နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ ဘယ်ကစပြင်ဆင်ရမလဲ? (ဖတ်ရှုချိန် ၁၀ မိနစ်)
Published Year: 12/07/2024
By: Karl

နိဒါန်း
နိုင်ငံခြားထွက်ပြီးကျောင်းသွားတက်ဖို့ဆိုတာဟာလူငယ်အတော်များများမှာရှိတဲ့အိပ်မက်တစ်ခုလို့ပြောရင်မှားနိုင်မယ်မထင်ပါဘူး။ Oversea ထွက်ပြီးကျောင်းသွားတက်ရတာဟာလဲအရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းပြီး၊ အတွေ့အကြုံအသစ်တွေ၊ အခွင့်အရေးအသစ်တွေအများကြီးရရှိစေနိုင်တဲ့ခရီးလေးတစ်ခုလို့ဆိုရင်လဲမှားနိုင်မယ်မထင်ပါဘူး။
ဒါပေမယ့်ဒီလိုကိုယ့်မှာရှိနေတဲ့နိုင်ငံခြားမှာကျောင်းသွားတက်တဲ့အိပ်မက်လေးအကောင်အထည်ပေါ်လာပြီး၊ခရီးစဉ်တစ်ခုလုံးကောင်းကောင်းမွန်မွန်၊လျှောလျှောလျှူလျှူ၊ အဆင်ပြေပြေဖြစ်နိုင်ဖို့ဆိုရင်တော့ဘယ်ကျောင်းမှာတက်မယ်၊ Budget ဘယ်လောက်သုံးမယ်၊ ကျောင်းပြီးရင်ဘာလုပ်မယ်စသဖြင့်အသေးစိတ်သေချာပြင်ဆင်ထားဖို့တော့အလွန်အရေးကြီးပါတယ်။
ဒီလိုပြင်ဆင်တဲ့အချိန်မှာနိုင်ငံခြားထွက်တဲ့ Process ကိုမသိထားဘူးဆိုရင်တော့ဘယ်ကစပြင်ဆင်ရမလဲလမ်းစပျောက်ကောင်းပျောက်နေနိုင်ပြီး Overwhelming ဖြစ်နေနိုင်ပါတယ်။
ဒါကြောင့်ဒီ Content လေးမှာနိုင်ငံခြားထွက်ဖို့အသေးစိတ်ပြင်ဆင်မှုပြုလုပ်တဲ့အခါအထောက်အကူဖြစ်အောင်နိုင်ငံခြားထွက်တဲ့ General Process လေးကိုအကျဥ်းချုပ်ပြီးပြောပြသွားမှာပဲဖြစ်ပါတယ်။
1.Self-Reflection လုပ်ခြင်းနှင့် Goals တွေချမှတ်ခြင်း
နိုင်ငံခြားမထွက်ခင်ပထမဆုံးလုပ်ဆောင်ရမယ့်အရေးအကြီးဆုံးအရာတစ်ခုကတော့မိမိကိုယ်ကို Reflect လုပ်ခြင်းနဲ့၊ Goals တွေချမှတ်ခြင်းပဲဖြစ်ပါတယ်။
နိုင်ငံခြားမှာကျောင်းသွားတက်တဲ့ခရီးစဥ်ဟာကိုယ့်ရဲ့ပညာရေး၊ Personal Life နဲ့ Professional Life တွေအပေါ်အများကြီး Impact ရှိပြီး၊ ကိုယ်ရဲ့ဘဝလမ်းကြောင်းဦးတည်ရာကိုလဲလွှမ်းမိုးမှုအများကြီးရှိနိုင်ပါတယ်။ ဒါကြောင့်ကျောင်းသွားတက်ဖို့နိုင်ငံတစ်ခုခုကိုခြေစုံပစ်မဝင်ခင်၊ ဘာသာရပ်တစ်ခုခုကိုမရွေးချယ်ခင်မှာကိုယ်ရဲ့နိုင်ငံခြားသွားချင်ရတဲ့ Main Reason နဲ့ ကိုယ်ရဲ့ Personal Goals, Academic Goals, Career Goals တွေကိုသေသေချာချာရှင်းရှင်းလင်းလင်းသိအောင်အရင်ကြိုးစားထားသင့်ပါတယ်။
