
နိဒါန်း
လန်ဒန်ဟာ UK မှာလူဦးရေအများဆုံးဖြစ်သလို၊ စီးပွားရေး၊ နည်းပညာ၊ ဖန်တီးမှုနဲ့ ယဉ်ကျေးမှုအရလည်းအချက်အချာအကျဆုံးမြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ လန်ဒန်မြို့ကြီးဟာအလွန် Diverse ဖြစ်ပြီး၊ unique ဖြစ်တဲ့ identity, character နဲ့ atmosphere တွေရှိကြတဲ့ Boroughs ၃၂ ခုနဲ့ဖွဲ့စည်းထားပါတယ်။ Boroughs ၃၂ ခုလုံးမှာသက်ဆိုင်ရာအားသာချက်တွေ၊ ကောင်းတဲ့အချက်တွေရှိကြသလို၊ချွတ်ယွင်းလေးတွေလဲရှိကြပါတယ်။
တချို့ Borough တွေဟာတခြားသော Borough တွေနဲ့နှိုင်းယှဥ်ရင်နေထိုင်ရတာပိုမိုအဆင်ပြေပြီး၊ Transportation နဲ့အစိုးရဝန်ဆောင်မှုတွေလဲကောင်းကောင်းရှိတတ်သလို၊ တချို့ Boroughတွေမှာတော့အလုပ်လက်မဲ့နှုန်းမြင့်မားပြီး၊ ရာဇဝတ်မှုနှုန်း (crime rate) ပိုမိုမြင့်မားနေတာမျိုးတွေ့ရတတ်ပါတယ်။ ဒါကြောင့်လန်ဒန်မှာနေဖို့နေရာရွေးချယ်တဲ့အခါ Transportation ကောင်းမွန်မှု၊ စျေးနှုန်းသက်သာမှုစတဲ့အချက်တွေကိုသာမကြည့်သင့်ပဲမိမိနေမယ့် Borough ရဲ့ crime rate မြင့်မမြင့်ကိုလဲထည့်သွင်းစဥ်းစားဖို့အလွန်ကြီးပါတယ်။
ဘာကြောင့် Crime Rate ကိုကြည့်ဖို့အရေးကြီးတာလဲ?
1. မိမိနဲ့ မိမိရဲ့မိသားစု Safety အတွက်
Crime Rate မြင့်မှုမမြင့်မှုဟာမိမိနေ့စဉ်ဘဝလုံခြုံရေးအပေါ်တိုက်ရိုက်
သက်ရောက်မှုစေပါတယ်။ Crime Rate နည်းတဲ့နေရာကိုရွေးချယ်ပါကခိုးယူမှု၊ အိမ်ထဲဖောက်တွင်းဝင်ရောက်မှု၊ လုရက်မှုနဲ့အကြမ်းဖက်တွေကို ကြုံတွေ့ရခြေနည်းပါစေနိုင်ပြီး၊ စိတ်အေးအေးနဲ့သွားလာနေထိုင်နိုင်စေပါတယ်။အထူးသဖြင့် –
2. Quality of Life အတွက်
Crime Rate မြင့်တဲ့နေရာတွေမှာ –
Crime rate နည်းတဲ့နေရာတွေမှာတော့ –
Crime Rate ကို ဘယ်လိုစစ်ဆေးမလဲ?
လန်ဒန်မြို့က crime rate တွေကိုအောက်ပါ Link တွေထဲဝင်ရောက်ပြီး၊ မိမိနေထိုင်မယ့် Borough နာမည် (သို့) Postcode ထည့်ပြီးစစ်ဆေးနိုင်ပါတယ်။
Crime Rate မြင့်မားတဲ့ Borough များ
သတိပြုရန် - Borough တစ်ခုမှာ Crime rate မြင့်မားတယ်ဆိုခြင်းက Borough ထဲကနေရာတိုင်းအန္တရာယ်များတယ်လို့မယူဆသင့်ပါ။ Boroughဆိုတာကျယ်ပြန့်ပြီး Ward လေးတွေနဲ့ပြန်ခွဲထားပြီး၊ တချို့နေရာတွေကညဘက်လူပြတ်ပြီး၊ အသွားအလာနည်းပါးတာကြောင့် Crime rate မြင့်တက်နိုင်ပါတယ်။ သို့ပေမယ့်လဲအနီးအနားအိမ်ယာဇုန်တွေကတော့တိတ်ဆိတ်ပြီးလုံခြုံတဲ့နေရာတွေလဲဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် Borough တစ်ခုလုံးရဲ့ Crime rate တစ်ခုတည်းကြည့်ပြီးမဆုံးဖြတ်သင့်ပဲ၊ ကိုယ်နေမယ့် Post code နဲ့ပတ်ဝန်းကျင်ရဲ့ Crime rate နဲ့ Crime အမျိုးအစားကိုလေ့လာခြင်းဖြင့်နေစရာရှာရန်ချဉ်းကပ်သင့်ပါတယ်။
နိဂုံးချုပ်
လန်ဒန်မှာနေဖို့နေရာရွေးချယ်တဲ့အခါမှာ Grocery Store နဲ့ ဘယ်လောက်နီးတယ်၊ underground ဘယ်လောက်နီးတယ်စတဲ့အချက်တွေကိုကြည့်ရုံသာမကပဲဒီနေရာကဘယ်လောက် Safe ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးစတဲ့မိမိရဲ့လုံခြုံရေးအတွက်လဲထည့်သွင်းစဉ်းစားသင့်ဖို့လိုအပ်ပါတယ်။

Arrival Card ဆိုတာဘာလဲ?
လူတော်တော်များများမသိသေးတဲ့အရာတစ်ခုကတော့ထိုင်းနိုင်ငံသို့လေဆိပ်ကတဆင့်ဝင်ရောက်ချင်တယ်ဆိုရင် Arrival Card (TM.6 Form) တစ်ခုကိုဖြည့်သွင်းဖို့လိုအပ်တာပဲဖြစ်ပါတယ်။
Arrival Card ဆိုတာကတော့ထိုင်းနိုင်ငံကိုလေကြောင်းကနေဝင်လာမယ့်ခရီးသည်တွေဖြည့်သွင်းရတဲ့ Form တစ်ခုဖြစ်ပြီး၊ ခရီးသည်ရဲ့နာမည်၊ လိပ်စာ၊ ပတ်စ်ပို့နံပါတ်၊ ခရီးစဉ်အချက်အလက်စတာတွေကိုဖြည့်သွင်းပေးဖို့လိုအပ်ပါတယ်။
Arrival Card ဘာကြောင့်ဖြည့်သွင်းရသလဲဆိုရင်တော့ထိုင်းအစိုးရမှပြည်ပခရီးသည်တွေရဲ့ ID နဲ့ Persoanl Information တွေကိုထိုင်းနိုင်ငံ Immigration System ထဲထည့်သွင်းဖို့ရန်ဖြစ်ပြီး၊ ခရီးသည်များဟာဘယ်နေရာကဘယ်နေ့ရောက်လာသလဲ၊ ဘယ်နေရာမှာနေမလဲစတဲ့အချက်အလက်တွေကို Track လုပ်နိုင်ဖို့ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် Arrival Card ကိုလေဆိပ်မှာဘဲဖြည့်ကြတာဖြစ်ပေမယ့်ယခုအခါမှာလေဆိပ်မရောက်ခင်မြန်မာနိုင်ငံမှာကတည်းက Online နဲ့ကြိုတင်ဖြည့်နိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် Immigration မှာအချိန်အများကြီးမကုန်စေဖို့အတွက်ထိုင်းနိုင်ငံအတွင်းသို့မဝင်ခင်ကြိုတင် Online ကနေ Form ဖြည့်သွင်းထားသင့်ပါတယ်။
Arrival Card ဘယ်လိုဖြည့်ရမလဲ?
