံး ၃ နာရီ လောက်စောပြီးကြိုရောက်ထားဖို့ဖြစ်ပါတယ်။ ဒါမှသာ Check-In ဝင်ရတဲ့ Process, Secuitiry Check စတဲ့ လုပ်ငန်းအဆင့်ဆင့်ကို စိတ်အေးလက်အေးနဲ့ ဖြတ်ကျော်နိုင်မှာပဲဖြစ်ပါတယ်။


2. Check-in ဝင်ခြင်း


လေယာဥ်ကွင်းရောက်ရင်စစချင်းလုပ်ရမယ့်အရာကတော့ Check-in ဝင်တာပဲဖြစ်ပါတယ်။ Check-in ဝင်တဲ့အခါကိုယ့် Flight ရဲ့ Check-in counter မှာကိုယ့်ရဲ့ Passport, Booking Reference နဲ့ အခြားသော ခရီးသွားစာရွက်စာတမ်းတွေပြပေးရတဲ့အတွက် အလွယ်တကူထုတ်လို့ရအောင်အဆင်သင့်ပြင်ဆင်ထားသင့်ပါတယ်။ ပြီးရင်တော့ Counter က Agent ကကိုယ့်အတွက် Check in From ဖြည့်ပေးပြီး လေယာဥ်ပေါ်တက်ဖို့ လက်မှတ် Borading Pass ထုတ်ပေးပါလိမ့်မယ်။ ပြီးရင်တော့ကိုယ့်ရဲ့ Luggage ကိုအလေးချိန်တိုင်းပြီး Check-in Counter မှာထားခဲ့ရပါမယ်။


Tip: လေယာဥ်ကွင်းရောက်လို့ကိုယ် Flight ရဲ့ Check-in Counter နေရာမသိပါက Flight Information Display မှာကြည့်ပြီးစစ်ဆေးနိုင်ပါတယ်။ ဒီ Display တွေမှာပေါ်လာတဲ့ Flight တွေထဲကကိုယ်စီးရမယ့် Flight Number နဲ့ သွားမယ့်နေရာကိုတိုက်ကြည့်ပြီးကိုယ့်ရဲ့ Check-in Counter ကိုရှာနိုင်ပါတယ်။ အကယ်၍ရှာမတွေ့သေးပါက Airport Staff တစ်ယောက်ယောက်ကို အကူအညီတောင်းလို့လဲရပါတယ်။ နောက်ဆုံးရှာမတွေ့ပါက Airline ရဲ့ Customer Service ကိုဖုန်းဆက်ပြီးအကူအညီတောင်းလို့လဲရပါတယ်။


3. Security Check ဝင်ခြင်း


Check-in ဝင်ပြီးရင်တော့နောက်တစ်ဆင့်အနေနဲ့ Security Check ဝင်ရမှာပဲဖြစ်ပါတယ်။ ဒီအဆင့်မှာလဲ Boaring Pass နဲ့ Passport ကိုစစ်ဆေးတတ်တဲ့အတွက်အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားသင့်ပါတယ်။


 ဒီ Security Check မှာတော့ကိုယ်နဲ့အတူတူ လေယာဥ်ပေါ်သယ်သွားမယ့် ကျောပိုးအိတ်၊ လက်ဆွဲအိတ် သို့မဟုတ် Luggage အသေးလေးကို X-Ray Screening လုပ်ပြီးစစ်ဆေးမှာဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ့်ရဲ့ Phone, Electronic Devices နဲ့ပိုက်ဆံအိတ်စတာတွေကိုလဲ Screening လုပ်ပြီးစစ်ဆေးမှာဖြစ်ပါတယ်။


ဒီနေရာမှာသတိထားရမှာက ကိုယ်ကအရည်တစ်ခုခုယူသွားမယ်ဆိုရင် 100 ml အောက်ပဲယူသွားလို့ရတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။


4. Immigration ဖြတ်ခြင်း


Security Check လုပ်ပြီးရင်တော့ Immigration ဖြတ်ရမှာပဲဖြစ်ပါတယ်။ ဒီအဆင့်မှာလဲ ကိုယ့်ရဲ့ Passport နဲ့ ခရီးသွားစာရွက်စာတမ်းတွေတောင်းတဲ့အတွက်အဆင်သင့်ပြင်ထားသင့်ပါတယ်။


