Google Ad Space

အမေရိကန်အစိုးရမှမြန်မာနိုင်ငံသားတွေအတွက်ပေးတဲ့ Scholarship Programs များအကြောင်း - Part 1

Published Year: 24/07/2024

By: Karl

Image 0

1. Fulbright Foreign Student Scholarship

Fulbright Foreign Student Scholarship Program ဆိုတာဟာနိုင်ငံတကာကဘွဲ့ရပြီးသူတွေ၊ Young Professionals တွေနဲ့ Artists တွေကိုအမေရိကန်နိုင်ငံအတွင်းမှာပညာသင်ကြားနိုင်ပြီး၊ သုတေသနတွေပြုလုပ်နိုင်အောင်ငွေကြေးအထောက်အပံ့ပေးတဲ့အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။

ယခုနောက်ဆုံးထွက်ရှိသော July 2024 Data တွေအရ Fulbright Foreign Student Scholarship Program ကိုနိုင်ငံပေါင်း ၁၆၀ ကျော်မှလျှောက်ထားနိုင်ပြီး၊ နှစ်စဥ်ကျောင်းသူကျောင်းသားပေါင်း ၄၀၀၀ ကျော်ခန့်ကိုဒီ Program မှငွေကြေးထောက်ပံ့ပေးနေပါတယ်။

မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ကရော?

သတင်းကောင်းတစ်ခုကတော့ဒီ Scholarship Program ကိုဘွဲ့ရပြီးသားမြန်မာနိုင်ငံသူနိုင်ငံသားတွေလဲလျှောက်လို့ရတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ 

ဒီ Scholarship Program ဟာအမေရိကန်နိုင်ငံမှာ Master Degree တက်ရောက်လိုသောကျောင်းသူကျောင်းသားများအတွက်အဓိကဖြစ်ပါတယ်။ ဒီ Program မှ Scholarship ရရှိသူများအတွက်ကျောင်းလခ၊ ကျောင်းနှင့်ဆိုင်သောကုန်ကျစရိတ်အားလုံး၊ နေထိုင်စရိတ် (လစဥ်ထောက်ပံ့ပေးပါတယ်)၊ ကျန်းမာရေးဆိုင်ရာကုန်ကျစရိတ်၊ Accidents Benefits၊ စာအုပ်ဖိုး၊ International နဲ့ Domestic အတွက် Travel Allowance နဲ့အခြားသောကုန်ကျစရိတ်များအားလုံးကို Cover ဖြစ်အောင်ငွေကြေးထောက်ပံ့မှုပေးသွားမှာပဲဖြစ်ပါတယ်။ 

ဒါ့အပြင်ကို Scholarship ရရှိသူဟာ Prgram ကပြုလုပ်ပေးတဲ့ Fulbright Enrichemnt Activities တွေကိုလဲတက်ရောက်ခွင့်ရမှာပဲဖြစ်ပါတယ်။

ဒီ Scholarship Program အတွက်လျှောက်လို့ရတဲ့ Specific Field of Study ရယ်လို့သီးသန့်မရှိပဲ၊ ကိုယ်သင်ကြားချင်တဲ့ဘယ်ဘာသာရပ်နဲ့မဆိုလျှောက်ထားလို့ရပါတယ်။

Scholarship အတွက်ဘယ်လိုရွေးချယ်မှာလဲ?

Scholarship Awardee အတွက်ကိုတော့ Merit- Based ပုံစံနဲ့ရွေးချယ်သွားမှာဖြစ်ပါတယ်။(Merit-Based ပုံစံဆိုတာငွေကြးလိုအပ်မှုကိုဦးစားမပေးပဲ၊ Candidates တွေရဲ့အရည်အချင်းနဲ့ Achievements ပေါ်မူတည်ပြီးရွေးချယ်သွားမှာကိုဆိုလိုခြင်းဖြစ်ပါတယ်)

