ထိုင်းနိုင်ငံသွားချင်သူများသိထားသင့်သော Thai Visa အမျိုးအစားများ ၄ ခု
Published Year: 20/07/2024
By: Karl

နိဒါန်း
ဒီ Content မှာတော့မြန်မာနိုင်ငံမှထိုင်းနိုင်ငံသွားချင်သောလူငယ်များအတွက်သိထားသင့်သော Visa အမျိုးအစား ၄ ခုကိုအကျဥ်းချုပ်ပြောပြသွားမှာပဲဖြစ်ပါတယ်။
1. Tourist Visa
ဒီ Visa ကတော့ထိုင်းနိုင်ငံကိုရက်ရှည်အလည်အပတ်သွားချင်သူများအတွက်ဖြစ်ပါတယ်။ ဒီ Visa ကိုထပ်ပြီးတော့အမျိုးအစားနှစ်ခုပြန်ခွဲလို့ရပါတယ်။ Single Entry နဲ့ Multiple Entry ဖြစ်ပါတယ်။
Tourist Visa (Single Entry): Visa သက်တမ်း (Validity of Visa) ၃ လရပါမယ်။ ထိုင်းနိုင်ငံအတွင်းသို့တစ်ကြိမ်သာဝင်ရောက်ခွင့်ရပါမယ်။ ၂လ (ရက်ပေါင်း ၆၀) နေထိုင်ခွင့်ရှိပါတယ်။ ၂လနေထိုင်ပြီးပါကနောက်ထပ်ရက် ၃၀ နေထိုင်ခွင့်တစ်ခါထပ်တိုးလျောက်လို့ရပါတယ်။ Visa Application Fee က 40 USD ရှိပါမယ်။
ဥပမာပေးရရင်ကိုယ်က 1st January မှာ Visa issue လုပ်တယ်ဆိုရင်နောက်သုံးလ 1st April ထိ Visa သက်တမ်းရရှိမှာဖြစ်ပြီး၊ Visa သက်တမ်း Expire မဖြစ်ခင်ထိုင်းနိုင်ငံအတွင်းကိုဝင်ရမှာဖြစ်ပါတယ်။ အကယ်၍ ထိုင်းနိုင်ငံအတွင်းသို့မဝင်ခင် Visa သက်တမ်း Expire ဖြစ်သွားခဲ့ရင်တော့နောက်ထပ် Visa အသစ်တစ်ခုကိုထပ်လျှောက်ရမှာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းသို့ရောက်ပြီဆိုရင် (ထိုင်း Airport က Immigration ကိုဖြတ်ပြီးတာနဲ့) ရက်ပေါင်း ၆၀ နေထိုင်ခွင့်စတင်ရေတွက်မှာပဲဖြစ်ပါတယ်။
Tourist Visa (Multiple Entry): Visa သက်တမ်း (Validity of Visa) ၆ လရပါမယ်။ ထိုင်းနိုင်ငံအတွင်းသို့အကြိမ်များစွာအဝင်အထွက်ပြုလုပ်နိုင်ပါတယ်။ ထိုင်းနိုင်ငံထဲသို့တစ်ကြိမ်ဝင်ရောက်ပြီးတိုင်းရက်ပေါင်း ၆၀ နေထိုင်ခွင့်ရှိပါတယ်။ (ရက်ပေါင်း ၆၀ ပြည့်ပါကနိုင်ငံအပြင်သ်ို့အထွက်ပြပြီးပြန်ဝင်လျှင်ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။) Visa Application Fee က 200 USD ရှိပါမယ်။
ဥပမာပေးရရင််ကိုယ်က 1st January မှာ Visa issue လုပ်တယ်ဆိုရင် နောက် ၆ လ 1st July ထိ Visa သက်တမ်းရရှိမှာဖြစ်ပြီး၊ Visa Expire မဖြစ်ခင်ထိအကြိမ်များစွာထိုင်းနိုင်ငံသို့အဝင်အထွက်လုပ်နိုင်ပါတယ်။ သို့ပေမယ့်ထိုင်းနိုင်ငံအတွင်းသို့တစ်ကြိမ်ဝင်ရောက်ပြီးတိုင်းရက်ပေါင်း ၆၀ သာနေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
Tourist Visa လျှောက်ရန်လိုအပ်သော Documents များ
- Visa လျှောက်မည့်ရက်မှအနည်းဆုံး ၆ လသက်တမ်းကျန်ရှိရမည့် Passport နှင့် Visa တံဆိပ်တုံးထုရန် Passport Blank Paper
