Google Ad Space

အမေရိကန်အစိုးရမှမြန်မာနိုင်ငံသားတွေအတွက်ပေးတဲ့ Scholarship Programs များအကြောင်း - Part 2

Published Year: 31/07/2024

By: Karl

Image 0

1. Fulbright Teaching Excellence and Achievement (TEA) Program

Fulbright Teaching Excellence and Achievement (TEA) Program ဆိုတာအလယ်တန်းပြကျောင်းဆရာ၊ ဆရာမတွေကိုအမေရိကန်နိုင်ငံကတက္ကသိုလ်တွေမှာပြုလုပ်တဲ့ Academic Seminar များတက်ရောက်နိုင်ဖို့အမေရိကန်နိုင်ငံကိုရက်သက်တပတ် ၆ ပတ်သွားရောက်နိုင်အောင်ငွေကြေးအထောက်အပံ့ပေးတဲ့အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။

Academic Semiar မှာ Scholarship ရွေးချယ်ခံရသူများဟာ Local ကျောင်းသူကျောင်းသား၊ ဆရာ၊ ဆရာမများနှင့်ထိတွေ့ဆက်ဆံခွင့်ရရှိပြီး၊ပညာသင်ကြားရးဆိုင်ရာနည်းစနစ်၊ အတွေ့အကြုံများကိုဖလှယ်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ 

Semiar မှာအဓိကအာရုံစိုက်ဆွေးနွေးခွင့်ရရှိမယ့်အကြောင်းအရာတွေကတော့ စာသင်ကြားမှုဆိုင်ရာနည်းစနစ်တွေ၊ ကျောင်းသားဗဟိုပြုသင်ကြားမှုစနစ်တွေ၊ Content-Based သင်ကြားမှုပုံစံတွေ၊ သင်ခန်းစာကြိုတင်ပြင်ဆင်ပုံနည်းစနစ်တွေ၊ သင်ကြားမှုအထောက်အကူပြုကိရိယာတွေနဲ့နည်းပညာအသုံးချမှုဆိုင်ရာအကြောင်းအရာတွေပဲဖြစ်ပါတယ်။ 

ဒါ့အပြင်ကို Gender Education, Climate Education နဲ့ Media Literacy စတဲ့အကြောင်းအရာတွေကိုလဲလေ့လာဆွေးနွေးခွင့်ရရှိမှာဖြစ်ပြီး၊ အခြားသော Professional Development & Cultural Activities တွေမှာလဲပါဝင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။

Scholarship လျှောက်ဖို့ဘာတွေလိုအပ်သလဲ?

  1. မြန်မာနိုင်ငံသူနိုင်ငံသားဖြစ်ရပါမယ်။
  2. လက်ရှိအချိန်ပြည့်အလယ်တန်းပြဆရာ၊ဆရာမဖြစ်ရပါမယ်။ ဒါ့အပြင်ကို English, Math, Science, Foreign Language, Social Studies, Journalism or Communication ဘာသာရပ်တစ်ခုခုကိုသင်ကြားပြသပေးနေသူဖြစ်ရပါမယ်။
  3. Bachelor’s Degree ရရှိပြီးသူဖြစ်ရပါမယ်။
  4. Scholarship လျှောက်ချိန်တွင်အနည်းဆုံးဆရာသက်တမ်း ၃ နှစ်ရှိပြီးဖြစ်ရပါမယ်။ (သို့ပေမယ့်ဆရာသက်တမ်း ၅ နှစ်ရှိသူများကိုပိုဦးစားပေးသွားမှာဖြစ်ပါတယ်)
  5. English စာ Proficient Level ရှိသူဖြစ်ရပါမယ်။
  6. အခြားသော Officer ဖက်မှတောင်းသော Requirements တွေပဲဖြစ်ပါတယ်။

အသေးစိတ်ကိုသိရှိစေရန် www.fulbrightteacherexchanges.org မှာသွားရောက်လေ့လာနိုင်သလို FulbrightTeach@irex.org သို့လဲ Email ဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အရေးကြီးသောသတိပြုရမည့်အချက်

သတင်းကောင်းတစ်ခုကတော့ဒီ Program အတွက်လျှောက်လွှာများကိုဆက်လက်လက်ခံနေပါသေးတဲ့အချက်ပဲဖြစ်ပါတယ်။ ဒီ Program ရဲ့ Timeline ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

Spring 2025 Cohort Program…………………………………January – March 2025

Fall 2025 Cohort Program………………………………………September – October 2025

လျှောက်လွှာ Form များကိုအောက်ပါ Link များမှရယူနိုင်ပါတယ်။

https://mm.usembassy.gov/wp-content/uploads/sites/41/FY24-FTEA-Application.pdf

https://mm.usembassy.gov/wp-content/uploads/sites/41/Fulbright-TEA-Institutional-Support-and-Reference-Form-ISRF.pdf

https://mm.usembassy.gov/wp-content/uploads/sites/41/Fulbright-TEA-Leave-Approval-Form-LAF.pdf