Scholarship အတွက်ရွေးချယ်တဲ့အချိန်မှာ Candidates တွေက Open Competition အနေနဲ့ပြိုင်ဆိုင်ရမှာဖြစ်ပြီး၊ Candidates တွေရဲ့ Leadership Potential, Academic Excellence, Maturity ဖြစ်မှုနဲ့အမေရိကန်နိုင်ငံရဲ့Culture နဲ့ Environment အတွင်းမှာ Successfully Fit ဖြစ်အောင်နေထိုင်နိုင်မှုစတဲ့စွမ်းရည်တွေ၊ ဒါ့အပြင်ကိုနိုင်ငံအသီးသီးမှရောက်ရှိလာမယ့် Scholarship Winner များနှင့်လဲ Mutual Understanding ပိုမိုရရှိလာအောင်စွမ်းဆောင်ပေးနိုင်မှုစတဲ့အရည်အချင်းတွေပေါ်မူတည်ပြီးမှရွေးချယ်သွားမှာဖြစ်ပါတယ်။

Scholarship လျှောက်ဖို့ဘာတွေလိုအပ်သလဲ?

  1. မြန်မာနိုင်ငံသူနိုင်ငံသားဖြစ်ရပါမယ်။
  2. အနည်းဆုံး Bachelor Degree ရှိထားရပါမယ်။ (Master Degree ရှိထားလျှင်လည်းလျှောက်နိုင်ပါတယ်)
  3. Strong Academic Background ရှိထားရမှာဖြစ်ပြီး၊ အရင်ကသင်ကြားခဲ့တဲ့ Subjects တွေထဲမှာကျွမ်းကျင်တတ်မြောက်ကြောင်းအထောက်အထားရှိရပါမယ်။
  4. TOEFL Score 575 (Paper Based) ဒါမှမဟုတ် 90 (Internet-Based) ရရှိထားရမှာဖြစ်ပါတယ်။ (အကယ်၍ TOEFL Score မရှိထားလျှင်တော့ U.S. Embassy မှပြုလုပ်ပေးတဲ့ Screening Test ကိုဖြေကြားရမှာဖြစ်ပြီး၊ ရွေးချယ်ခံရပါက TOEFL ကိုဆက်လက်ဖြေဆိုသွားရမှာဖြစ်ပါတယ်)
  5. ကိုယ်သင်ကြားမယ့် Field of Study နဲ့ဆိုင်တဲ့ Degree သို့မဟုတ် Professional Expereince ရှိထားရပါမယ်။
  6. အမေရိကန်နိုင်ငံသို့အရင်ကခရီးထွက်ဖူးခြင်း၊ နေထိုင်ဖူးခြင်းမရှိသောသူဖြစ်ရပါမယ်။
  7. အမေရိကန်နိုင်ငံမှဘွဲ့တစ်ခုခုရဖူးထားခြင်းမရှိသောသူ (သို့) Degree Program တစ်ခုခုကိုသင်ကြားဖူးခြင်းမရှိသောသူဖြစ်ရပါမယ်။

အရေးကြီးသောသတိပြုရမည့်အချက်

Scholarship အတွက်ရွေးချယ်ခံရသူဟာအမေရိကန်နိုင်ငံအတွင်းသို့ J-Visa နှင့်ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပြီး၊ Visa Requiremnt အရကျောင်းပြီးဆုံးပါကမိမိနိုင်ငံသို့ပြန်ရောက်၍မွေးရပ်မြေမှာအနည်းဆုံး ၂ နှစ်ပြန်လည်နေထိုင်ပေးရမှာဖြစ်ပါတယ်။

2. Fulbright Foreign Language Teaching Assistant (FLTA) Program

FLTA Program ဆိုတာ English စာသင်ကြားပေးနေတဲ့လူငယ်ဆရာ၊ ဆရာမတွေအတွက်မိမိရဲ့ Teaching Skill နဲ့ English Proficency ကိုပိုမိုမြင့်တင်နိုင်ပြီး၊ U.S. Culture နဲ့ Society အကြောင်းပိုမိုနားလည်လာနိုင်စေဖို့အမေရိကန်နိုင်ငံကို ၉ လခန့်သွားရောက်လေ့လာနိုင်အောင်ငွေကြေးအထောက်အပံ့ပေးတဲ့အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။ (Scholarship ရရှိသူများဟာအမေရိကန်နိုင်ငံမှာ English စာ Proficnecy နဲ့ Teaching Skill ကိုမြင့်နေရင်းတစ်ဖက်မှာလဲ U.S. နိုင်ငံသားတွေကိုမိမိရဲ့မိခင်ဘာသာစကားမြန်မာစာကိုပြန်လည်သင်ကြားပေးရမှာပဲဖြစ်ပါတယ်)

ဒီ Non-Degree Program မှ Scholarship ရရှိသူများအတွက်ကုန်ကျစရိတ်အားလုံးကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ 

Scholarship အတွက်ဘယ်လိုရွေးချယ်မှာလဲ?