ပြီးတော့ ဒီအဆင့်မှာကိုယ်ခရီးရဲ့အစီအစဥ်ကိုမေးတတ်ပါတယ်။ ဒီလိုမေးလာခဲ့ရင်တော့ ပုံမှန်အလိုက်သင့်ဖြေဆိုလိုက်ရင်ရပါပြီ။


5. ကိုယ့် Flight ရဲ့ Gate ရှာခြင်း


ဒီလို Immigration ကိုလဲဖြတ်ပြီးသွားပြီဆိုရင်တော့ ကိုယ့် Flight ရဲ့ Gate ကိုသွား၊ လေယာဉ်ပေါ်တက်ပြီး ခရီးစသွားဖို့ပဲကျန်ပါတော့တယ်။


ကိုယ့် Flight ရဲ့ Gate နေရာကိုတော့အစောပိုင်းကပြောသလို Flight Information Display မှာရှာကြည့်လို့ရပါတယ်။ Gate နံပါတ်ကိုသိရင်တော့ Direction Signs လေးတွေကိုကြည့်ပြီး ကိုယ့် Gate နံပါတ် Sign နောက်ကိုလိုက်သွားဖို့ပဲလိုပါတယ်။ (ပုံမှန်အားဖြင့် Direction Sign လေးတွေက မျက်နှာကျက်အပေါ်နားမှာရှိတတ်ပါတယ်)။


ကိုယ့် Flight ရဲ့ Gate ကိုရောက်ရင်တော့လေယာဥ်ပေါ်တက်ရဖို့ Boarding ခေါ်ချိန်ကိုစောင့်နေရုံပဲလိုပါတော့တယ်။


6. Boarding ခေါ်ခြင်းနှင့်လေယာဥ်ပေါ်တက်ခြင်း


Boarding လုပ်တဲ့အခါ Group အလိုက်ခေါ်တတ်တဲ့အတွက်ကိုယ့်ရဲ့ Group ကို နံပါတ်ကိုသိထားသင့်ပြီး၊ ကိုယ့် Group ကိုခေါ် မခေါ်သိရအောင်နားစွင့်နေဖို့တော့လိုပါမယ်။


လေယာဥ်ပေါ်တက်ဖို့ကိုယ့် Group ကိုခေါ်ပြီဆိုရင်တော့ Borading Pass နဲ့ Passport ကိုအဆင်သင့်ပြင်ထားပြီး၊ Staff တစ်ယောက်ယောက်က Scanning လုပ်ပေးပြီးရင်တော့ လေယာဉ်ပေါ်တက်၊ ကိုယ့်ရဲ့ထိုင်ခုံနံပါတ်ဆီသွားလို့ရပါပြီ။ ပြီးရင်တော့ထိုင်ခုံခါးပါတ်ပါတ် ပြီးခရီးစဉ်ကိုချောချောမောမောစလို့ရပါပြီ။

III. At the Transit (ဒီအဆင့်သည် Connecting Flight စီးရမည့်သူများအတွက်သာဖြစ်ပါသည်)

အကယ်၍ကိုယ်က လေယာဉ်လက်မှတ်ဝယ်တုန်းက Direct Flight ကိုသာဝယ်ထားတယ်ဆိုရင်တော့ Transit ဝင်၊ လေယာဉ်တွေပြောင်းစီးပြီးအလုပ်ရှုပ်စရာမလိုတော့ပဲကိုယ်သွားလိုတဲ့နိုင်ငံကိုတိုက်ရိုက်ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။


ဒီလိုမှမဟုတ်ပဲကိုယ်က Transit ပါတဲ့ Flight ခရီးစဉ်ကိုဝယ််ယူထားရင်တော့ ကြားထဲမှာ လုပ်ရမယ့်အဆင့်လေးနည်းနည်းရှိပါတယ်။