1. Arrival Card ဖြည့်သွင်းရန်ဝင်ရောက်ရမည့် Website
https://tdac.immigration.go.th/arrival-card/#/home (official e-arrival card website)
2. ဖြည့်သွင်းရမည့်အချက်အလက်များ
• အမည် (Name)
• နံပါတ် (Passport Number)
• ထိုင်းနိုင်ငံတွင်နေထိုင်မည့်လိပ်စာ (Hotel or Residence in Thailand)
• Flight Number, Arrival Date, Departure Date
3. လေဆိပ် Immigration Counter မှာ ပြသနိုင်အောင် QR Code Download လုပ်ပြီး Save ထားပါ။
📌 သတိပြုရန်
• အတုအယောင် Website များသို့မသွားမိရန်သတိပြုပါ – Offical Website သို့သာဝင်ရောက်ပါ။
• ဖုန်းထဲတွင် Screenshot ထားရန်မမေ့ပါနှင့် – Airport မှာ Wi-Fi မကောင်းတဲ့အခါအခက်အခဲမဖြစ်စေရန် Screenshot ရိုက်ပြီးကြိုတင်ပြင်ဆင်ထားပါ။
Step 1

1.University Career Services ကိုအသုံးပြုပါ။
ကျောင်းမှာရှိတဲ့ Career Services (e.g. Job Board, Workshops, Career Advisors) ကို အသုံးပြုပြီးအချိန်ပိုင်းအလုပ်များကိုလျှောက်ထားနိုင်ပါတယ်။
2. Online Platforms တွေကိုအသုံးပြုပါ။
UK မှာဆိုရင် Indeed UK: https://www.indeed.co.uk ကနေများသောအားဖြင့် Part-time Job တွေရကြပါတယ်။ ဒါကြောင့် Indeed UK ကနေလဲ Try ကြည့်သင့်ပါတယ်။
Tips:
အလုပ်ခေါ်စာများမှာ “Student-Friendly, Flexible Hours, Part-time, Evening/Weekend စတဲ့ Filter များကိုသုံးပြီးရှာကြည့်နိုင်ပါတယ်။
3. Local Businesses မှာသွားလျှောက်ပါ။
Local Pubs, Restaurants, Cafés, Shops တို့မှာ CV ယူသွားပြီး တိုက်ရိုက်လျှောက်ထားပါ။
“Looking for Part-time Staff” ဆိုတဲ့အလုပ်ခေါ်စာများကပ်ထားတဲ့ဆိုင်များမှာလဲဝင်မေးကြည့်သင့်ပါတယ်။
4. Networking
သူငယ်ချင်း၊ မိတ်ဆွေများရဲ့ညွှန်းပေးမှုကြောင့်လဲအလုပ်ရနိုင်တဲ့အတွက် UK မှာအလုပ်ရှိပြီးသောသူများကိုအကူအညီတောင်းပြီးအလုပ်ရှင်ထံကိုဝန်ထမ်းလိုမလိုမေးမြန်းပြီးညွှန်းခိုင်းသင့်ပါတယ်။
5. Eligibility နဲ့ Rules ကို သတိပြုပါ
Student Visa Restrictions:
Term Time အတွင်းမျာ 20 hours/week လုပ်နိုင်ပါတယ်။
Holiday Time များမှာ Full-time လုပ်နိုင်ပါတယ်။
National Insurance Number (NIN): အလုပ်မလျှော်ကခင် NIN ရယူထားရန်တော့လိုအပ်ပါတယ်။
NIN လျှောက်ရန် Gov.uk
Bonus: Common Student-Friendly Jobs
• Waiter/Waitress
• Retail Assistant (e.g. Supermarkets)
• Delivery Driver (e.g. Uber Eats, Deliveroo)
• Tutoring or Library Assistant
• Customer Service Representative
• Barista (e.g. Coffee Shops)

နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ကျောင်းတွေရွေးချယ်ရတဲ့အခါ QS world rankings, Times Higher Education world rankings စသဖြင့်တက္ကသိုလ်တွေက Ranking ဘယ်လောက်ရှိကြတယ်ဆိုတဲ့ပြောဆိုသံတွေကိုကြားဖူးပါလိမ့်မယ်။ သို့ပေမယ့် World Ranking ဆိုတာဘာလဲ? ဘယ်လိုစံနှုန်းတွေပေါ်မှာမူတည်ပြီးတိုင်းတာကြသလဲဆိုတာတော့ဝေဝါးနေတတ်ပါတယ်။ ဒီ Content မှာ World Ranking ဆိုတာဘာလဲ? Ranking တွေကိုဘယ်လိုမျိုးတိုင်းတာကြသလဲစတဲ့အကြောင်းအရာတွေကိုရှင်းပြသွားမှာဖြစ်ပါတယ်။
World University Ranking ဆိုတာဘာလဲ?
လွယ်လွယ်ပြောရရင်တော့တက္ကသိုလ်တစ်ခုရဲ့ World Ranking ဆိုတာအဲ့ဒီတက္ကသိုလ်ကကမ္ဘာပေါ်မှာအဆင့်ဘယ်လောက်ရှိသလဲဆိုတာကိုဖော်ပြပေးနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ World Ranking ကိုတူညီတဲ့စံနှုန်းတစ်ခုအပေါ်မှာမူတည်ပြီး ကမ္ဘာပေါ်မှာရှိတဲ့တက္ကသိုလ်တွေကိုတစ်ခုနဲ့တစ်ခုနှိုင်းယှဥ်ပြီးနှစ်စဥ်အဆင့်သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုရဲဂုဏ်သိက္ခာ၊ အရည်အသွေးကောင်းမှု၊ မကောင်းမှုတို့ကို World Ranking အပေါ်ကြည့်ပြီးအကြမ်းဖျင်းတိုင်းတာနိုင်ပါတယ်။
လူသိများတဲ့ World Ranking အမျိုးအစားတွေကတော့
• QS World University Rankings
• Times Higher Education (THE) Rankings
• Academic Ranking of World Universities (ARWU / Shanghai Rankings) တို့ပဲဖြစ်ပါတယ်။
World Ranking ကိုဘယ်ပေတံနဲ့တိုင်းတာကြတာလဲ?