Personal Goal
ကိုယ်ကနိုင်ငံခြားထွက်ပြီးဟိုမှာအခြေချမှာလား၊ ဒါမှမဟုတ်ပညာသင်၊အတွေ့အကြုံယူ၊ အရင်းအနှီးစုပြီးကိုယ့်နိုင်ငံကိုပြန်လာပြီးကိုယ်ပိုင်စီးပွါးရေးပဲလုပ်မှာလားစသဖြင့်ကိုယ့်ရဲ့ Personal Goal ကဘာလဲဆိုတာကြိုတင်စဥ်းစားထားသင့်ပါတယ်။
Academic Goal
ကိုယ်ကဘယ်လိုဘာသာရပ်ကိုလေ့လာချင်တာလဲ? ဘယ် Degree ထိရောက်အောင်တက်လှမ်းချင်တာလဲ? Master ထိတက်မှာလား? PHD ထိတက်မှာလား? စသဖြင့် ကိုယ့်ရဲ့ Academic Goal ကဘာလဲဆိုတာသိရှိအောင်ကြိုးစားထားသင့်ပါတယ်။
Career Goal
ဘွဲ့ရပြီးရင်ကိုယ်က Corporation အကြီးကြီးတွေမှာလုပ်ချင်တာလား၊ ဒါမှမဟုတ် Start-up Business နဲ့ SME Business လေးတွေမှာလုပ်ချင်တာလား၊ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွါးရေးနဲ့ စွန့်ဦးတီထွင်သူလုပ်ချင်တာလားစသဖြင့် Career Goal တွေကိုကြိုတင်ပြီးတော့ စဉ်းစားထားသင့်ပါတယ်။
ဒီလိုကြိုတင်စဥ်းစားထားမှသာကိုယ်ရဲ့ Goals တွေနဲ့ကိုက်ညီတဲ့နိုင်ငံနဲ့သင်ကြားရမယ့်ဘာသာရပ်ကိုကောင်းကောင်းမွန်မွန်နဲ့အံ့ဝင်ခွင်ကျရွေးချယ်ပြီးပြင်ဆင်မှုပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
2. ငွေကြေးဆိုင်ရာပြင်ဆင်ခြင်းနှင့် Budget ချိန်ခြင်း
နိုင်ငံခြားမှာကျောင်းသွားတက်တာကကိုယ့်ရဲ့ Personal Development ကိုအများကြီးမြင့်တင်ပေးနိုင်ပြီး၊ Independence ဖြစ်လာအောင်အများကြီးအထောက်အကူပြုပေးနိုင်ပေမယ့်လဲအကုန်အကျများတဲ့ရင်းနှီးမှုတစ်ခုဖြစ်တယ်ဆိုတာတော့နားလည်ထားဖို့လိုအပ်ပါမယ်။
ဒါကြောင့်ကိုယ်ကကြုံတွေ့လာရမယ့်ကုန်ကျစရိတ်တွေ (ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်၊ အထွေထွေကုန်ကျစရိတ်) စတာတွေကိုဘယ်လိုဖြေရှင်းမလဲ၊ Budget ဘယ်လောက်သုံးနိုင်မလဲစသဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲကြိုတင်
