Google Ad Space

တရုတ်နိုင်ငံမှ C9 League Universities များအကြောင်း

Published Year: 10/6/2025

By: Karl

Image 0

C9 League ဆိုတာဘာလဲ?

C9 League ဆိုတာတရုတ်နိုင်ငံရဲ့ Ivy League လို့လဲတင်စားခေါ်ဝေါ်ကြပြီး၊ တရုတ်နိုင်ငံမှာရှိတဲ့ထိပ်တန်းတက္ကသိုလ် ၉ ခုဖွဲ့စည်းထားတဲ့မဟာမိတ်အဖွဲ့အစည်းတစ်ခုကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတရုတ်အစိုးရကပညာရေး၊ သုတေသနပြုလုပ်မှုလုပ်ငန်းတွေနဲ့နိုင်ငံရဲ့ Social Service လုပ်ငန်းတွေအတွက်ရည်ရွယ်ပြီး “Project 985” ဆိုတဲ့အစီအစဉ်အောက်ကနေဂုဏ်သိက္ခာရှိတဲ့ထိပ်တန်းတက္ကသိုလ် ၉ ခုကိုစုစည်းပေးပြီး C9 League ဆိုတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ဖွဲ့စည်းပေးခဲ့ပါတယ်။ C9 League ဟာတရုတ်နိုင်ငံရဲ့အထက်တန်းနဲ့အဆင့်မြင့်ပညာရေးစနစ်မှာအလွန်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကနေပါဝင်နေပြီး၊ C9 League မှာပါဝင်တဲ့တက္ကသိုလ်များဟာပညာရေးစံနှုန်းမြင့်မားခြင်း၊ တရုတ်နိုင်ငံရဲ့အရေးပါတဲ့သုတေသနပြုလုပ်မှုတွေမှာဦးဆောင်နေနိုင်ခြင်း၊ ထင်ရှားကျော်ကြားပြီးအောင်မြင်တဲ့ကျောင်းသူကျောင်းသားတွေကိုမွေးထုတ်ပေးနိုင်ခြင်းစတဲ့ဂုဏ်သတင်းတွေနဲ့တရုတ်နိုင်ငံကပညာရေးနယ်ပယ်မှာလေးစားရတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်နေပါတယ်။

C9 League မှာပါဝင်တဲ့တက္ကသိုလ်များ

University Name

QS World Ranking (2024)

Location

Notable Academic Strengths

Key Features

Peking

University

14

Beijing

Humanities, Law, Science

Prestigious faculty, historic campus

Tsinghua

University

20

Beijing

Engineering, Computer Science

Advanced research facilities

Fudan

University

39

Shanghai

Medicine, Humanities, Business

Diverse international community

Shanghai Jiao Tong University

45

Shanghai

Engineering, Business

Strong industry connections

Nanjing

University

145

Nanjing

Humanities,

Natural Sciences

Rich cultural heritage

Zhejiang

University

47

Hangzhou

Engineering, Technology

Innovative research programs

University of

Science and Technology of

China

133

Hefei

Science, Technology

Known for cutting-edge research

Xi’an Jiaotong

University

295

Xi’an

Engineering, Biomedicine

Emphasis on practical skills and innovation

Harbin Institute

of Technology

252

Harbin

Engineering, Robotics

Specialized in space science and robotics

C9 League တက္ကသိုလ်တွေမှာ International Student တွေတက်ရောက်နိုင်သလား?

International Student တွေအနေနဲ့ C9 League တက္ကသိုလ်များမှာတက်ရောက်နိုင်ပါတယ်။ C9 League တက္ကသိုလ်တွေဟာနိုင်ငံတကာကထူးချွန်ထက်မြက်တဲ့ကျောင်းသူကျောင်းသားတွေကို highly welcoming လုပ်ပြီး၊ International education ကိုလဲ  Promote လုပ်နေကြပါတယ်။ C9 League တက္ကသိုလ်တွေမှအင်္ဂလိပ်ဘာသာဖြင့်သင်ကြားပေးတဲ့ဘာသာရပ်များ (English-taught Programs) များရှိပြီး၊ International Student တွေအတွက် Scholarship အခွင့်အလမ်းများစွာလဲပေးနေပါတယ်။ ဒါ့အပြင်ကိုနိုင်ငံတကာကပညာရေးအဖွဲ့အစည်းများနှင့်လဲပူးပေါင်းပြီးသုတေသနလုပ်ငန်းများလဲပြုလုပ်လျှက်ရှိပါတယ်။

Google Ad Space