Scholarship Awardee ကိုတော့ Candidate တွေရဲ့ Leadership Potential၊ မြန်မာ့ယဥ်ကျေးမှုနဲ့ဘာသာစကားကိုအမေရိကန်ကျောင်းသူကျောင်းသားတွေစိတ်ဝင်တစားဖြစ်အောင်သင်ကြားပြသနိုင်မှုစတဲ့အရည်အချင်းနှစ်ခုပေါ်မူတည်ပြီးရွေးချယ်မှာဖြစ်ပါတယ်။

Scholarship လျှောက်ဖို့ဘာတွေလိုအပ်သလဲ

  1. မြန်မာနိုင်ငံသူ၊နိုင်ငံသားဖြစ်ရပါမယ်။
  2. Scholarship ရွေးချယ်နေတဲ့ Process တစ်ခုလုံးအတွင်းမြန်မာနိုင်ငံမှာနေထိုင်နေသူဖြစ်ရပါမယ်။
  3. လက်ရှိ English စာသင်ကြားပေးနေသောဆရာ (သို့) ဆရာဖြစ်ရန် Training ဆင်းနေပြီး၊ အသက် ၃၀ ထက်မကျော်လွန်သောသူဖြစ်ရပါမယ်။
  4. အနည်းဆုံး Bachelor Degree တစ်ခုရှိထားရပါမယ် (အခြားသော Advanced Degree များ၊ ဥပမာ Master Degree ရှိထားလျှင်လည်းလျှောက်နိုင်ပါတယ်။)
  5. Strong Academic Background ရှိထားရမှာဖြစ်ပြီး၊ အရင်ကသင်ကြားခဲ့တဲ့ Subjects တွေထဲမှာကျွမ်းကျင်တတ်မြောက်ကြောင်းအထောက်အထားရှိရပါမယ်။
  6. TOEFL PBT Score 550 (သို့) TOEFL IBT Score 79-80 (သို့) IELTS Score 6.0 ရှိထားရမှာဖြစ်ပြီး၊ English စာမှာလဲ Proficient ဖြစ်သူဖြစ်ရပါမယ်။
  7. အမေရိကန်နိုင်ငံသို့အရင်ကခရီးထွက်ဖူးခြင်း၊ နေထိုင်ဖူးခြင်းမရှိသောသူဖြစ်ရပါမယ်။
  8. အမေရိကန်နိုင်ငံမှဘွဲ့တစ်ခုခုရဖူးထားခြင်းမရှိသောသူ (သို့) Degree Program တစ်ခုခုကိုသင်ကြားဖူးခြင်းမရှိသောသူဖြစ်ရပါမယ်။

အရေးကြီးသောသတိပြုရမည့်အချက်

Material Misrepresentation (ဥပမာ Plagiarism (သို့) မှားယွင်းသော Information ပေးခြင်း) ကိုတွေ့ရှိပါက Selection Process မှအချိန်မရွေးထုတ်ပယ်ခြင်းခံရနိုင်ပြီး၊ အနာဂတ်မှာ Application ထပ်လျှောက်ခွင့်လဲပိတ်ပင်ခံရနိုင်ပါတယ်။ 

Scholarship အတွက်ရွေးချယ်ခံရသူဟာအမေရိကန်နိုင်ငံအတွင်းသို့ J-Visa နှင့်ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပြီး၊ Visa Requiremnt အရကျောင်းပြီးဆုံးပါကမိမိနိုင်ငံသို့ပြန်ရောက်၍မွေးရပ်မြေမှာအနည်းဆုံး ၂ နှစ်ပြန်လည်နေထိုင်ပေးရမှာဖြစ်ပါတယ်။