စဉ်းစားထားဖို့လိုပါမယ်။ အဓိကကုန်ကျစရိတ်တစ်ခုဖြစ်တဲ့ကျောင်းစရိတ်ကိုတော့အလေးထားပြီးဘယ်လိုပေးမလဲဆိုတာစဥ်းစားရှိထားဖို့အရေးကြီးပါတယ်။ အိမ်ကထောက်ပံ့ပေးမှာလား၊ Scholarship ရအောင်ယူပြီးပဲသွားမှာလားစသဖြင့်ငွေကြေးအရင်းအနှီးဘယ်ကရမလဲဆိုတာကြိုတင်စဉ်းစားထားရမှာဖြစ်ပါတယ်။ ဒါ့အပြင်ကို နေစရိတ်၊ စားစရိတ်နဲ့ အထွေထွေကုန်ကျစရိတ်ကိုရော အိမ်ကထောက်ပံ့မှာလား၊ ဒါမှဟုတ် နိုင်ငံခြားမှာပဲအချိန်ပိုင်းအလုပ်လုပ်ပြီးကိုယ့်စရိတ်ကို ကိုယ်တိုင်ဖြေရှင်းနိုင်မလားစသဖြင့်ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
ဒီလိုကြိုတင်ပြင်ဆင်ထားမှသာတကယ်ကျောင်းသွားတက်တဲ့အချိန်မှာငွေကြေးကြောင့် Stress ဖြစ်ရခြင်းမှကင်းဝေးစေနိုင်ပြီး၊ ကိုယ့်ရဲ့နိုင်ငံခြားမှာကျောင်းသွားတက်တဲ့ Experience ကိုအကောင်းဆုံးရယူနိုင်မှာပဲဖြစ်ပါတယ်။
3. Research လုပ်ခြင်းနှင့် Planning လုပ်ခြင်း
ဒီလိုကိုယ်ရဲ့ Goals တွေချမှတ်ပြီးသွားပြီး၊ ငွေကြေးဆိုင်ရာပြင်ဆင်မှုတွေလဲပြုလုပ်ပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့ Goals, Budget ကိုက်ညီအောင်ဘယ်နိုင်ငံကိုထွက်ရမလဲ၊ ဘယ်ကျောင်းမှာနေရမလဲစသဖြင့် Research လုပ်ပြီး Plan ရေးဆွဲရပါတော့မယ်။
ကိုယ်ရဲ့ Goal ကနိုင်ငံခြားမှာအခြေချမယ်လို့စိတ်ကူးထားရင်တော့ Permanent Resident လျှောက်ရတာလွယ်ကူတဲ့နိုင်ငံမျိုးကို Research လုပ်ပြီးရွေးချယ်သင့်ပါတယ်။
ဒါ့အပြင် ကိုယ့်ရဲ့ Budget နဲ့ Academic Goal ပေါ်မူတည်ပြီးမှလဲကိုယ်နဲ့ကိုက်ညီမယ့်ကျောင်းမျိုးကိုရွေးချယ်ရှာဖွေသင့်ပါတယ်။ စျေးကြီးပြီး Ranking မြင့်တဲ့ကျောင်းမျိုးကိုသွားမလား။ ဒါမှမဟုတ်စျေးသက်သာပြီး Ranking အလယ်အလတ်ရှိတဲ့ကျောင်းကိုပဲသွားမလား။ အဲ့ကျောင်းတွေမှာရော ကိုယ်သင်ကြားချင်တဲ့ဘာသာရပ်ရှိသလား? ပြီးတော့ကျောင်းကိုဝင်နိုင်ဖို့ဘာတွေလိုအပ်မလဲ? စသဖြင့်သေသေချာချာ Research လုပ်သင့်ပါတယ်။
နောက်ဆုံးမှာတော့ကိုယ့်ရဲ့ Career Goal က နိုင်ငံခြားက Corporation ကြီးတွေမှာ ဝင်နိုင်ဖို့၊ တစ်ဖက်နိုင်ငံမှာအခြေချဖို့စဉ်းစားထားရင်တော့ အဲ့နိုင်ငံက Demand များပြီးကိုယ့်ရဲ့ Goal နဲ့လဲကိုက်ညီတဲ့ ဘာသာရပ်၊ နေရာဒေသကို ရွေးချယ်နိုင်အောင် Research လုပ်သင့်ပါတယ်။
4. လိုအပ်သော Requirements တွေအတွက်ပြင်ဆင်ခြင်း