- သိန်း ၂၀ သို့မဟုတ် ၂၀ နှင့်အထက်ရှိသော မိမိအမည်နှင့် Bank စာအုပ်မူရင်းနှင့် Bank Statement မူရင်း
- Visa လျှောက်ရန်ဖြည့်ထားပြီး၊ လက်မှတ်ထိုးထားသည့် Completed ဖြစ်ပြီး Visa Application Form
- လေယာဥ်အသွားအပြန်လက်မှတ် (၁၄ ရက်နှင့်အထက်ရှိရပါမယ်)
- ၁၄ ရက်နှင့်အထက် Hotel Booking လုပ်ထားပါတယ်ဆိုသောသက်သေအထောက်အထားတို့ပဲဖြစ်ပါတယ်။
မှတ်ချက်
Visa သက်တမ်း (Validity of Visa) ဆိုသည်မှာ Visa Issue လုပ်သည့်နေ့မှစ၍ရေတွက်ပါသည်။ Visa သက်တမ်း (Validilty of Visa) မကုန်ခင်နိုင်ငံအတွင်းသို့ဝင်ရောက်ရပါမယ်။ သက်တမ်းကုန်လွန်သွားပါက နိုင်ငံအတွင်းဝင်ရောက်ရန် Visa အသစ်ပြန်လျှောက်ရပါမယ်။
Period of Stay နေထိုင်ခွင့်ဆိုသည်မှာလေဆိပ်ကိုဖြတ်ကျော်ပြီးသည့်နေ့မှစ၍ရေတွက်ပါသည်။ ခွင့်ပြုထားသောရက်ထက်ကျော််လွန်၍နေထိုင်ခဲ့ပါကဒဏ်ငွေဆောင်ရပြီး၊ နောက်တစ်ကြိမ် Visa ထပ်လျှောက်ခွင့်ပိတ်ပင်ခံရနိုင်ပါတယ်။
2. Non-Immigrant ED Visa
ဒီ Visa အမျိုးအစားကတော့ ထိုင်းနိုင်ငံမှာကျောင်းသွားတက်ချင်သူများအတွက်ဖြစ်ပါတယ်။ Visa သက်တမ်း ၃ လရပါမယ်။ သက်တမ်း ၃ လမလွန်ခင်ထိုင်းနိုင်ငံထဲသို့ဝင်ရပါမယ်။ ၃ လသက်တမ်းကုန်သွားပါက Extention အနေနဲ့ ၁ နှစ်ဆီ Visa သက်တမ်းတိုးသွားလို့ရပါတယ်။ Visa Application Fee က 80 USD ရှိပါမယ်။
Non-Immigrant ED Visa လျှောက်လိုအပ်သော Documents များ
- Visa လျှောက်မည့်ရက်မှအနည်းဆုံး ၆ လသက်တမ်းကျန်ရှိရမည့် Passport
- Visa လျှောက်ရန်ဖြည့်ပြီးလက်မှတ်ထိုးထားသည့် Completed Visa Application Form
- မကြာသေးခင်ကရိုက်ထားသည့် Visa လျှောက်မည့်သူ၏ 3.5 cm x 4.5 cm ဓာတ်ပုံ
- မိမိတက်ရောက်မည့်ကျောင်း၏ Acceptance Letter or Confirmation Letter
- ကျောင်းစရိတ်၊နေစရိတ်၊ စားစရိတ်ကာမိသောငွေကြေး Amount ရှိသည့် မိမိအမည်နှင့် Bank စာအုပ်မူရင်း၊ Bank Statement မူရင်း (၁၈ နှစ်အောက်ဆိုလျှင်မိဘ၏ Bank စာအုပ်နှင့်လဲလျှောက်၍ရပါသည်။ သို့ပေမယ့် Sponsor Letter နဲ့ Birth Certificate တွေလိုအပ်ပါမည်။)
- ဒီ ၅ ခုအပြင်သံရုံးမှတောင်းသောအခြားသောစာရွက်စာတမ်းတို့ဖြစ်ပါတယ်။ (အခြေအနေပေါ်မူတည်၍သံရုံးဖက်မှတောင်းသောစာရွက်စာတမ်းများကွဲပြားမှုရှိနိုင်ပါတယ်)။
3. Non-Immigrant Visa (O)