ယခု ၂၀၂၅ အတွက် Scholarship လျှောက်လွှာနောက်ဆုံးလက်ခံတဲ့ရက်မှာကျော်လွန်သွားပြီဖြစ်ပေမယ့် ၂၀၂၆ အတွက်ခုကတည်းကပြင်ဆင်ထားလို့ရနေပါပြီ။

3. Hubert H. Humphrey Fellowship Program

Hubert H. Humphrey Fellowship Program ဆိုတာမြန်မာနိုင်ငံကဘွဲ့ရပြီးသား Young Professional တွေအတွက်မိမိရဲ့ Work Professional Experience ကိုပိုမိုတိုးမြင့်နိုင်အောင်၊ မိမိနဲ့သက်ဆိုင်တဲ့ Academic Coursework တွေကိုပိုပြီးလေ့လာနိုင်အောင်အမေရိကန်နိုင်ငံမှာ ၁ နှစ်ခန့်သွားရောက်နေထိုင်နိုင်ဖို့ငွေကြေး Sponsor ပေးတဲ့ Non-Degree Program တစ်ခုပဲဖြစ်ပါတယ်။

ဒီ Program မှ International နဲ့ Domestic travel ဆိုင်ရာကုန်ကျစရိတ်၊ ကျောင်းလခနဲ့ကျောင်းနှင့်သက်ဆိုင်သောကုန်ကျစရိတ်အားလုံး၊ ကျန်းမာရေးနှင့်ဆိုင်တဲ့ကုန်ကျစရိတ်၊ အလုပ်နဲ့ဆိုင်တဲ့ Activities တွေအတွက်ကုန်ကျစရိတ်အားလုံးစတာတွေအတွက်ငွေကြေးထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ (သို့သော်မိမိနှင့်အဖော်လိုက်ခဲ့သော Dependents တွေအတွက်တော့ငွေကြေးထောက်ပံ့ခြင်းလုံးဝပြုလုပ်ပေးမှာမဟုတ်ပါဘူး)

Scholarship အတွက်ဘယ်လိုရွေးချယ်မှာလဲ?

Scholarship Awardee ကိုရွေးချယ်ရာမှာတော့ Leadership စွမ်းရည်၊ Public sector မှာဖြစ်စေ၊ Private sector မှာဖြစ်စေ Public Service Commitment စွမ်းဆောင်နိုင်မှုစတဲ့အရည်အချင်းတွေပေါ်မူတည်ပြီးရွေးချယ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Scholarship လျှောက်ထားမယ့်သူဟာမိမိလျှောက်လိုတဲ့ Field ထဲမှာအနည်းဆုံး ၅ နှစ် Professional Work Experience ရှိထားပြီးဖြစ်ဖို့တော့အရေးကြီးပါတယ်။

ဒီ Program မှာရွေးချယ်ခံရပြီဆိုရင်တော့အမေရိကန်နိုင်ငံက Host Campuses 13 ခုခန့်မှာ Non-Degree Study အတွက်သွားရောက်လေ့လာခွင့်ရမှာဖြစ်ပြီး၊ အမေရိကန်နိုင်ငံအခြေစိုက် Governemntal, Non-governmental, Private Sector or International Organization တွေမှာအနည်းဆုံးရက်သက်တပတ် ၆ ပတ်အလုပ်အတွ့အကြုံယူနိုင်တဲ့အခွင့်အရေးလဲရရှိမှာပဲဖြစ်ပါတယ်။

Program လျှောက်ဖို့ဘာတွေလိုအပ်သလဲ?