အရင်ဆုံး Transit ပြောင်းစီးတဲ့အကြောင်းမပြောခင်သေချာအောင်လုပ်ထားရမယ့်အရာတစ်ခုရှိပါတယ်။ အဲ့တာကတော့တတ်နိုင်ရင်လေယာဥ်ခရီးစဉ်တစ်ခုလုံးက Flight Ticket တွေအားလုံးကို Airline တစ်ခုတည်းကဖြစ်စေ သို့မဟုတ် Partnership လုပ်ပြီးချိတ်ဆက်ထားတဲ့ Airline ကနေဖြစ်စေ Single Ticket အနေနဲ့ဝယ်ထားဖို့ဖြစ်ပါတယ်။ ဒါမှသာ Flight တစ်ခုခုက Delay ဖြစ်ခဲ့လျှင်သူနဲ့ချိတ်ဆက်ထားတဲ့ Connecting Flight ကိုဝယ်ထားတဲ့အတွက်၊ ကိုယ့်မှာ Protective ဖြစ်စေမှာဖြစ်ပြီး၊ ကိုယ့်ရဲ့ Luggage တွေကိုလည်း ကိုယ်တိုင်လေယာဉ်တစ်စီးမှတစ်စီးသို့ ပြောင်းရွေ့စရာမလိုပဲ Automatically Transfer လုပ်ပေးမှာဖြစ်ပါတယ်။ (သို့ပေမယ့် မသွားခင်ကတည်းက ကိုယ့်ရဲ့ Luggage တွေကို Automatically Transfer လုပ်ပေးမပေးသိအောင် Baggage Policy ကိုတော့သေချာအောင်စစ်ဆေးထားသင့်ပါတယ်)။


Transit မှာလေယာဉ်ပြောင်းစီးတော့မယ်ဆိုရင် သတိထားရမယ့်အချက်က လေယာဉ်ဆိုက်တာနဲ့ လေယာဉ်ပေါ်မှာအချိန်ဆွဲမနေပဲလေယာဉ်ပြောင်းဖို့အချိန်များများရအောင်ကြိုးစားရမှာပဲဖြစ်ပါတယ်။


1. Connecting Flights/ Transfers/ Transit စတဲ့ Direction Sign နောက်လိုက်သွားခြင်း


Transit ဝင်ပြီး လေယာဉ်ပြောင်းစီးခရီးဆက်ရမယ့်အခါ Connecting Flights/ Transfers/ Transit စတဲ့ Direction Sign တွေနောက်လိုက်သွားရပါမယ်။ ပိုသေချာဖို့ Flight Information Displays ကနေလဲတစ်ချက်စစ်ဆေးကြည့်သင့်ပါတယ်။


အကယ်၍ဘယ်သွားရမလဲမသေချာရင်တော့ Information လို့ရေးထားတဲ့နေရာကိုသွားပြီးအကူအညီတောင်းမေးကြည့်လို့လဲရပါတယ်။


2. Security Check ဝင်ခြင်း


လေယာဉ် Transit လုပ်တဲ့အခါမှာလဲ Security Check ထပ်ဝင်ရပါတယ်။ Security Check ကတော့ရှေ့တုန်းကအတိုင်းကိုယ်နဲ့သယ်ဆောင်လာတဲ့အိတ်နဲ့ ပစ္စည်းတွေကို Screening လုပ်ပြီးစစ်ဆေးတာပဲဖြစ်ပါတယ်။


3. ကိုယ့် Flight ရဲ့ Gate ရှာခြင်း


Security Check ပြီးပြီဆိုရင်တော့ ကိုယ့်စီးရမယ့်နောက် Flight ရဲ့ Gate ဆီကိုသွားရမှာပဲဖြစ်ပါတယ်။ Gate တဲ့တည်နေရာကိုတော့ရှေ့တုန်းကအတိုင်းပဲ Direction Sign ကိုကြည့်ပြီးသိနိုင်ပါတယ်။


သတိပြုရန်: အကယ်၍ကိုယ့်ရောက်နေတဲ့ Airport ကအရမ်းကြီးနေပြီး (ဥပမာ Dubai Airport)၊ Flight ကအခြား Terminal မှာရှိနေမယ်ဆိုရင်ကိုယ့်ရဲ့ Gate နံပါတ်ကိုညွှန်ပြထားတဲ့ရထား၊ ဒါမှမဟုတ် Bus စီးပြီးတော့လဲ Gate ဆီကိုသွားရတတ်ပါတယ်။ အဓိကကတော့ ကိုယ့် Gate နံပါတ်နောက်ကိုသာအဆုံးထိလိုက်သွားဖို့ပဲလိုပါတယ်။ အကယ်၍မသေချာပါက Panic မဖြစ်သွားပဲ Airport Staff နဲ့ Information ဆိုတဲ့နေရာမှာအကူအညီတောင်းလို့ရတာသတိရပါ။