ဒီ Visa အမျိုးအစားကတော့ ထိုင်းနိုင်ငံအတွင်းမှာအလုပ်လုပ်၊ ပညာသင်ကြားနေသောမိသားစုဝင်များနှင့်တွေ့ဆုံလိုသူများအတွက်ဖြစ်ပါသည်။ ဒီ Visa အမျိုးအစားမှာလဲ Single Entry နဲ့ Multiple Entry ဆိုပြီး နှစ်မျိုးထပ်ခွဲလို့ရပါမယ်။ Visa သက်တမ်း ၃ လရပါမယ်။ Single Entry အတွက် Visa Application Fee က 80 USD ရှိပြီး၊ Multiple Entry အတွက် Visa Application Fee က 200 USD ရှိပါမယ်။
Non-Immigrant Visa (O) လျှောက်ရန်လိုအပ်သော Documents များ
- Visa လျှောက်မည့်ရက်မှအနည်းဆုံး ၆ လသက်တမ်းကျန်ရှိရမည့် Passport
- Visa လျှောက်ရန်ဖြည့်ပြီးလက်မှတ်ထိုးထားသည့် Completed Visa Application Form
- မကြာသေးခင်ကရိုက်ထားသည့် Visa လျှောက်သူ၏ဓာတ်ပုံ
- မိမိသွားရောက်တွေ့ဆုံမည့်လူ၏မိသားစုဝင်ဖြစ်ကြောင်းထောက်ခံပေးထားသော School သို့မဟုတ် Company ဘက်မှအာမခံစာ
- မိမိသွားရောက်တွေ့ဆုံမည့်လူ၏ Passport စာမျက်နှာနှင့် Visa စာမျက်နှာ
- Thai Work Permit or Student ID Card မိတ္တူ
- လက်ထပ်စာချုပ် (အိမ်ထောင်သည်များလျှောက်လျှင်လိုအပ်ပါသည်)၊ မွေးစာရင်းနှင့်အိမ်ထောင်စုစာရင်း (မိဘနှင့်သားသမီးများလျှောက်လျှင်လိုအပ်ပါသည်)
- Company ဘက်မှ Business Certificate
- Bank စာအုပ်နှင့် Bank Statement
- အခြားသောစာရွက်စာတမ်းများ (အခြေအနေပေါ်မူတည်၍သံရုံးဖက်မှတောင်းသောစာရွက်စာတမ်းများကွဲပြားမှုရှိနိုင်ပါတယ်)။
4. Non-Immigrant Visa (B)
ဒီ Visa အမျိုးအစားကတော့ ထိုင်းနိုင်ငံကိုအလုပ်အကိုင်ကိစ္စနဲ့သွားရောက်လိုသူများအတွက်ဖြစ်ပါတယ်။ ဒီ Visa အမျိုးအစားမှာလဲ Single Entry နဲ့ Multiple Entry ဆိုပြီး နှစ်မျိုးထပ်ခွဲလို့ရပါမယ်။
Single Entry: Visa သက်တမ်း (Validity of Visa) ၃ လရပါမယ်။ ထိုင်းနိုင်ငံအတွင်းသို့တစ်ကြိမ်သာဝင်ရောက်ခွင့်ရပါမယ်။ ၃လ (ရက်ပေါင်း ၉၀) နေထိုင်ခွင့်ရှိပါတယ်။ Visa Application Fee က 80 USD ရှိပါမယ်။
Multiple Entry: Visa သက်တမ်း (Validity of Visa) ၁နှစ််ရပါမယ်။ ထိုင်းနိုင်ငံအတွင်းသို့တစ်ကြိမ်ထက်မက အကြိမ်များစွာဝင်ထွက်နိုင်ခွင့်ရှိပါတယ်။ တစ်ကြိမ်ဝင်ရောက်ပြီးလျှင် ရက်ပေါင်း ၉၀ နေထိုင်ခွင့်ရှိပါတယ်။ Visa Application Fee က 200 USD ရှိပါမယ်။
Non-Immigrant (B) လျှောက်ရန်လိုအပ်သော Documents များ
- Visa လျှောက်မည့်ရက်မှအနည်းဆုံး ၆ လသက်တမ်းကျန်ရှိရမည့် Passport
- Visa လျှောက်ရန်ဖြည့်ပြီးလက်မှတ်ထိုးထားသည့် Visa Application Form
- မကြာသေးခင်ကရိုက်ထားသည့် Visa လျှောက်သူ၏ 3.5 cm x 4.5 cm ဓာတ်ပုံ
- Bank စာအုပ်နှင့် Bank Statement