  1. မြန်မာနိုင်ငံသူနိုင်ငံသားဖြစ်ပြီး၊ ဘွဲ့ရရှိပြီးသားသူဖြစ်ရပါမယ်။
  2. မိမိလုပ်လိုသော Field တွင်အနည်းဆုံး Professional Work Experience ၅ နှစ်ရှိထားရပါမယ်။ 
  3. Leadership Skills ရှိပြီး၊ Public အတွက် Service လုပ်ပေးခဲ့ဖူးကြောင်းအထောက်အထားနှင့်မိမိ၏ Professional Advancement အတွက်အလားအလာရှိသောသူဖြစ်ရပါမယ်။
  4. ယခု Program သို့ပါဝင်ရန်အလုပ်ရှင်ထံမှခွင့်ပြုကြောင်းထောက်ခံစာလိုအပ်ပါမယ်။
  5. TOEFL Score 575 (Paper Based) ဒါမှမဟုတ် 90 (Internet-Based) ရရှိထားရမှာဖြစ်ပါတယ်။ (အကယ်၍ TOEFL Score မရှိထားလျှင်တော့ U.S. Embassy မှပြုလုပ်ပေးတဲ့ Screening Test ကိုဖြေးကြားရမှာဖြစ်ပြီး၊ ရွေးချယ်ခံရပါက TOEFL ကိုဆက်လက်ဖြေဆိုသွားရမှာဖြစ်ပါတယ်)
  6. အမေရိကန်နိုင်ငံမှာအရင်ကပညာသင်ဖူးခြင်း၊ အလုပ်လုပ်ဖူးခြင်းမရှိသောသူဖြစ်ရပါမယ်။

ဘယ် Field တွေကိုလျှောက်နိုင်သလဲ?

ဒီ Program မှာတော့လျှောက်ထားနိုင်တဲ့ Fields of Study တွေကကန့်သတ်ချက်ရှိပြီး၊ အောက်ဖော်ပြပါ Fields တွေကိုသာလျှင်လျှောက်နိုင်မှာဖြစ်ပါတယ်။

  1. Human and Institutional Capacity: Economic Development; Finance & Banking; Public Policy Analysis and Public Administration; Technology Policy and Management; Human Resource Management.
  2. Rights and Freedoms: Communications and Journalism; Law and Human Rights; International Religious Freedom; Trafficking in Persons Policy and Prevention.
  3. Sustainable Lands: Agricultural and Rural Development; Natural Resources, Environmental Policy, and Climate Change; Urban and Regional Planning.
  4. Thriving Communities: Contagious and Infectious Diseases; Public Health Policy and Management; HIV & AIDS, Policy and Prevention; Substance Abuse Education, Treatment and Prevention; Educational Administration, Planning and Policy; Higher Education Administration; Teaching English as a Foreign Language.

အရေးကြီးသောသတိပြုရမည့်အချက်

Scholarship အတွက်ရွေးချယ်ခံရသူဟာအမေရိကန်နိုင်ငံအတွင်းသို့ J-Visa နှင့်ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပြီး၊ Visa Requiremnt အရကျောင်းပြီးဆုံးပါကမိမိနိုင်ငံသို့ပြန်ရောက်၍မွေးရပ်မြေမှာအနည်းဆုံး ၂ နှစ်ပြန်လည်နေထိုင်ပေးရမှာဖြစ်ပါတယ်။

ယခု ၂၀၂၅ အတွက် Scholarship လျှောက်လွှာနောက်ဆုံးလက်ခံတဲ့ရက်မှာကျော်လွန်သွားပြီဖြစ်ပေမယ့် ၂၀၂၆ အတွက်ခုကတည်းကပြင်ဆင်ထားလို့ရနေပါပြီ။

4. Southeast Asia Youth Leadership Program (SEAYLP)

Southeast Asia Youth Leadership Program ဆိုတာအသက် ၁၅ နှစ်မှ ၁၇နှစ်အတွင်းရှိမြန်မာလူငယ်လေးများအတွက် Youth Development နဲ့ Leadership စွမ်းရည်မြင့်မားလာစေဖို့အမေရိကန်နိုင်ငံကို Excahnge ကျောင်းသူကျောင်းသားအနေနဲ့ ရက်သက်တပတ်  ပတ်သွားရောက်လေ့လာခွင့်ရနိုင်ဖို့ငွေကြးအထောက်အပံ့ပေးတဲ့အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။ 