ကိုယ့်ရဲ့ နောက် Flight Gate ရောက်ရင်တော့ ရှေ့ကအတိုင်းပဲ Boarding ခေါ်ချိန်စောင့်ပြီး၊ လေယာဉ်ပေါ်တက်ပြီး နောက်ခရီးတစ်ခုဆက်လို့ရပါပြီ။

IV. At the Final Destination

1. Immigration and Customs ဖြတ်ခြင်း


ကိုယ်သွားလိုတဲ့ Final Destination ရောက်ရင်ပထမဆုံးလုပ်ရမှာကတော့ Immigration and Customs ကိုဖြတ်ကျော်ရမှာပဲဖြစ်ပါတယ်။ 


ဒီနေရာမှာလဲ Passport, Visa နဲ့ အခြားစာရွက်စာတမ်းတွေပြရလို့အဆင်သင့်ပြင်ထားသင့်ပါတယ်။ ပြီးရင်တော့ Immigration and Customs Form ဖြည့်တာ၊ Officer ကမေးတဲ့မေးခွန်းကိုဖြေတာစသဖြင့်ပြုလုပ်ရပါမယ်။


2. Baggage များကို Collect လုပ်ခြင်း


Immigration ကိုဖြတ်ကျော်လာပြီးပြီဆိုရင်တော့နောက်ဆုံးအဆင့်အနေနဲ့ ကိုယ့်ရဲ့ Baggage တွေကို Collect လုပ်ရမှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ လေယာဉ်ကွင်းကထွက်ပြီး ကိုယ်သွားလိုတဲ့နေရာကိုသွားလို့ရပါပြီ။

နိဂုံး

အကုန်လုံးကိုအနှစ်ပြန်ချုပ်ရရင်တော့ International Flight စီးရင် ပထမဆုံး Check-in ဝင်ရပါမယ်၊ Check-in မှ Boarding Pass ရပါမယ်၊ Luggage ကို Check-in Counter မှာအလေးချိန်တိုင်းပြီးထားခဲ့ရပါမယ်၊ ပြီးရင် Security Check ဝင်ရပါမယ်၊ အဲ့နောက် Immigration ဖြတ်ရပါမယ်၊ ပြီးရင် Boarding Gate ဆီသွားရပါမယ်၊ Boarding ခေါ်ပြီးလို့ လေယာဉ်ပေါ်တက်ပြီးရင်တော့ထိုင်ခုံခါးပါတ်ပါတ်ကာ ခရီးစလို့ရပါပြီ၊ (အကယ်၍ Transit ရှိလျှင် Security Check ထပ်ဝင်ရပါမယ်၊ အဲ့ဒီနောက် Connecting Flight စီးရမယ့် Boarding Gate ကိုသွားရပါမယ်၊ ပြီးရင်တော့လေယာဉ်နောက်ထပ်ထပ်စီးရပါမယ်)၊ ဒီလိုနဲ့ Final Destination ရောက်လာပြီဆိုရင်တော့ ပထမဆုံး Immigration and Customs ကိုဖြတ်ကျော်ရပါမယ်၊ ပြီးနောက် Baggage Collect လုပ်ရပါမယ်။ 


ဒီ Content လေးမှာတော့ International Flight စီးရတဲ့ Process ကိုအကျဉ်းချုံးရှင်းပြသွားတာပဲဖြစ်ပါတယ်။ ဒီလိုမျိုးပညာရပ်ဆိုင်ရာ Knowledge Sharing Content လေးတွေကိုအမြဲတင်ပေးသွားမှာဖြစ်လို့မကြာခဏလာရောက်ဖတ်ရှုဖို့ဖိတ်ခေါ်အပ်ပါတယ်။ နောက်တစ်ခေါက်ဒီထက်ပိုကောင်းတဲ့ Content တွေနဲ့ပြန်လာခဲ့ပါမယ်။

Google Ad Space

Google Ad Space