- Business နှင့်ဆိုင်သောအောက်ပါစာရွက်စာတမ်းများ (Business နှင့်ဆိုင်သော Categories များထဲမှလူငယ်များအတွက် Category နှစ်ခုကိုသာရွေးချယ်ပြီးဖော်ပြထားပါတယ်။ အသေးစိတ်ကိုတော့ ဒီ Link ထဲမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။ https://yangon.thaiembassy.org/en/publicservice/non-immigrant-b-and-ib-visa?page=636b8dd1bd89964efa299793&menu=5d9ee5ccb0f40905b305f052
ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်ဖို့သွားသူများအတွက်
- ထိုင်းအလုပ်ရှင်ဖက်မှထုတ်ပေးသော Visa လျှောက်လိုသူ၏အလုပ်အကိုင်၊ ရာထူး၊ လစာ၊ လုပ်ကိုင်ရမည့်အချိန်ကာလစသည်တို့ကိုဖော်ပြထားသောထောက်ခံစာ
- Department of Employment မှထုတ်ပေးသော Work Permit သို့မဟုတ် Approval Letter (သို့မဟုတ်) မိမိသွားလုပ်မည့် Company က BOI အောက် မှတ်ပုံတင်ထားလျှင် BOI မှထောက်ခံစာ။ (အရင်ကထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်ဖူးလျှင် ယခင်ကရရှိထားသည့် Work Permit သို့မဟုတ် Approval Letter လဲလိုအပ်ပါတယ်)။
- Visa လျှောက်လိုသူ၏ Professional Qualification နှင့်အလုပ်အကိုင်အတွေ့အကြုံကိုဖော်ပြနိုင်သောအထောက်အထား
- မိမိလျှောက်လိုသည့် Company ၏အသေးစိတ်အချက်အလက် (ဥပမာ Company ၏မှတ်ပုံတင်နှင့်လိုင်စင်၊ တည်နေရာစသဖြင့်)
- Alien income tax return (Por Ngor Dor 91) နဲ့ Value-added tax registration (Por Por 20)၊ ဒီစာရွက်စာတမ်းမှာတော့ Company ဘက်မှတာဝန်ရှိသူလက်မှတ်နှင့် Company တံဆိပ်တုံးပါရှိရမှာဖြစ်ပြီး တာဝန်ရှိသူ၏ ID ကိုလည်းသံရုံးဖက်သို့ပေးရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်းအလုပ်သင်နှင့် Internship သွားသူများအတွက်
- ထိုင်းအလုပ်ရှင်ဖက်မှထုတ်ပေးသော Visa လျှောက်လိုသူအတွက် Internship အသေးစိတ် (အလုပ်အကိုင်၊ ရာထူး၊ လစာ၊ လုပ်ကိုင်ရမည့်အချိန်ကာလစသည်တို့ကိုဖော်ပြထားသောထောက်ခံစာ)၊ ထောက်ခံစာတွင် အလုပ်ရှင်ဖက်မှတာဝန်ရှိသူ၏လက်မှတ်နှင့်၎င်း၏ ID Copy
- Company ၏အသေးစိတ်အချက်အလက်
- အကယ်၍မိမိလုပ်ကိုင်မည့် Internship ကတက္ကသိုလ်ဖက်မှပေးသော Internship ဖြစ်တယ်ဆိုရင်တက္ကသိုလ်ဖက်မှထောက်ခံစာလိုအပ်ပါမယ်
နိဂုံး
အကုန်လုံးကိုပြန်ချုပ်ရရင် ဒီ Content လေးမှာ လူငယ်များအတွက်သင့်တော်သောထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်နိုင်မည့် Visa အမျိုးအစား ၄ ခုကိုအကျဥ်းချုံးပြောပြခဲ့တာပဲဖြစ်ပါတယ်။ အသေးစိတ်ကိုသိရှိချင်ရင်တော့ Royal Thai Embassy Yangon ဆိုတဲ့ Website ထဲမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။