World Ranking အမျိုးအစားပေါ်မူတည်ပြီးတော့တက္ကသိုလ်တွေကိုဘယ်လို Ranking လုပ်ကြသလဲဆိုတာအနည်းငယ်ကွဲပြားမှုရှိပါတယ်။ ပုံမှန်ယေဘုယျအားဖြင့်တော့အောက်ပါအချက်တွေပေါ်မူတည်ပြီး Ranking သတ်မှတ်ကြပါတယ်။
1. ပညာရေးဂုဏ်သိက္ခာ (Academic reputation)
ကမ္ဘာတဝှမ်းမှာရှိတဲ့ပါမောက္ခတွေနဲ့ပညာရှင်တွေကတက္ကသိုလ်တစ်ခုကိုဘယ်လောက်ထိယုံကြည်မှုရှိသလဲဆိုတဲ့အချက်ပေါ်မူတည်ပြီးတိုင်းတာပါတယ်။ ဒီတိုင်းတာချက်ကိုဘယ်တက္ကသိုလ်တွေကအရည်အသွေးမြင့်မားတဲ့သင်ကြားမှုစနစ်တွေနဲ့သုတေသနတွေပြုလုပ်နေကြသလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးပညာရှင်များကိုမေးမြန်းထားတဲ့ Survery အချက်အလက်ပေါ်အခြေခံပြီးဆုံးဖြတ်ကြတာဖြစ်ပါတယ်။
2. အလုပ်ရှင်တွေရဲ့ယုံကြည်မှု (Employer reputation)
Employer တွေကဘယ်တက္ကသိုလ်ကထွက်လာတဲ့ကျောင်းသူကျောင်းသားတွေကိုပိုပြီးတန်ဖိုးထား၊ အလုပ်အတွက်ခေါ်ယူချင်ကြသလဲဆိုတဲ့အချက်ပေါ်မူတည်ပြီးတိုင်းတာပါတယ်။
3. ဆရာနှင့်ကျောင်းသားအချိုးအစား (Faculty-to-student ratio)
တက္ကသိုလ်တစ်ခုမှာဆရာဦးရေဘယ်လောက်ရှိပြီး၊ ကျောင်းသားဦးရေဘယ်လောက်ရှိသလဲစတဲ့ဆရာဦးရေကိုကျောင်းသားဦးရေနဲ့ နှိုင်းယှဉ်ထားချက်ပေါ်မူတည်ပြီးတိုင်းတာကြပါတယ်။ Ranking မြင့်တဲ့တက္ကသိုလ်အများစုဟာသာမန်တက္ကသိုလ်များထက်ဆရာကျောင်းသားအချိုးအစားများကြပါတယ်။ ဆရာကျောင်းသားအချိုးအစားများခြင်းကကျောင်းသားတစ်ဦးချင်းဆီကိုပိုမိုဂရုစိုက်နိုင်စွမ်းရှိတယ်လို့ယူဆကြပါတယ်။
4. နိုင်ငံခြားသားကျောင်းသားအချိုးအစား (International student ratio)
တက္ကသိုလ်မှာနိုင်ငံသားကျောင်းသားနဲ့နိုင်ငံခြားသားကျောင်းသားအချိုးအစားဘယ်လောက်ရှိသလဲဆိုတဲ့အချက်ပေါ်မူတည်ပြီးတိုင်းတာပါတယ်။ နိုင်ငံခြားသားကျောင်းသားအချိုးအစားများတဲ့တက္ကသိုလ်တွေက International Culture နဲ့ ပိုမိုထိတွေ့ပေးနိုင်စွမ်းရှိပြီး၊ Global mindset တည်ဆောက်ဖို့ အထောက်အကူဖြစ်စေတဲ့လို့ယူဆကြပါတယ်။
5. နိုင်ငံခြားသားဆရာများ (International Staff)
တက္ကသိုလ်မှာနိုင်ငံခြားသားဆရာ၊ဆရာမတွေဘယ်လောက်များသလဲဆိုတဲ့အချက်ပေါ်မူတည်ပြီးတိုင်းတာကြပါတယ်။ နိုင်ငံခြားသားဆရာများခြင်းက Multicultural Acaemic Experience ကိုပေးစွမ်းနိုင်ပြီး၊ Globally Connected ဖြစ်မှုကိုလည်းအထောက်အကူပြုနိုင်တယ်လို့ယူဆကြပါတယ်။
6. Citations per faculty
တက္ကသိုလ်တစ်ခုကပြုလုပ်ထားတဲ့သုတေသနစာတမ်းတွေကိုအခြားသောသုတေသနပြုလုပ်သူများကအကြိမ်အရေအတွက်ဘယ်လောက်များများ cite လုပ်ထားသလဲ (အသုံးပြုထားသလဲ) ဆိုတဲ့အချက်ပေါ်မူတည်ပြီးတိုင်းတာကြပါတယ်။ Citation များခြင်းကတက္ကသိုလ်ရဲ့သုတေသနအရည်အသွေးမြင့်မားနေတယ်လို့ဆိုနိုင်ပါတယ်။
7. သုတေသနပြုလုပ်နိုင်မှု (Research Output)
တစ်နှစ်အတွင်းမှာတက္ကသိုလ်တစ်ခုကနေသုတေသနစာတမ်းတွေကိုဘယ်လောက်အထိပြုလုပ်နိုင်သလဲ၊ ပြုလုပ်ထားတဲ့စာတမ်းတွေကိုရောပညာရေးနယ်ပယ်မှာဘယ်လောက်အထိပြန်လည်အသုံးပြုခြင်းခံရသလဲဆိုတာပေါ်မူတည်ပြီးတိုင်းတာကြပါတယ်။
Source
QS Quacquarelli Symonds. (2023). QS World University Rankings: Methodology. [online] Available at: https://support.qs.com/hc/en-gb/articles/4405955370898-QS-World-University-Rankings [Accessed 2 Jun. 2025].
Times Higher Education (THE). (2023). World University Rankings 2024: Methodology. [online] Available at: https://www.timeshighereducation.com/world-university-rankings/world-university-rankings-2024-methodology [Accessed 2 Jun. 2025].

မေလ 12 ရက် 2025 မှာ UK အစိုးရကနေ Immigration နဲ့ပတ်သက်ပြီးပြောင်းလဲတော့မယ့်မူဝါဒစာတမ်းအသစ် (UK Government’s Immigration White Paper) ကို offically publish လုပ်ခဲ့ပါတယ်။
အစိုးရကနေပြောင်းလဲဖို့လျှာထားတဲ့ Internaitonal Student တွေနဲ့ပတ်သက်တဲ့မူဝါဒအသစ်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
1. Skilled Worker Visas အတွက် Qualify ဖြစ်မယ့်အလုပ်များကိုလျော့ချခြင်း
အရင်က Skilled Worker Visas အနေနဲ့ခွင့်ပြုပေးထားတဲ့ Job Lists တွေကိုလျော့ချသွားဖို့အစိုးရကလက်ရှိအချိန်မှာလျှာထားပါတယ်။ Medium-skilled jobs (RQF Level 3) တွေဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ Hospitality လုပ်ငန်းကအလုပ်အကိုင်အများစုဟာလဲ overseas ကလူတွေအနေနဲ့လျှောက်ထားနိုင်ဖို့ခက်ခဲလာတော့မှာပဲဖြစ်ပါတယ်။
📌 ဒီပြောင်းလဲမှုဟာဘွဲ့ရပြီးအလုပ်အကိုင်ရှာဖွေတဲ့အခါပိုမိုကျပ်တည်းမှုဖြစ်လာစေနိုင်ပါတယ်။
2. Social Care Jobs အတွက် Overseas Worker တွေကိုဆက်လက်လက်မခံတော့ခြင်း
အရင်က Social Care Workers Job Roles တွေဖြစ်တဲ့ဥပမာ Carers နဲ့ Care Assistants တွေအတွက် Oversea Worker တွေကိုလုပ်ကိုင်ဖို့ခွင့်ပြုထားခဲ့သော်လည်း၊ ပြောင်းလဲတော့မယ့် New Rule မှာဒီအလုပ်တွေအတွက် Overseas Workers တွေကိုဆက်လက်ခေါ်ယူခွင့်ရပ်တန့်တော့မှာဖြစ်ပါတယ်။
📌 ဒီပြောင်းလဲမှုကြောင့် UK ကို Care Worker အနေနဲ့လာရောက်လုပ်ကိုင်နိုင်မယ့် Visa လမ်းကြောင်းလဲရပ်တန့်သွားနိုင်မှာဖြစ်ပါတယ်။
3. UK Universities အနေနဲ့ International Students တွေကိုလက်ခံနိုင်ဖို့ ခက်ခဲလာနိုင်ခြင်း
ပြောင်းလဲဖို့လျှာထားတဲ့မူဝါဒအသစ်မှာအစိုးရက University များထံမှ International sudent တွေဆီကနေရတဲ့ကျောင်းလခမှ Levy (extra charge) ကောက်ယူဖို့စီစဥ်နေပါတယ်။