ဒီလို Research and Planning လုပ်ပြီး၊ ကိုယ်နဲ့ကိုက်ညီမယ့်နိုင်ငံ၊ ဘာသာရပ်၊ ကျောင်းနဲ့ ကျောင်းရဲ့ Requirement တွေကိုသိရှိသွားပြီဆိုရင်တော့လိုအပ်တဲ့ကျောင်းရဲ့ Requirements တွေအတွက်ပြင်ဆင်မှုစတင်ရတော့မှာပဲဖြစ်ပါတယ်။ (ကိုယ်ရွေးချယ်ထားတဲ့နိုင်ငံနဲ့ကျောင်းပေါ်မူတည်ပြီးမှကိုယ်ပြင်ဆင်ရမယ့် Education certificate တွေကလဲကွဲပြားမှုရှိနိုင်ပါတယ်။ ဥပမာ UK ကတက္ကသိုလ်တွေလျှောက်ဖို့ဆိုရင် များသောအားဖြင့် A Level Certificate, IELTS Certificate တွေရှိထားဖို့လိုအပ်ပါတယ်။)
အကယ်၍ကိုယ့်မှာ ကျောင်းကတောင်းတဲ့ Education Certificate တွေမရှိဘူးဆိုရင် ဒီအရာအတွက်ပြင်ဆင်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ဥပမာ ကိုယ်တက်ချင်တဲ့ကျောင်းက Foundation ကိုတက်လိုက်တာ၊ ကိုယ်တက်ချင်တဲ့ကျောင်းနဲ့ချိတ်ဆက်ထားတဲ့ကိုယ့်နိုင်ငံထဲက Foundation သို့မဟုတ် ပထမနှစ်၊ ဒုတိယနှစ်တို့ကိုတက်ရောက်ပြီး Certificate ယူလိုက်တာ။ ဒါမှမဟုတ်စျေးသက်သာတဲ့ University of the People တို့လိုကျောင်းမျိုးက Certificate ယူပြီး Credit Transfer လုပ်တာစသဖြင့်ကျောင်းကတောင်းတဲ့ Requirments တွေပြည့်စုံအောင် ပြင်ဆင်လို့ရပါတယ်။ (ဒီအကြောင်းလေးကိုတော့နောက်လာမယ့် Content အသစ်တွေမှာအသေးစိတ်ရှင်းပြသွားပါမယ်)။
5. ကျောင်းလျှောက်ခြင်း
ဒီလိုကျောင်းအတွက်လိုအပ်တာတွေပြင်ဆင်ပြီးပြီဆိုရင်တော့ ပြင်ဆင်ထားတဲ့ Documents တွေအားလုံး (ဥပမာ IELTS Certificate, Foundation or A level Certificates, CV, Personal Statement) ကိုတစ်စုတစ်စည်းတည်းထားရှိပြီးကျောင်းလျှောက်တဲ့လုပ်ငန်းကိုစရမှာပဲဖြစ်ပါတယ်။
ကျောင်းလျှောက်တဲ့အခါသတိထားရမယ့်အရာတစ်ခုက ကျောင်းတွေမှာ Application Deadline ရှိတတ်ပြီး Intake ရဲ့ Deadline အမှီလျှောက်ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းလျှောက်တဲ့အခါ များသောအားဖြင့် Application Fee ပေးရတတ်တာလဲသတိပြုဖို့လိုအပ်ပါတယ်။
ကျောင်းလျှောက်တဲ့ Process ကိုတော့ကိုယ်တိုင်သက်ဆိုင်ရာကျောင်းရဲ့ Website ထဲဝင်ပြီး လျှောက်လို့ရသလို၊ ကျောင်းလျှောက်ပေးတဲ့ Agent တွေလဲအများကြီးရှိပါတယ်။ Agent နဲ့လျှောက်မယ်ဆိုရင်တော့ Reputation ကောင်းပြီး ကိုယ့်အတွက် Responsibility အပြည့်ယူပေးနိုင်မယ့် Agent မျိုးရွေးချယ်ရှာဖွေဖို့တော့အရေးကြီးပါတယ်။
