Google Ad Space

လေယာဉ်စီးမယ့်အခါသိထားသင့်တဲ့ Baggage Allowance အကြောင်း

Published Year:

By: Karl

Image 0

လေယာဉ်ခရီးစဥ်တစ်ခုစီးရတော့မယ့်အခါသတိထားသင့်တဲ့အရေးကြီးတဲ့အချက်တစ်ခုကတော့ Baggage Allowance ပဲဖြစ်ပါတယ်။ မိမိစီးမယ့်လေကြောင်းလိုင်းပေါ်မူတည်ပြီးလေယာဥ်ပေါ်သယ်ဆောင်ခွင့်ရှိတဲ့အိတ်အရေအတွက်၊ အလေးချိန်၊ အရွယ်အစားနဲ့ သယ်ဆောင်နိုင်တဲ့ပစ္စည်းအမျိုးအစား၊ စည်းကမ်းချက်များစသဖြင့်ကွာခြားမှုရှိပါတယ်။ ဒီလိုမိမိစီးမယ့်လေကြောင်းလိုင်းရဲ့ Baggage Allowance နဲ့စည်းကမ်းချက်တွေကိုမသိရှိထားဘူးဆိုရင်တော့မလိုအပ်ပဲအပိုအခကြေးငွေတွေပေးရတတ်ပြီး၊ လေယာဥ်စီးရမယ့် Process ကိုလဲကြန့်ကြာနှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့်ဒီဆောင်းပါးမှာလေယာဉ်စီးတဲ့အခါသိထားသင့်တဲ့ Baggage Allowance အကြောင်းကိုရှင်းပြသွားမှာပဲဖြစ်ပါတယ်။

Baggage Allowance ဆိုတာဘာလဲ?

Baggage Allowance ဆိုတာခရီးသယ်တစ်ဦးအတွက်ခွင့်ပြုပေးထားတဲ့လေယာဥ်ပေါ်သယ်ဆောင်နိုင်တဲ့အိတ်အလုံးအရေအတွက်၊ အရွယ်အစားနဲ့အလေးချိန်သတ်မှတ်ချက်ကိုရည်ညွန်းတာဖြစ်ပါတယ်။ အများအားဖြင့်လေယာဥ်ပေါ်သယ်ဆောင်နိုင်တဲ့အိတ်ကိုနှစ်မျိုးခွဲထားပါတယ်။

1. Checked Baggageလေယာဉ်ဝမ်းဗိုက်ထဲတွင်းသယ်ဆောင်သွားမယ့်အိတ်

Image 2

2. Carry-On / Hand Carryခရီးသည်တစ်ဦးနဲ့အတူလေယာဉ်အတွင်းသယ်ဆောင်သွားနိုင်တဲ့အိတ်

Image 4

Checked Baggage (လေယာဥ်ဝမ်းဗိုက်တွင်းသယ်ဆောင်သွားမည့်အိတ်)

ပုံမှန်သယ်ဆောင်ခွင့် - ၁၀ မှ ၃၀ ကီလိုဂရမ်အထိသယ်ဆောင်နိုင်ပါတယ် (မိမိစီးမယ့်လေကြောင်းလိုင်းအလိုက်ကွဲပြားမှုရှိပါတယ်)

သယ်ဆောင်ပုံ - လေယာဥ်စီးဖို့ Check-in ဝင်တဲ့အခါ Checked Baggage အနေနဲ့ Check-in Counter မှာထားခဲ့ရပါပြီး၊ လေယာဥ်ဆင်းသက်တဲ့အခါပြန်လည်ရယူနိုင်ပါတယ်။ လေယာဉ်ဝမ်းဗိုက်ထဲမှာသယ်ဆောင်သွားမှာဖြစ်တဲ့အတွက်ခရီးစဉ်အတွင်းမသုံးနိုင်ပါ။

ထည့်သွားနိုင်သောပစ္စည်းများအဝတ်အစား၊ ဖိနပ်၊ စာအုပ်၊ သေချာစွာထုပ်ပိုးထားသောအစားအစာစသဖြင့်

မထည့်သွားသင့်သောပစ္စည်းများ ငွေကြေးနှင့်တန်ဖိုးကြီးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ (Laptop, ဖုန်း၊ ဘက်ထရီများ)၊ မီးခြစ်စသဖြင့်ပေါက်ကွဲနိုင်သောပစ္စည်းများ

Hand Carry / Cabin Baggage (လေယာဥ်ပေါ်သယ်ဆောင်သွားနိုင်သောလက်ဆောင်အိတ်)

ပုံမှန်သယ်ဆောင်ခွင့် - ၇ မှ ၁၀ ကီလိုဂရမ်ခန့်

အရွယ်အစား - အများအားဖြင့် 55cm × 40cm × 20cm အတွင်းရှိသောလက်ဆောင်အိတ်

သယ်ဆောင်ပုံ - လေယာဉ်ထိုင်ခုံအပေါ်ကအိတ်ထည့်ခန်း (Overhead bin) သို့မဟုတ်မိမိရဲ့ထိုင်ခုံအောက်မှာထားနိုင်ပါတယ်။

ထည့်သွားနိုင်သောပစ္စည်းများ

• Passport, ငွေကြေးနှင့်တန်ဖိုးကြီးပစ္စည်းများ

• Laptop, ဖုန်း, Charger

အရေးကြီးစာရွက်စာတမ်းများ

အရည်ပစ္စည်းများ (100ml အောက်သာသယ်ဆောင်ခွင့်ရှိပါမယ်)

ဆေးဝါးများ

မထည့်သွားသင့်သောပစ္စည်းများ 

ဓားနှင့်အချွန်အတက်ပါသောပစ္စည်းများ

• 100ml ထက်ကျော်သောအရည်ပစ္စည်းများ (အချိုရည်၊ ရေမွေးစသဖြင့်)

မီးလောင်နိုင်သောပစ္စည်းများ

Connect Myanmar မှအကြံပြုချက်

လေယာဥ်ခရီးမစတင်ခင်မိမိစီးရမယ့်လေကြောင်းလိုင်းရဲ့ Baggage Allowance စည်းမျဉ်းတွေကိုသေချာစစ်ဆေးပါ

အိတ်အလေးချိန်ကိုကြိုတင်တိုင်းတာထားပြီး၊ သတ်မှတ်ချက်ထက်ကျော်လွန်မှုရှိမရှိစစ်ဆေးပါ

ဖုန်းပါဝါဘဏ်၊ ငွေကြေးနှင့်တန်ဖိုးကြီးပစ္စည်းများ၊ Laptop  စသဖြင့် Battery ပါဝင်သည့်လျှပ်စစ်ပစ္စည်းများကို Hand Carry လက်ဆောင်အိတ်ထဲသာအမြဲသယ်ဆောင်ပါ

အိတ်တွေမှာမိမိရဲ့နာမည်နဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုတွဲထားပေးပါ

 

Google Ad Space

Google Ad Space