📌ဒီပြောင်းလဲမှုက International Sudent များအပေါ်တိုက်ရိုက်သက်ရောက်မှုမရှိသော်လည်း University များအနေနဲ့ Interntaional Sutdnet အရေအတွက်အများအပြားကိုလက်ခံနိုင်ဖို့ခက်ခဲလာစေနိုင်ပြီး၊ Oversea Studnet များအတွက်လဲကျောင်းလခပိုမိုမြင့်တက်လာစေနိုင်ပါတယ်။
4. Oversea Student တွေကို Visa Sponsor ပေးဖို့ပိုမိုကျပ်တည်းလာနိုင်ခြင်း
မူဝါဒအသစ်မှာအစိုးရကနေ Universities များကို Visa sponsor ပေးနိုင်တဲ့ License နဲ့ပတ်သက်ပြီးပိုမို Strict လုပ်ဖို့စီစဥ်နေပါတယ်။
📌 ဒီပြောင်းလဲချက်ကြောင့် Trusted University တွေပဲ Interntional Studnet တွေကို Visa Sponsor ပေးနိုင်တော့မှာဖြစ်ပြီး၊ Lower-tier Univeristy တွေနဲ့ Private Institutions တွေမှ Visa Sponsor ပေးဖို့ပိုမိုခက်ခဲသွားတော့မှာဖြစ်ပါတယ်။
5. Graduate Visa နေထိုင်ခွင့်လျော့ချခြင်း
အရင်က UK မှာကျောင်းပြီးလို့ 2 နှစ်နေထိုင်ခွင့်ပေးထားခဲ့ပေမယ့်၊ အခုလျှာထားတဲ့မူဝါဒအသစ်မှာတော့ 18 လသာနေထိုင်ခွင့်ပြုသွားတော့မှာဖြစ်ပါတယ်။
📌 ဒီပြောင်းလဲချက်ကြောင့်ဘွဲ့ရပြီး Skilled Worker Visa ပေးနိုင််တဲ့အလုပ်အကိုင်ရှာဖွေဖို့အတွက်အချိန်လျော့နည်းသွားမှာဖြစ်ပါတယ်။
6. English Language Requirements အတွက်ပိုမိုကျပ်တည်းလာခြင်း
New rules အသစ်မှာ Visa လျှောက်ထားသူတွေအတွက် Higher English language test standards ကိုပြောင်းလဲကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Dependants အနေနဲ့လျှောက်မယ့် spouses များအနေနဲ့လဲ Basic English Skills ရှိဖို့လိုအပ်လာတော့မှာဖြစ်ပါတယ်။
📌 ဒီပြောင်းလဲချက်ကြောင့် UK လာဖို့စီစဥ်နေသူများ English Language Proficiency အတွက်ပိုမိုပြင်ဆင်ကြရတော့မှာဖြစ်ပါတယ်။
7. Settlement (Permanent Residence) လျှောက်နိုင်ဖို့အချိန်ကြာမြင့်လာခြင်း
ယခင် Law အရ Indefinite Leave to Remain (ILR) အမြဲတမ်းနေထိုင်ခွင့်ကို Skill Worker Visa နဲ့ 5 နှစ်နေထိုင်ပြီးတဲ့အခါလျှောက်နိုင်ပါတယ်။ သို့ပေမယ့် New Rule မှာတော့ 5 နှစ်နေထိုင်ရာကနေ 10 နှစ်နေထိုင်ပြီးမှသာလျှင်အမြဲတမ်းနေထိုင်ခွင့် PR ကိုလျှောက်နိုင်တော့မှာဖြစ်ပါတယ်။
📌 ဒီပြောင်းလဲချက်ကြောင့် UK မှာ PR ရဖို့နဲ့ citizen လျှောက်နိုင်ဖို့အချိန်ပိုမိုကြာမြင့်လာတော့မှာဖြစ်ပါတယ်။
သို့ပေမယ့်လဲအခုပြောင်းပဲဖို့ပြင်ဆင်နေတဲ့ Immigration Policy အသစ်တွေကတော့လျှာထားချက်သက်သက်သာဖြစ်သေးတယ်ဆိုတာတော့သတိပြုမိစေချင်ပါတယ်။ ဒီလျှာထားချက်တွေကို Parliament ထဲမှာဆုံးဖြတ်ချက်ချပြီးမှသာအသက်ဝင်လာမှာဖြစ်ပါတယ်။
Source
GOV.UK (2025) Restoring control over the immigration system: white paper. Available at: https://assets.publishing.service.gov.uk/media/6821f334ced319d02c906103/restoring-control-over-the-immigration-system-web-optimised.pdf (Accessed: 1st June 2025).
House of Commons Library (2025) Changes to UK visa and settlement rules after the 2025 immigration white paper. Available at: https://commonslibrary.parliament.uk/research-briefings/cbp-10267/ (Accessed: 1st June 2025).

Royal Mail မှယခုနောက်ဆုံး (22/02/2025) အထိအောက်ပါဝန်ဆောင်မှုများကိုပေးနေပါတယ်။
✔ International Tracked & Signed – ပစ္စည်းတည်နေရာကိုခြေရာလိုက်နိုင်ပြီး၊ လက်မှတ်ထိုးအတည်ပြုခြင်းလိုအပ်ပါတယ်။
✔ International Signed – လက်မှတ်ထိုးအတည်ပြုခြင်းပါဝင်ပါတယ်။ ပစ္စည်းတည်နေရာကိုခြေရာလိုက်နိုင်ခြင်းမပါဝင်ပါ။
✔ International Standard – အပေါ်ကနှစ်ခုထက်စျေးသက်သာပါတယ်။ ပစ္စည်းတည်နေရာကိုခြေရာလိုက်နိုင်ခြင်းမပါဝင်ပါ။
✔ International Economy – စျေးအသက်သာဆုံးနှင့်ပို့ချိန်အကြာဆုံးဖြစ်ပါတယ်။
📌 အကြမ်းဖျင်း ဈေးနှုန်းနှင့်ကြာချိန်များကို Royal Mail ဝက်ဘ်ဆိုက် သို့မဟုတ် Post Office တွင်စစ်ဆေးပါ။
📌 Royal Mail Website: https://send.royalmail.com/send/youritem?country=GBR&format&weight=&weightUnit=G
📜 မြန်မာနိုင်ငံသို့ ပို့ခွင့်မရှိသောပစ္စည်းများ -
🚫 ငွေသားနှင့်တန်ဖိုးကြီးသောပစ္စည်းများ
🚫ပုတ်သိုးပျက်စီးလွယ်သောအစားအစာများ
🚫 ဘက်ထရီနှင့်အန္တရာယ်ဖြစ်စေနိုင်ေသာဓာတုပစ္စည်းများ
🚫 ကန့်သတ်ထိန်းချုပ်ထားသောဆေးဝါးများ
📌 Royal Mail ဝက်ဘ်ဆိုက် သို့မဟုတ် မြန်မာနိုင်ငံရဲ့အကောက်ခွန်စည်းမျဉ်းများကိုစစ်ဆေးပါ။
📌 Royal Mail Website: https://www.royalmail.com/sites/royalmail.com/files/2024-05/prohibited-and-restricted-items-english.pdf
✔ စာအိတ် သို့မဟုတ် ကတ်ထူပြား (Cardbox) ကိုအသုံးပြုပါ။
✔ ထိခိုက်ကွဲလွယ်သည့်ပစ္စည်းများကို Bubble wrap သို့မဟုတ် ဖော့အသုံးပြုပြီးထပ်မံထုပ်ပိုးပါ။
✔ ပို့ရမည့်လိပ်စာကိုအသေးစိတ်သေချာရေးထိုးပါ (လက်ခံသူအမည်၊ အိမ်နံပါတ်၊ လမ်း၊ မြို့၊ ပြည်နယ်၊ Post Code စသည်ဖြင့်)။
✔ ပို့ဆောင်မှုမအောင်မြင်ပါကပြန်လည်ပို့ရမည့်လိပ်စာကိုပါထည့်သွင်းရေးသားထားပါ။
📌 CN22 (£270 အောက်နည်းသောပစ္စည်းများအတွက်)
📌 CN23 (£270 အထက်ပစ္စည်းများအတွက်)
📋 ဖြည့်ရန်အချက်များ -
✔ အထုပ်တွင်ပါဝင်သည့် ပစ္စည်းများ၏ အသေးစိတ်ဖော်ပြချက်။ (ဥပမာ ဖိနပ်လို့ဆိုတာထက်၊ သားရေ Nike ဖိနပ်စသဖြင့်အတိအကျဖော်ပြရပါမယ်))
✔ တန်ဖိုးနှင့် အလေးချိန်
✔ ပို့ဆောင်ရသည့်ရည်ရွယ်ချက် (လက်ဆောင်၊ စီးပွားရေးစသဖြင့်)
📌 Form ကိုဘယ်မှာရနိုင်လဲ?
