UK မှာ Accomodation ရှာချိန်စဥ်းစားရမယ့်အချက်များနဲ့အကြံပြုချက်များ
Published Year: 12/01/2025
By: Karl

1. Accomodation ရှာချိန်မှာစဉ်းစားဖို့အရေးကြီးတဲ့အချက်တွေကတော့
i) ဘတ်ဂျက် (Budget): အခန်းခအတွက်တစ်လဘယ်လောက်သုံးဖို့မှန်းထားလဲစဉ်းစားရပါမယ်။
ii) Accommodation အမျိုးအစား (Type of Accommodation):
• Shared House/Flat: သူငယ်ချင်းတွေနဲ့အခန်းမျှဝေပြီးနေရတဲ့အခန်းအမျိုးအစားလား။
• Studio: ကိုယ်ပိုင်အိပ်ခန်းနဲ့အတူမီးဖိုချောင်၊ရေချိုးခန်းတွဲပါတဲ့အခန်းအမျိုးအစားလား။
• Ensuite Room: ကိုယ်ပိုင်ရေချိုးခန်းပါပြီးမီးဖိုချောင် Share သုံးရတဲ့အခန်းအမျိုးအစားလား။
• Student Halls: ကျောင်းသားတွေစုပေါင်းနေရတဲ့ Hall ခန်းလိုနေစရာအခန်းအမျိုးအစားလား။
iii) နေရာ (Location):
• ကျောင်း/ အလုပ်နဲ့နီးရဲ့လား?
• ဘတ်စ်ကား/ ရထား Station နဲ့ နီးရဲ့လား?
iv) Facilities: ရေ၊ မီး၊ Wifi စတာတွေအဆင်သင့်ပါပြီးသားစသဖြင့်စဥ်းစားရပါမယ်။
2. အဆောင်ရှာဖို့နည်းလမ်းတွေတော့ကအောက်ပါအတိုင်းဖြစ်ပါတယ်။
i) University Accommodation:
• ကျောင်းအဆောင်မှာနေဖို့အတွက်ကျောင်းရဲ့ Website သို့မဟုတ် Accommodation Office မှတစ်ဆင့်ရှာဖွေနိုင်ပါတယ်။
ii) Student Accomodation:
အောက်မှာဖော်ပြထားတဲ့ Platform တွေက UK မှာ Student Accomodation ရှာဖို့အတွက်အသုံးများပါတယ်။
• Online Platforms:
• Zoopla
iii) Estate Agents:
• မိမိမြို့မှာရှိတဲ့အိမ်ခြံမြေအကျိုးဆောင်မှတစ်ဆင့်လဲနေစရာအခန်းတွေရှာနိုင်ပါတယ်။
3. အကြံပြုချက်များ
1. အခန်းကို Viewing လုပ်ပါ
• ဖြစ်နိုင်လျှင်အခန်းကိုကိုယ်တိုင်တိုက်ရိုက်သွားကြည့်ပြီးစစ်ဆေးပါ။ ကိုယ်တိုင် Viewing လုပ်လို့မရလျှင် Online မှ Viewing လုပ်ပါ။
2. စစ်ဆေးရမယ့်အချက်တွေ
• အခန်းကိုစိတ်တိုင်းကျရဲ့လား?
• ရေမီးစနစ်၊ အပူပေးစနစ် အလုပ်လုပ်ရဲ့လား?
• Environment ကရောသက်တောင့်သက်သာနဲ့ သန့်သန့်ပျံ့ပျံ့ရှိရဲ့လား?
3. သတိထားရမယ့်အချက်တွေ
• Contract:
• စာချုပ်မချုပ်ခင် Agreement တွေသေချာဖတ်ပြီး၊ အရေးကြီးတဲ့အချက်များကိုနားလည်ထားအောင်လုပ်ပါ။
• Minimum stay, Deposit စတာတွေကို သေချာစစ်ဆေးပါ။
4. Utilities:
• ရေ၊ မီး၊ အပူစနစ် စတာတွေ အခန်းခထဲမှာပါမပါသေချာသိအောင်လုပ်ပါ။
5. အရေးပေါ်အခန်းလိုအပ်လာလျှင်
• Airbnb, Booking.com, Hostelworld စတဲ့ Website တွေမှာရှာနိုင်ပြီး၊ စျေးသက်သက်သာသာနဲ့ရေတိုနေထိုင်နိုင်ပါတယ်။