2. Fulbright U.S. - ASEAN VISITING SCHOLAR PROGRAM (USAS)

Fulbright U.S. - ASEAN VISITING SCHOLAR PROGRAM (USAS) ဆိုတာကအမေရိကန်နိုင်ငံမှာ ၃/ ၄ လခန့်သွားရောက်ပြီး Academic ဆိုင်ရာ Research တွေ၊ Lecture တွေ၊ Conferences တွေ၊ Seminar တွေပြုလုပ်ပါဝင်နိုင်ဖို့ငွေကြေးအထောက်အပံ့ပေးတဲ့အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။

ဒီ Program အတွက်လျှောက်ထားလို့ရတဲ့ Field of Study ကတော့ကန့်သတ်ချက်ရှိပြီး၊ အဓိကအားဖြင့်အောက်ပါ Field တွေအတွက်သာဖြစ်ပါတယ်။

  1. Education
  2. Financial Market Integration
  3. Food Technology
  4. Information Sciences
  5. Journalism
  6. Law
  7. Pubic Administration
  8. Public/ Global Health
  9. Trade and Investment 

Program လျှောက်ဖို့ဘာတွေလိုအပ်သလဲ?

  1. မြန်မာနိုင်ငံသူနိုင်ငံသားဖြစ်ရပါမယ်။
  2. အနည်းဆုံး Bachelor’s Degree ရှိထားရပါမယ်။
  3. English စာ Proficient Level ရှိသူဖြစ်ရပါမယ်။ TOEFL 550 ရရှိရပါမယ်။ (ဒီ Program လျှောက်ဖို့ TOEFL အမှတ်ရှိထားရန်မလိုသော်လည်း၊ လျှောက်နေတဲ့ Process အတွင်းမှာတော့ TOEFL ဖြေဖို့တောင်းဆိုကောင်းတောင်းဆိုနိုင်ပါတယ်)
  4. မိမိလျှောက်လိုသော Field နှင့်သက်ဆိုင်သော Degree ရှိထားရမှာဖြစ်ပြီး၊ Professional အတွေ့အကြုံကောင်းကောင်းလဲရှိထားသင့်ပါတယ်။
  5. အမေရိကန်နိုင်ငံမှာအရင်ကပညာသင်ဖူးခြင်း၊ အလုပ်လုပ်ဖူးခြင်းမရှိသောသူဖြစ်ရပါမယ်။
  6. လက်ရှိလုပ်ကိုင်နေသောအလုပ် (သို့) Institution ဘက်မှ Program သို့ပါဝင်ရန်သဘောတူခွင့်ပြုပေးရပါမယ်။

အရေးကြီးသောသတိပြုရမည့်အချက်

ယခု Program အတွက်လျှောက်လွှာနောက်ဆုံးလက်ခံတဲ့ရက်မှာကျော်လွန်သွားပြီဖြစ်ပေမယ့် ၂၀၂၆ အတွက်ခုကတည်းကပြင်ဆင်ထားလို့နေပါပြီ။

ဒီ Program အတွက် Private Sector နဲ့ NGOs မှဝန်းထမ်းများလဲလျှောက်ထားနိုင်ပါတယ်။

3. Study of the U.S. Institutes (SUSI) for Secondary School Educators (Teachers)

SUSI Program ဆိုတာကတော့အလယ်တန်းပြဆရာ၊ဆရာမတွေအတွက်အဓိကဖြစ်ပြီး၊ အမေရိကန်နိုင်ငံသို့ Study Tour နှင့်အတူအမေရိကန်နိုင်ငံရဲ့ Society, Culture, Values and Institutions တွေကိုပိုမိုနားလည်လာနိုင်စေဖို့ U.S. မှာ ၁ လနီးပါးသွားရောက်လေ့လာလို့ရအောင်ငွေကြေးထောက်ပံ့ပေးတဲ့အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။

ဒီ Program ပြုလုပ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံအလယ်တန်းကျောင်းတွေမှာအမေရိကန်နိုင်ငံအကြောင်းသင်ကြားတဲ့အချိန်စာသင်ကြားမှုအရည်အသွေးနှင့်သင်ရိုးညွှန်းတန်းတွေရဲ့အရည်အသွေးပိုမိုကောင်းမွန်လာစေဖို့ပဲဖြစ်ပါတယ်။

Program လျှောက်ဖို့ဘာတွေလိုအပ်သလဲ?