• Post Office မှာရယူနိုင်ပါတယ်။
• Online မှ လည်း Custom Form ဖြည့်ပြီး Post office ရောက်မှ Print ထုတ်လဲရပါတယ်။
📌 Option 1: အိမ်မှာ Custom Duty Form ကိုကိုယ်တိုင် Print ထုတ်ပြီး & ပို့မည့်ပစ္စည်းကိုအိမ်မှာလာယူခိုင်းခြင်း
1️⃣ Royal Mail ဝက်ဘ်ဆိုက် သို့သွားပြီး “Send a parcel” ကိုရွေးပါ။
2️⃣ လိပ်စာနှင့် အထုပ်အကြောင်းအရာများ ဖြည့်ပါ။
3️⃣ မိမိအတွက်သင့်တော်သော ဝန်ဆောင်မှု ကိုရွေးပါ (Tracked, Signed, Standard စသဖြင့်)။
4️⃣ Online မှငွေပေးချေပါ။
5️⃣ Printer ဖြင့် Label ကို Print ထုတ်ပြီးပို့မည့်အထုပ်တွင်ကပ်ပါ။
6️⃣ အနီးဆုံး Post Office သို့ အထုပ်ပို့ပါ သို့မဟုတ် အိမ်သို့လာယူခိုင်းပါ။
📌 Option 2: Post office မှာ Print ထုတ်ခြင်း
1️⃣ Royal Mail’s Click & Drop ကိုရွေးပြီး၊ အချက်အလက်များဖြည့်ပါ။
2️⃣ “Print in branch” ကိုရွေးချယ်ပါ။
3️⃣ Online မှငွေပေးချေပါ။
4️⃣ Royal Mail Post Office သို့သွားပြီး QR Code ကိုပြပါ။
5️⃣ Royal Mail ဝန်ထမ်းမှLabel Print ထုတ်ပေးပါလိမ့်မယ်။
6️⃣ Label ကို အထုပ်တွင်ကပ်ပြီးရင်ထားခဲ့လို့ရပါပြီ။
📦 Tracked & Signed ဝန်ဆောင်မှု ကိုရွေးထားပါက Royal Mail Tracking ဝက်ဘ်ဆိုက် တွင် Tracking Number ဖြင့် မိမိပို့လိုက်တဲ့ပစ္စည်းတည်နေရာကို စစ်ဆေးနိုင်ပါတယ်။
✔ Tracked & Signed: ၅ မှ ၇ ရက်
✔ Standard: ၇မှ ၁၄ ရက်
✔ Economy: ၆ ပတ်အထိ
💡 နောက်ဆုံးအကြံပြုချက်များ
✔ လိပ်စာမှန်ကြောင်း စစ်ဆေးပါ။
✔ ပိတ်ပင်ထားသည့်ပစ္စည်းများ မပါဘဲ ပို့ပါ။
✔ တန်ဖိုးကြီးသောပစ္စည်းများအတွက် Tracked ဝန်ဆောင်မှုအသုံးပြုပါ။
✔ Tracking Receipt ကို သိမ်းဆည်းပါ။

1. Accomodation ရှာချိန်မှာစဉ်းစားဖို့အရေးကြီးတဲ့အချက်တွေကတော့
i) ဘတ်ဂျက် (Budget): အခန်းခအတွက်တစ်လဘယ်လောက်သုံးဖို့မှန်းထားလဲစဉ်းစားရပါမယ်။
ii) Accommodation အမျိုးအစား (Type of Accommodation):
• Shared House/Flat: သူငယ်ချင်းတွေနဲ့အခန်းမျှဝေပြီးနေရတဲ့အခန်းအမျိုးအစားလား။
• Studio: ကိုယ်ပိုင်အိပ်ခန်းနဲ့အတူမီးဖိုချောင်၊ရေချိုးခန်းတွဲပါတဲ့အခန်းအမျိုးအစားလား။
• Ensuite Room: ကိုယ်ပိုင်ရေချိုးခန်းပါပြီးမီးဖိုချောင် Share သုံးရတဲ့အခန်းအမျိုးအစားလား။
• Student Halls: ကျောင်းသားတွေစုပေါင်းနေရတဲ့ Hall ခန်းလိုနေစရာအခန်းအမျိုးအစားလား။
iii) နေရာ (Location):
• ကျောင်း/ အလုပ်နဲ့နီးရဲ့လား?
• ဘတ်စ်ကား/ ရထား Station နဲ့ နီးရဲ့လား?
iv) Facilities: ရေ၊ မီး၊ Wifi စတာတွေအဆင်သင့်ပါပြီးသားစသဖြင့်စဥ်းစားရပါမယ်။
2. အဆောင်ရှာဖို့နည်းလမ်းတွေတော့ကအောက်ပါအတိုင်းဖြစ်ပါတယ်။
i) University Accommodation:
• ကျောင်းအဆောင်မှာနေဖို့အတွက်ကျောင်းရဲ့ Website သို့မဟုတ် Accommodation Office မှတစ်ဆင့်ရှာဖွေနိုင်ပါတယ်။
ii) Student Accomodation:
အောက်မှာဖော်ပြထားတဲ့ Platform တွေက UK မှာ Student Accomodation ရှာဖို့အတွက်အသုံးများပါတယ်။
• Online Platforms:
• Zoopla
iii) Estate Agents:
• မိမိမြို့မှာရှိတဲ့အိမ်ခြံမြေအကျိုးဆောင်မှတစ်ဆင့်လဲနေစရာအခန်းတွေရှာနိုင်ပါတယ်။
3. အကြံပြုချက်များ
1. အခန်းကို Viewing လုပ်ပါ
• ဖြစ်နိုင်လျှင်အခန်းကိုကိုယ်တိုင်တိုက်ရိုက်သွားကြည့်ပြီးစစ်ဆေးပါ။ ကိုယ်တိုင် Viewing လုပ်လို့မရလျှင် Online မှ Viewing လုပ်ပါ။
2. စစ်ဆေးရမယ့်အချက်တွေ
• အခန်းကိုစိတ်တိုင်းကျရဲ့လား?