ဒီလို ကျောင်းကို Application Submit လုပ်ပြီးလို့ Decision ကျလာပြီး ကျောင်းရဲ့ Acceptance Letter ရရင်တော့ Visa လျှောက်ဖို့ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။
6. Visa လျှောက်ခြင်း
Visa လျှောက်တဲ့ Process မစခင်မှာနိုင်ငံပေါ်မူတည်ပြီး Visa လျှောက်ဖို့ဘယ်လိုစာရွက်စာတမ်းတွေလိုအပ်မလဲဆိုတာကို Researh လုပ်ထားသင့်ပြီးသေသေချာချာဂရုတစိုက်ပြင်ဆင်ထားဖို့အရေးကြီးပါတယ်။
ပုံမှန်အကြမ်းဖျင်းလိုအပ်လေ့ရှိတဲ့စာရွက်စာတမ်းတွေကတော့ Valid ဖြစ်တဲ့ Passport၊ ကျောင်းရဲ့ Acceptance Letter နဲ့ အခြားသော Educational Certificate တွေ၊ ကျောင်းစရိတ်နေစရိတ်အတွက် ပိုက်ဆံအလုံအလောက်ရှိကြောင်းပြသနိုင်တဲ့ Bank Statement၊ Bank Certificate စတဲ့အထောက်အထားတွေ၊ မိမိကိုမိဘများကငွေကြေးထောက်ပံ့ပေးကြောင်းအထောက်အထားပြသနိုင်တဲ့ Sponsor Consent Letter၊အိမ်ထောင်စုစာရင်း English ဘာသာပြန်၊ မွေးစာရင်း English ဘာသာပြန်၊ မှတ်ပုံတင် English ဘာသာပြန်စတာတွေပဲဖြစ်ပါတယ်။ (လိုအပ်တဲ့ Documents တွေကတော့ ကိုယ်သွားမယ့်နိုင်ငံပေါ်လိုက်ပြီးမတူညီနိုင်တာကိုတော့သတိပြုမိစေချင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်သွားလိုတဲ့နိုင်ငံကအစိုးရ Website ထဲဝင်ရောက်စစ်ဆေးကြည့်တာပဲဖြစ်ပါတယ်)။
ဒီလိုလိုအပ်တာတွေပြင်ဆင်ပြီးသွားရင် Government Website ထဲမှာကိုယ်တိုင်ဖြစ်စေ၊ Agency ရဲ့အကူအညီနဲ့ဖြစ်စေ Application Form တင်ပြီး Visa လျှောက်ရပါမယ်။
7. Accommodation and Travel Arrangements လုပ်ခြင်း
Decision ကျပြီး Visa ရလာပြီဆိုရင်တော့ တစ်ဖက်နိုင်ငံမှာနေဖို့အိမ် (သို့မဟုတ်) အဆောင်ရှာရပါမယ်။ ဒီလိုအဆောင်ရှာတဲ့ အခါယုံကြည်ရတဲ့ Website တွေကနေလျှောက်ထားသင့်ပြီး၊ လူလိမ်များရှိတာကိုလဲသတိပြုမိစေချင်ပါတယ်။
ပြီးရင်တော့ နိုင်ငံခြားထွက်ဖို့အတွက်ခရီးစဉ်စီစဉ်ရပါမယ်။ လေယာဉ်လက်မှတ်ဝယ်တာ၊ ဟိုရောက်ရင်ကိုယ့်ကိုလေယာဥ်ကွင်းမှာလာကြိုဖို့ Taxi ကိုကြိုတင် Booking လုပ်ထားတာ စသဖြင့်ပြင်ဆင်ထားသင့်ပါတယ်။
Bonus Tip