ဒီ Program မှာ Site Visit, Workshop, Study Tour, Workshops, Interstice Sessions, Diplomacy Simulation, Leadership Training, Team-building Exercises စတဲ့ Activities တွေမှာပါဝင်မှာဖြစ်ပြီး၊ Volunteer, Networking စတဲ့ Opportunities များစွာကိုလဲရရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Program ပြီးဆုံးသွားရင်လဲမိမိနိုင်ငံမှာ Follow-On Projects နဲ့ Activities တွေကိုဆက်လက်အကောင်အထည်ဖော်၊ လုပ်ကိုင်နိုင်တဲ့အခွင့်အရေးရှိမှာပဲဖြစ်ပါတယ်။

ဒီ Program အတွက်ရွေးချယ်ခံရသူများဟာအမေရိကန်နိုင်ငံ Illinois က Dekalb မြို့မှာ April 20 မှ May 12 ထိသွားရောက်လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။ 

Program လျှောက်ဖို့ဘာတွေလိုအပ်သလဲ?

  1. အသက် ၁၅ နှစ်မှ၁၇နှစ်အတွင်းဖြစ်ရပါမယ်
  2. အထက်တန်း (သို့) တက္ကသိုလ်ပထမနှစ်ကျောင်းသူကျောင်းသားဖြစ်ရပါမယ်
  3. Civic Action နဲ့ Community Service ကိုစိတ်ဝင်စားသူဖြစ်ရပါမယ်
  4. Strong Academic Background ရှိပြီး၊ Social Skill ကောင်းမွန်သူ၊ Leadership Potential ရှိသူဖြစ်ရပါမယ်
  5. ရင့်ကျက်မှုအသင့်အတင့်ရှိပြီး၊ Open-minded ဖြစ်ကာ Internaionl Exchange Program အတွက်စိတ်အားထက်သန်သူဖြစ်ရပါမယ်

အဖော်အဖြစ်လိုက်ပါဖို့ဘာတွေလိုအပ်သလဲ?

  1. အသက် ၃၀ မှ ၄၀ကြားရှိသူဖြစ်ရပါမယ်
  2. ကျောင်းဆရာ (သို့) လူငယ်တွေကိုလမ်းပြခေါင်းဆောင်နိုင်သူတစ်ဦးဖြစ်ရပါမယ်
  3. English စာမှာ Proficient ဖြစ်ပြီး၊ ဘွဲ့ရရှိထားသူဖြစ်ရပါမယ်
  4. SEAYLP Program ပြီးဆုံးချိန်အထိ Scholarship ရွေးချယ်ခံရသူအတွက်အဖော်အဖြစ်ရှိနေပေးရပါမယ်
  5. Program ရဲ့ Goal တွေပြည့်ဝအောင်ကူညီဆောင်ရွက်ပေးနိုင်သူဖြစ်ရပါမယ်

Program Goal များ

  1. အမေရိကန်နိုင်ငံမှလူငယ်များနှင့်အရှ့အာရှနိုင်ငံများမှလူငယ်များတစ်ဦးနှင့်တစ်ဦးအပြန်အလှန်နားလည်မှုပိုမိုတိုးတက်လာစေရန်
  2. လူငယ်များ Leadership Skill ပိုမိုတိုးတက်လာစေရန်
  3. လူငယ်များအချင်းချင်းမတူညီသော Background တွေကိုပိုမိုသတိပြုနားလည်လာနိုင်စေရန်
  4. Leadership စွမ်းရည်နှင့်လူငယ်များတိုးတက်မှုကိုဦးတည်ပြီး၊ အမေရိကန်နိုင်ငံနှင့်အရှေ့တောင်အာရှနိုင်ငံများမှကြုံတွေ့နေရသောဘုံအခက်အခဲများကိုပိုမိုနားလည်လာစေရန်တို့ဖြစ်ပါတယ်။

အရေးကြီးသောသတိပြုရမည့်အချက်

ယခု Program အတွက်လျှောက်လွှာနောက်ဆုံးလက်ခံတဲ့ရက်မှာကျော်လွန်သွားပြီဖြစ်ပေမယ့် ၂၀၂၆ အတွက်ခုကတည်းကပြင်ဆင်ထားလို့နေပြီဖြစ်ပါတယ်။

Google Ad Space