• ရေမီးစနစ်၊ အပူပေးစနစ် အလုပ်လုပ်ရဲ့လား?
• Environment ကရောသက်တောင့်သက်သာနဲ့ သန့်သန့်ပျံ့ပျံ့ရှိရဲ့လား?
3. သတိထားရမယ့်အချက်တွေ
• Contract:
• စာချုပ်မချုပ်ခင် Agreement တွေသေချာဖတ်ပြီး၊ အရေးကြီးတဲ့အချက်များကိုနားလည်ထားအောင်လုပ်ပါ။
• Minimum stay, Deposit စတာတွေကို သေချာစစ်ဆေးပါ။
4. Utilities:
• ရေ၊ မီး၊ အပူစနစ် စတာတွေ အခန်းခထဲမှာပါမပါသေချာသိအောင်လုပ်ပါ။
5. အရေးပေါ်အခန်းလိုအပ်လာလျှင်
• Airbnb, Booking.com, Hostelworld စတဲ့ Website တွေမှာရှာနိုင်ပြီး၊ စျေးသက်သက်သာသာနဲ့ရေတိုနေထိုင်နိုင်ပါတယ်။

ဒီ Content မှာတော့မြန်မာနိုင်ငံမှထိုင်းနိုင်ငံသွားချင်သောလူငယ်များအတွက်သိထားသင့်သော Visa အမျိုးအစား ၄ ခုကိုအကျဥ်းချုပ်ပြောပြသွားမှာပဲဖြစ်ပါတယ်။
1. Tourist Visa
ဒီ Visa ကတော့ထိုင်းနိုင်ငံကိုရက်ရှည်အလည်အပတ်သွားချင်သူများအတွက်ဖြစ်ပါတယ်။ ဒီ Visa ကိုထပ်ပြီးတော့အမျိုးအစားနှစ်ခုပြန်ခွဲလို့ရပါတယ်။ Single Entry နဲ့ Multiple Entry ဖြစ်ပါတယ်။
Tourist Visa (Single Entry): Visa သက်တမ်း (Validity of Visa) ၃ လရပါမယ်။ ထိုင်းနိုင်ငံအတွင်းသို့တစ်ကြိမ်သာဝင်ရောက်ခွင့်ရပါမယ်။ ၂လ (ရက်ပေါင်း ၆၀) နေထိုင်ခွင့်ရှိပါတယ်။ ၂လနေထိုင်ပြီးပါကနောက်ထပ်ရက် ၃၀ နေထိုင်ခွင့်တစ်ခါထပ်တိုးလျောက်လို့ရပါတယ်။ Visa Application Fee က 40 USD ရှိပါမယ်။
ဥပမာပေးရရင်ကိုယ်က 1st January မှာ Visa issue လုပ်တယ်ဆိုရင်နောက်သုံးလ 1st April ထိ Visa သက်တမ်းရရှိမှာဖြစ်ပြီး၊Visa သက်တမ်း Expire မဖြစ်ခင်ထိုင်းနိုင်ငံအတွင်းကိုဝင်ရမှာဖြစ်ပါတယ်။ အကယ်၍ ထိုင်းနိုင်ငံအတွင်းသို့မဝင်ခင် Visa သက်တမ်း Expire ဖြစ်သွားခဲ့ရင်တော့နောက်ထပ် Visa အသစ်တစ်ခုကိုထပ်လျှောက်ရမှာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းသို့ရောက်ပြီဆိုရင် (ထိုင်း Airport က Immigration ကိုဖြတ်ပြီးတာနဲ့) ရက်ပေါင်း ၆၀ နေထိုင်ခွင့်စတင်ရေတွက်မှာပဲဖြစ်ပါတယ်။
Tourist Visa (Multiple Entry): Visa သက်တမ်း (Validity of Visa) ၆ လရပါမယ်။ ထိုင်းနိုင်ငံအတွင်းသို့အကြိမ်များစွာအဝင်အထွက်ပြုလုပ်နိုင်ပါတယ်။ ထိုင်းနိုင်ငံထဲသို့တစ်ကြိမ်ဝင်ရောက်ပြီးတိုင်းရက်ပေါင်း ၆၀ နေထိုင်ခွင့်ရှိပါတယ်။ (ရက်ပေါင်း ၆၀ ပြည့်ပါကနိုင်ငံအပြင်သ်ို့အထွက်ပြပြီးပြန်ဝင်လျှင်ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။) Visa Application Fee က 200 USD ရှိပါမယ်။
ဥပမာပေးရရင််ကိုယ်က 1st January မှာ Visa issue လုပ်တယ်ဆိုရင် နောက် ၆ လ 1st July ထိ Visa သက်တမ်းရရှိမှာဖြစ်ပြီး၊ Visa Expire မဖြစ်ခင်ထိအကြိမ်များစွာထိုင်းနိုင်ငံသို့အဝင်အထွက်လုပ်နိုင်ပါတယ်။ သို့ပေမယ့်ထိုင်းနိုင်ငံအတွင်းသို့တစ်ကြိမ်ဝင်ရောက်ပြီးတိုင်းရက်ပေါင်း ၆၀ သာနေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
Tourist Visa လျှောက်ရန်လိုအပ်သော Documents များ
မှတ်ချက်
Visa သက်တမ်း (Validity of Visa) ဆိုသည်မှာ Visa Issue လုပ်သည့်နေ့မှစ၍ရေတွက်ပါသည်။ Visa သက်တမ်း (Validilty of Visa) မကုန်ခင်နိုင်ငံအတွင်းသို့ဝင်ရောက်ရပါမယ်။ သက်တမ်းကုန်လွန်သွားပါက နိုင်ငံအတွင်းဝင်ရောက်ရန် Visa အသစ်ပြန်လျှောက်ရပါမယ်။
Period of Stay နေထိုင်ခွင့်ဆိုသည်မှာလေဆိပ်ကိုဖြတ်ကျော်ပြီးသည့်နေ့မှစ၍ရေတွက်ပါသည်။ ခွင့်ပြုထားသောရက်ထက်ကျော််လွန်၍နေထိုင်ခဲ့ပါကဒဏ်ငွေဆောင်ရပြီး၊ နောက်တစ်ကြိမ် Visa ထပ်လျှောက်ခွင့်ပိတ်ပင်ခံရနိုင်ပါတယ်။
2. Non-Immigrant ED Visa
ဒီ Visa အမျိုးအစားကတော့ ထိုင်းနိုင်ငံမှာကျောင်းသွားတက်ချင်သူများအတွက်ဖြစ်ပါတယ်။ Visa သက်တမ်း ၃ လရပါမယ်။ သက်တမ်း ၃ လမလွန်ခင်ထိုင်းနိုင်ငံထဲသို့ဝင်ရပါမယ်။ ၃ လသက်တမ်းကုန်သွားပါက Extention အနေနဲ့ ၁ နှစ်ဆီ Visa သက်တမ်းတိုးသွားလို့ရပါတယ်။ Visa Application Fee က 80 USD ရှိပါမယ်။
Non-Immigrant ED Visa လျှောက်လိုအပ်သော Documents များ
3. Non-Immigrant Visa (O)
ဒီ Visa အမျိုးအစားကတော့ ထိုင်းနိုင်ငံအတွင်းမှာအလုပ်လုပ်၊ ပညာသင်ကြားနေသောမိသားစုဝင်များနှင့်တွေ့ဆုံလိုသူများအတွက်ဖြစ်ပါသည်။ ဒီ Visa အမျိုးအစားမှာလဲ Single Entry နဲ့ Multiple Entry ဆိုပြီး နှစ်မျိုးထပ်ခွဲလို့ရပါမယ်။ Visa သက်တမ်း ၃ လရပါမယ်။ Single Entry အတွက် Visa Application Fee က 80 USD ရှိပြီး၊ Multiple Entry အတွက် Visa Application Fee က 200 USD ရှိပါမယ်။
Non-Immigrant Visa (O) လျှောက်ရန်လိုအပ်သော Documents များ
4. Non-Immigrant Visa (B)