ဒီလိုအကုန်ပြင်ဆင်ပြီးနောက်ဆုံးမှာတော့ကိုယ်သွားမယ့်နိုင်ငံနဲ့ ပိုပြီးရင်းနှီးသွားအောင် ဟိုကသတင်းတွေကြည့်တာ၊ ကိုယ်နေရမယ့်နေရာဒေသကနေရာတွေ (ဥပမာ စျေးဆိုင်တို့၊ ဆေးဆိုင်တို့) စသဖြင့်သိရှိအောင်လေ့လာထားသင့်ပါတယ်။ ဒ့ါအပြင်ကို ဟိုရောက်ရင်သုံးဖို့ E-Sim Card ကြိုဝယ်ထားတာ သို့မဟုတ်ဝယ်လို့ရမယ့် နေရာကိုကြိုရှာထားသင့်ပါတယ်။
ဒါ့အပြင်ကို နိုင်ငံခြားမထွက်ခင် ကျောင်းဘက်ကများသောအားဖြင့် International Students တွေအတွက် Online Orientation လုပ်ပေးတတ်ပါတယ်။ ဒီလို Orientation လုပ်ပေးခဲ့ရင်တော့ရတဲ့အခွင့်အရေးလေးအတွင်းမှာ သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဖွဲ့လိုက်တာ၊ ကျောင်းနဲ့ပတ်သက်ပြီး ဘာ Service တွေရှိသလဲ၊ ဘာတွေ Expect လုပ်လို့ရလဲစသဖြင့် ကိုယ်သိချင်တာတွေအကုန်မေးလိုက်တာစသဖြင့်ရရှိတဲ့အခွင့်အရေးကိုကောင်းကောင်းအသုံးချသင့်ပါတယ်။
နောက်ဆုံးမှာတော့ကိုယ့်မိသားစုဝင်တွေ၊ ချစ်ရတဲ့သူတွေ၊ ခင်ရတဲ့သူတွေ့ နဲ့ခွဲခွါပြီးနိုင်ငံရပ်ခြားကိုသွားရတာဖြစ်တဲ့အတွက်ကြောင့်စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလဲခိုင်မာနေအောင်ကြိုတင်ပြီးပြင်ဆင်ထားဖို့လဲအရေးကြီးပါတယ်။
နိဂုံး
အကုန်လုံးကိုပြန်ချုပ်ရရင်တော့ ဒီ Post လေးမှာနိုင်ငံခြားထွက်ဖို့အကြမ်းဖျင်းဖြင့်လုပ်ဆောင်ရမယ့်အဆင့် ၇ ဆင့်ကိုပြောပြခဲ့ပါတယ်။ ဒီလိုဖော်ပြခဲ့တဲ့အဆင့် ၇ ခုကိုသိရှိသွားပြီဆိုရင်တော့နိုင်ငံခြားထွက်ဖို့ဘယ်ကစပြင်ဆင်ရမလဲဆိုတာအကြမ်းဖျင်းသဘောပေါက်သွားနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ အသေးစိတ်သေချာပြင်ဆင်မှုပြုလုပ်ထားမယ်ဆိုရင်တော့ကိုယ်ရဲ့နိုင်ငံခြားမှာပညာသွားသင်တဲ့ခရီးစဥ်လေးဟ ပိုက်ဆံကုန်ရကြိုးနပ်ပြီး၊ လျှောလျှောလျှူလျှူနဲ့အဆင်ပြေပြေ၊ ပျော်စရာလဲကောင်း၊ စိတ်လှုပ်ရှားစရာလဲကောင်းတဲ့ခရီးလေးတစ်ခုဖြစ်နိုင်မှာအသေအချာပဲဖြစ်ပါတယ်။
အကယ်၍ဒီစာလေးကိုဖတ်ပြီးတစ်စုံတစ်ရာအကျိုးရှိသွားတယ်ဆိုရင်တော့ဒီ Content လေးရေးရကျိုးနပ်ပါပြီ။ ဒီလိုမျိုးပညာရပ်ဆိုင်ရာ Knowledge Sharing Content လေးတွေကိုအမြဲတင်ပေးသွားမှာဖြစ်လို့မကြာခဏလာရောက်ဖတ်ရှုဖို့ဖိတ်ခေါ်အပ်ပါတယ်။ နောက်တစ်ခေါက်ဒီထက်ပိုကောင်းတဲ့ Content တွေနဲ့ပြန်လာခဲ့ပါမယ်။