Google Ad Space

လန်ဒန်ကိုပထမဆုံးလာမယ့်မြန်မာကျောင်းသူကျောင်းသားတွေသိထားသင့်တဲ့လန်ဒန်မြို့ရဲ့ဖွဲ့စည်းပုံအကြောင်း

Published Year: 4/08/2025

By: Karl

Image 0

နိဒါန်း

လန်ဒန်ဟာကမ္ဘာ့စီးပွားရေးမြို့ကြီးတစ်ခုဖြစ်ပြီး၊ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီလိုလန်ဒန်မြို့ကြီးကိုပထမဆုံးလာရောက်မယ်ဆိုရင်လန်ဒန်မြို့ရဲ့ဖွဲ့စည်းပုံကိုအကြမ်းဖျင်းနားလည်ထားခြင်းကအလွန်အရေးကြီးပါတယ်။ Borough တွေ၊ Zone တွေ၊ Inner နဲ့ Outer London စသဖြင့်ကိုယ်ရွေးချယ်မယ့်နေရာတွေကကိုယ့်ရဲ့နေစရိတ်၊ စားစရိတ်၊ သွားလာမှုအဆင်ပြေမှုစတာတွေအပေါ်များစွာသက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့်လန်ဒန်မြို့ရဲ့ဖွဲ့စည်းပုံအကြောင်းကိုရိုးရိုးရှင်းရှင်းနဲ့ အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။

လန်ဒန်မြို့ကိုဘယ်လိုခွဲထားသလဲ?

လန်ဒန်မြို့ကို ၃၂ ခုသော Boroughs (ခရိုင်များနဲ့ City of London ဆိုတဲ့ စီးပွားရေး Zone ငယ်လေးတစ်ခုနဲ့ဖွဲ့စည်းထားပါတယ်။

Inner London (မြို့ဗဟိုပိုင်း)

Inner London ဆိုတာ လန်ဒန်မြို့ရဲ့အလယ်ဗဟိုပိုင်းဖြစ်ပြီးနာမည်ကြီး University တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့၊ အပန်းဖြေဖျော်ဖြေမှုတွေစုစည်းနေတဲ့နေရာဖြစ်ပါတယ်။ မြို့ဗဟိုပိုင်းမှာ Transportation အချိတ်အဆက်ကောင်းကောင်းရှိတာကြောင့်တစ်နေရာမှတစ်နေရာကိုသွားရတာအဆင်ပြေပြီးနေလို့ကောင်းပေမယ့်လည်း Demand များတဲ့နေရာဖြစ်တာကြောင့်အိမ်ဈေးနဲ့အသုံးစရိတ်တွေကတော့ကြီးနိုင်ပါတယ်။

အားသာချက်များ

• UCL, LSE, KCL တို့လိုတက္ကသိုလ်ကြီးတွေကိုသွားလာရလွယ်ကူစေပါတယ်။

• Big Ben, Oxford Street, London Eye စတဲ့ နာမည်ကြီးနေရာတွေအနီးနားမှာရှိပါတယ်။

• စားသောက်ဆိုင်၊ ဖျော်ဖြေရေးနဲ့ Night Life ပျော်စရာနေရာတွေအများကြီးရှိပြီး၊ လူငယ်တွေအတွက်အတော်လေးအဆင်ပြေနိုင်ပါတယ်။

အားနည်းချက်များ

• အိမ်ငှားစျေးနှုန်းကြီးမြင့်နိုင်ပါတယ်။

• တချို့နေရာတွေမှာလူနေထိုင်မှုများတာကြောင့် Busy ဖြစ်ပြီး၊ အသံဆူညံကာစိတ်ရှုပ်နိုင်ပါတယ်။

Inner London ထဲကထင်ရှားတဲ့ Borough များ

• Camden – UCL, SOAS ကျောင်းသားတွေအတွက်အထူးသင့်တော်ပါတယ်။

• Westminster – နိုင်ငံရေးနှင့်သမိုင်းဝင်နေရာများရှိပြီး၊ အခန်းငှားခအလွန်မြင့်ပါတယ်။

• Tower Hamlets – QMUL ကျောင်းနီးပြီး၊ လူမျိုးစုံနေထိုင်ပါတယ်။

• Islington –  Modern area ဖြစ်ပြီးခရီးသွားလာရလွယ်ကူပါတယ်။

Outer London (မြို့အစွန်ဘက်)

Outer London နေရာများကတော့မြို့အစွန်ဘက်နားမှာရှိပြီး၊ တိတ်ဆိတ်အေးချမ်းတဲ့နေရာတွေဖြစ်ပါတယ်။ အများအားဖြင့် Outer London ထဲက shared flat များနဲ့၊ studio များဟာ inner zone ထဲကထက်စျေးသက်သာတဲ့အတွက်ကြောင့်ကျောင်းသားများနေစရိတ်ချွေတာနိုင်ပါတယ်။

အားသာချက်များ

• အခန်းခစျေးသက်သာပြီးအခန်းအကျယ်ကျယ်ရနိုင်ပါတယ်။

• လူနည်းပြီး၊ ဆူညံမှုနည်းတာကြောင့်တိတ်တိတ်ဆိတ်ဆိတ်အေးအေးဆေးဆေးနေနိုင်ပါတယ်။

• ပန်းခြံတွေနဲ့ သဘာဝအလှတွေခံစားနိုင်ပါတယ်။

အားနည်းချက်များ

• မြို့တွင်းကိုသွားလာရန်အချိန်ကြာမြင့်ပါတယ်။

• ဖျော်ဖြေရေး၊ အပျော်အပါး၊ Night Life နဲ့ Shopping ကောင်းကောင်းလုပ်နိုင်တဲ့နေရာနည်းပါးပါတယ်။

• Outer London ရဲ့ထင်ရှားတဲ့ Borough များ

• Newham – Culture Diverse ဖြစ်ပြီး University of East London (UEL) နဲ့နီးပါတယ်။

• Lewisham – Goldsmiths University သွားရတာအဆင်ပြေပါတယ်။

• Greenwich – Riverside နေရာဖြစ်ပြီး University of Greenwich အနီးအနားတည်ရှိပါတယ်။

Bonus: London Transport Zones ဆိုတာဘာလဲ?

လန်ဒန်မြို့ကို Zone 1 မှ Zone 9 အထိ ခွဲထားပါတယ်။ မိမိကဘယ် zone မှာနေလဲဆိုတာအပေါ်မူတည်ပြီး Transportation ခပေးရတဲ့ပမာဏကမတူညီပါဘူး။ Zone များများကိုဖြတ်ကူးပြီးသွားလာလေလေ Transportation ခကလဲမြင့်တက်သွားလေလေဖြစ်မှာဖြစ်ပါတယ်။

 

 

Google Ad Space