ဒီ Visa အမျိုးအစားကတော့ ထိုင်းနိုင်ငံကိုအလုပ်အကိုင်ကိစ္စနဲ့သွားရောက်လိုသူများအတွက်ဖြစ်ပါတယ်။ ဒီ Visa အမျိုးအစားမှာလဲ Single Entry နဲ့ Multiple Entry ဆိုပြီး နှစ်မျိုးထပ်ခွဲလို့ရပါမယ်။
Single Entry: Visa သက်တမ်း (Validity of Visa) ၃ လရပါမယ်။ ထိုင်းနိုင်ငံအတွင်းသို့တစ်ကြိမ်သာဝင်ရောက်ခွင့်ရပါမယ်။ ၃လ (ရက်ပေါင်း ၉၀) နေထိုင်ခွင့်ရှိပါတယ်။ Visa Application Fee က 80 USD ရှိပါမယ်။
Multiple Entry: Visa သက်တမ်း (Validity of Visa) ၁နှစ််ရပါမယ်။ ထိုင်းနိုင်ငံအတွင်းသို့တစ်ကြိမ်ထက်မက အကြိမ်များစွာဝင်ထွက်နိုင်ခွင့်ရှိပါတယ်။ တစ်ကြိမ်ဝင်ရောက်ပြီးလျှင် ရက်ပေါင်း ၉၀ နေထိုင်ခွင့်ရှိပါတယ်။ Visa Application Fee က 200 USD ရှိပါမယ်။
Non-Immigrant (B) လျှောက်ရန်လိုအပ်သော Documents များ
ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်ဖို့သွားသူများအတွက်
ထိုင်းနိုင်ငံအတွင်းအလုပ်သင်နှင့် Internship သွားသူများအတွက်
အကုန်လုံးကိုပြန်ချုပ်ရရင် ဒီ Content လေးမှာ လူငယ်များအတွက်သင့်တော်သောထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်နိုင်မည့် Visa အမျိုးအစား ၄ ခုကိုအကျဥ်းချုံးပြောပြခဲ့တာပဲဖြစ်ပါတယ်။ အသေးစိတ်ကိုသိရှိချင်ရင်တော့ Royal Thai Embassy Yangon ဆိုတဲ့ Website ထဲမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။

Fulbright Teaching Excellence and Achievement (TEA) Program ဆိုတာအလယ်တန်းပြကျောင်းဆရာ၊ ဆရာမတွေကိုအမေရိကန်နိုင်ငံကတက္ကသိုလ်တွေမှာပြုလုပ်တဲ့ Academic Seminar များတက်ရောက်နိုင်ဖို့အမေရိကန်နိုင်ငံကိုရက်သက်တပတ် ၆ ပတ်သွားရောက်နိုင်အောင်ငွေကြေးအထောက်အပံ့ပေးတဲ့အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။
Academic Semiar မှာ Scholarship ရွေးချယ်ခံရသူများဟာ Local ကျောင်းသူကျောင်းသား၊ ဆရာ၊ ဆရာမများနှင့်ထိတွေ့ဆက်ဆံခွင့်ရရှိပြီး၊ပညာသင်ကြားရးဆိုင်ရာနည်းစနစ်၊ အတွေ့အကြုံများကိုဖလှယ်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။
Semiar မှာအဓိကအာရုံစိုက်ဆွေးနွေးခွင့်ရရှိမယ့်အကြောင်းအရာတွေကတော့ စာသင်ကြားမှုဆိုင်ရာနည်းစနစ်တွေ၊ ကျောင်းသားဗဟိုပြုသင်ကြားမှုစနစ်တွေ၊ Content-Based သင်ကြားမှုပုံစံတွေ၊ သင်ခန်းစာကြိုတင်ပြင်ဆင်ပုံနည်းစနစ်တွေ၊ သင်ကြားမှုအထောက်အကူပြုကိရိယာတွေနဲ့နည်းပညာအသုံးချမှုဆိုင်ရာအကြောင်းအရာတွေပဲဖြစ်ပါတယ်။
ဒါ့အပြင်ကို Gender Education, Climate Education နဲ့ Media Literacy စတဲ့အကြောင်းအရာတွေကိုလဲလေ့လာဆွေးနွေးခွင့်ရရှိမှာဖြစ်ပြီး၊ အခြားသော Professional Development & Cultural Activities တွေမှာလဲပါဝင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။
အသေးစိတ်ကိုသိရှိစေရန် www.fulbrightteacherexchanges.org မှာသွားရောက်လေ့လာနိုင်သလို FulbrightTeach@irex.org သို့လဲ Email ဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သတင်းကောင်းတစ်ခုကတော့ဒီ Program အတွက်လျှောက်လွှာများကိုဆက်လက်လက်ခံနေပါသေးတဲ့အချက်ပဲဖြစ်ပါတယ်။ ဒီ Program ရဲ့ Timeline ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
Spring 2025 Cohort Program…………………………………January – March 2025
Fall 2025 Cohort Program………………………………………September – October 2025
လျှောက်လွှာ Form များကိုအောက်ပါ Link များမှရယူနိုင်ပါတယ်။
https://mm.usembassy.gov/wp-content/uploads/sites/41/FY24-FTEA-Application.pdf
https://mm.usembassy.gov/wp-content/uploads/sites/41/Fulbright-TEA-Leave-Approval-Form-LAF.pdf
Fulbright U.S. - ASEAN VISITING SCHOLAR PROGRAM (USAS) ဆိုတာကအမေရိကန်နိုင်ငံမှာ ၃/ ၄ လခန့်သွားရောက်ပြီး Academic ဆိုင်ရာ Research တွေ၊ Lecture တွေ၊ Conferences တွေ၊ Seminar တွေပြုလုပ်ပါဝင်နိုင်ဖို့ငွေကြေးအထောက်အပံ့ပေးတဲ့အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။
ဒီ Program အတွက်လျှောက်ထားလို့ရတဲ့ Field of Study ကတော့ကန့်သတ်ချက်ရှိပြီး၊ အဓိကအားဖြင့်အောက်ပါ Field တွေအတွက်သာဖြစ်ပါတယ်။
ယခု Program အတွက်လျှောက်လွှာနောက်ဆုံးလက်ခံတဲ့ရက်မှာကျော်လွန်သွားပြီဖြစ်ပေမယ့် ၂၀၂၆ အတွက်ခုကတည်းကပြင်ဆင်ထားလို့နေပါပြီ။
ဒီ Program အတွက် Private Sector နဲ့ NGOs မှဝန်းထမ်းများလဲလျှောက်ထားနိုင်ပါတယ်။
SUSI Program ဆိုတာကတော့အလယ်တန်းပြဆရာ၊ဆရာမတွေအတွက်အဓိကဖြစ်ပြီး၊ အမေရိကန်နိုင်ငံသို့ Study Tour နှင့်အတူအမေရိကန်နိုင်ငံရဲ့ Society, Culture, Values and Institutions တွေကိုပိုမိုနားလည်လာနိုင်စေဖို့ U.S. မှာ ၁ လနီးပါးသွားရောက်လေ့လာလို့ရအောင်ငွေကြေးထောက်ပံ့ပေးတဲ့အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။
ဒီ Program ပြုလုပ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံအလယ်တန်းကျောင်းတွေမှာအမေရိကန်နိုင်ငံအကြောင်းသင်ကြားတဲ့အချိန်စာသင်ကြားမှုအရည်အသွေးနှင့်သင်ရိုးညွှန်းတန်းတွေရဲ့အရည်အသွေးပိုမိုကောင်းမွန်လာစေဖို့ပဲဖြစ်ပါတယ်။
ယခု Program အတွက်လျှောက်လွှာနောက်ဆုံးလက်ခံတဲ့ရက်မှာကျော်လွန်သွားပြီဖြစ်ပေမယ့် ၂၀၂၆ အတွက်ခုကတည်းကပြင်ဆင်ထားလို့ရပါတယ်။
ဒီ Program ကိုအလယ်တန်းကျောင်းမှာအလုပ်လုပ်ဖူးတဲ့အတွေ့အကြုံရှိတဲ့မည်သည့် Educator မဆိုလျှောက်ထားနိုင်ပါတယ်။ ဥပမာ Teachers, Administrators, Teacher Trainers, Curriculum Developers, Textbook Writers, Ministry of Education officials စသဖြင့်ဖြစ်ပါတယ်။
Study of the U.S. Institutes (SUSI) for Scholars Program ဆိုတာတက္ကသိုလ်ဌာနတွေမှာအလုပ်လုပ်နေကြတဲ့ Scholars များအတွက်အမေရိကန်နိုင်ငံရဲ့ Society, Culture, Values and Institutions တွေကိုပိုမိုနားလည်လာနိုင်စေဖို့အမေရိကန်နိုင်ငံမှာ ၅ ပတ်ကနေ ၆ပတ်ထိသွားရောက်လေ့လာလို့ရအောင်ငွေကြေးထောက်ပံ့ပေးတဲ့အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။
ဒီ Program မှာကိုယ်လျှောက်ချင်တဲ့ Institue ကိုရွေးချယ်ခွင့်ရှိပြီး၊ လျှောက်လို့ရတဲ့ Institiute တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
The Institute on American Politics and Political Thought
The Institute on Contemporary American Literature
The Institute on Journalism and Media
The Institute on U.S. Culture, Identity and Society
The Institute on U.S. Economics and Sustainable Development
The Institute on U.S. Foreign Policy
Scholarship အတွက်ရွေးချယ်ခံရသူဟာသက်ဆိုင်ရာ Academic Institutions, Colleges, and Universities တွေမှာရက်သက်တပတ် ၄ ပတ်ခန့်နေထိုင်ခွင့်ရရှိမှာပြီး၊ Institution မှပြုလုပ်ပေးသော Lecture များတက်ရောက်လေ့လာခွင့်၊ Acitivies များမှာပါဝင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ ဒါ့အပြင်ကိုရက်သက်တပတ်၂ ပတ် Study Tour ပြုလုပ်ခွင့်လဲရရှိဦးမှာပဲဖြစ်ပါတယ်။
ဒီ Program ပြုလုပ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံအလယ်တန်းကျောင်းတွေမှာအမေရိကန်နိုင်ငံအကြောင်းသင်ကြားတဲ့အချိန်စာသင်ကြားမှုအရည်အသွေးနှင့်သင်ရိုးညွှန်းတန်းတွေရဲ့အရည်အသွေးပိုမိုကောင်းမွန်လာစေဖို့ပဲဖြစ်ပါတယ်။
The Institute on American Politics and Political Thought
ဒီ Institute မှာတော့အမေရိကန်နိုင်ငံရေးအကြာင်းနှင့်ဘယ်လိုအရာတွေကအမေရိကန်ရဲ့နိုင်ငံရေးကိုလွှမ်းမိုးမှုတွေရှိနေသလဲ၊ အမေရိကန်နိုင်ငံရဲ့သမိုင်းကြောင်း၊ နိုင်ငံရေးအတွေးအခေါ်စတာတွေအပေါ်အာရုံစိုက်မှာဖြစ်ပါတယ်။
The Institute on Contemporary American Literature
ဒီ Institute မှာတော့အမေရိကန်နိုင်ငံရဲ့လူမှုအဖွဲ့အစည်းအကြောင်းရဲ့ယဥ်ကျေးမှုအကြောင်းတွေ၊ ခေတ်စာပေယဥ်ကျေးမှုအကြောင်းစတာတွေအပေါ်အာရုံစိုက်မှာဖြစ်ပါတယ်။
The Institute on Journalism and Media
ဒီ Institute မှာတော့စာနယ်ဇင်းနဲ့ Media ကအမေရိကန်နိုင်ငံမှာဘယ်လိုအခန်းကဏ္ဍကနေပါဝင်သလဲ၊ Disinformation ဖြစ်မှုကိုဘယ်လိုတာဆီးမလဲဘယ်လိုတုံ့ပြန်ရမလဲ၊ လက်ရှိခေတ်သစ်နည်းပညာတွေကရောစာနယ်ဇင်းနဲ့ Media အပေါ်ဘယ်လိုတက်ရောက်မှုတွေရှိနိုင်သလဲစတာတွေအပေါ်အာရုံစိုက်သွားမှာဖြစ်ပါတယ်။
The Institute on U.S. Culture, Identity and Society
ဒီ Institute မှာတော့အမေရိကန်နိုင်ငံရဲ့ Society, Culture, Values တွေအကြောင်းနဲ့အမေရိကန်ရဲ့ယဥ်ကျေးမှုနဲ့လူ့အဖွဲ့အစည်းအကြောင်းလေ့လာဖို့ဘယ်လိုချဥ်းကပ်ရမလဲစတဲ့အကြောင်းအရာတွေကိုအာရုံစိုက်သွားမှာပဲဖြစ်ပါတယ်။
The Institute on U.S. Economics and Sustainable Development
ဒီ Institute မှာတော့အမေရိကန်နိုင်ငံရဲ့စီးပွားရေးဖွဲ့စည်းပုံနဲ့စီးပွားရေးအဆောက်အအုံအကြောင်းတွေအပေါ်အာရုံစိုက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင်နိုင်ငံတကာက Business Leaders များ၊ Small Business Owners များနှင့်လဲတွေ့ဆုံခွင့်ရရှိနိုင်မှာပဲဖြစ်ပါတယ်။
The Institute on U.S. Foreign Policy
ဒီ Institute မှာတော့အမေရိကန်နိုင်ငံရဲ့နိုင်ငံခြားရေး Policy တွေကိုကိုင်တွယ်ဖြေရှင်းချဥ်းကပ်ပုံ၊ Policy တွေဘယ်လို Formulate လုပ်ပြီး၊ အကောင်အထည်ပေါ်ပုံစတဲ့အကြောင်းအရာတွေအပေါ်အာရုံစိုက်သွားမှာပဲဖြစ်ပါတယ်။
Program လျှောက်ဖို့ဘာတွေလိုအပ်သလဲ?