  1. မြန်မာနိုင်ငံသူနိုင်ငံသားဖြစ်ရပါမယ်။
  2. အသက် ၃၀ မှ ၅၀ အတွင်းရှိ၍ Motivated ဖြစ်ပြီး၊ အလယ်တန်းကျောင်းသူကျောင်းသားများကိုပညာသင်ကြားပေးဖူးသောအတွေ့အကြုံရှိရပါမယ်။
  3. အနည်းဆုံး Bachelor’s Degree ရှိထားရပါမယ်။ (Bachelor ထက်မြင့်သော Degree များနှင့်လဲလျှောက်ထားနိုင်ပါတယ်။
  4. English စာမှာ Proficient ဖြစ်သူဖြစ်ရပါမယ်။
  5. မိမိနှင့်သက်ဆိုင်သော Field of Study မှာ Professional Experience ရှိသောသူဖြစ်ရပါမယ်။
  6. လက်ရှိလုပ်ကိုင်နေသောအလုပ် (သို့) Institution ဘက်မှ Program သို့ပါဝင်ရန်သဘောတူခွင့်ပြုပေးရပါမယ်။

အရေးကြီးသောသတိပြုရမည့်အချက်

ယခု Program အတွက်လျှောက်လွှာနောက်ဆုံးလက်ခံတဲ့ရက်မှာကျော်လွန်သွားပြီဖြစ်ပေမယ့် ၂၀၂၆ အတွက်ခုကတည်းကပြင်ဆင်ထားလို့ရပါတယ်။

ဒီ Program ကိုအလယ်တန်းကျောင်းမှာအလုပ်လုပ်ဖူးတဲ့အတွေ့အကြုံရှိတဲ့မည်သည့် Educator မဆိုလျှောက်ထားနိုင်ပါတယ်။ ဥပမာ Teachers, Administrators, Teacher Trainers, Curriculum Developers, Textbook Writers, Ministry of Education officials စသဖြင့်ဖြစ်ပါတယ်။

4. Study of the U.S. Institutes (SUSI) for Scholars

Study of the U.S. Institutes (SUSI) for Scholars Program ဆိုတာတက္ကသိုလ်ဌာနတွေမှာအလုပ်လုပ်နေကြတဲ့ Scholars များအတွက်အမေရိကန်နိုင်ငံရဲ့ Society, Culture, Values and Institutions တွေကိုပိုမိုနားလည်လာနိုင်စေဖို့အမေရိကန်နိုင်ငံမှာ ၅ ပတ်ကနေ ၆ပတ်ထိသွားရောက်လေ့လာလို့ရအောင်ငွေကြေးထောက်ပံ့ပေးတဲ့အစီအစဥ်တစ်ခုပဲဖြစ်ပါတယ်။

ဒီ Program မှာကိုယ်လျှောက်ချင်တဲ့ Institue ကိုရွေးချယ်ခွင့်ရှိပြီး၊ လျှောက်လို့ရတဲ့ Institiute တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

The Institute on American Politics and Political Thought

The Institute on Contemporary American Literature

The Institute on Journalism and Media

The Institute on U.S. Culture, Identity and Society

The Institute on U.S. Economics and Sustainable Development 

The Institute on U.S. Foreign Policy

Scholarship အတွက်ရွေးချယ်ခံရသူဟာသက်ဆိုင်ရာ Academic Institutions, Colleges, and Universities တွေမှာရက်သက်တပတ် ၄ ပတ်ခန့်နေထိုင်ခွင့်ရရှိမှာပြီး၊ Institution မှပြုလုပ်ပေးသော Lecture များတက်ရောက်လေ့လာခွင့်၊ Acitivies များမှာပါဝင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ ဒါ့အပြင်ကိုရက်သက်တပတ်၂ ပတ် Study Tour ပြုလုပ်ခွင့်လဲရရှိဦးမှာပဲဖြစ်ပါတယ်။ 

ဒီ Program ပြုလုပ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံအလယ်တန်းကျောင်းတွေမှာအမေရိကန်နိုင်ငံအကြောင်းသင်ကြားတဲ့အချိန်စာသင်ကြားမှုအရည်အသွေးနှင့်သင်ရိုးညွှန်းတန်းတွေရဲ့အရည်အသွေးပိုမိုကောင်းမွန်လာစေဖို့ပဲဖြစ်ပါတယ်။

Institue အသီးသီးမှမျှော်လင့်နိုင်သောအကြောင်းအရာများ

The Institute on American Politics and Political Thought

ဒီ Institute မှာတော့အမေရိကန်နိုင်ငံရေးအကြာင်းနှင့်ဘယ်လိုအရာတွေကအမေရိကန်ရဲ့နိုင်ငံရေးကိုလွှမ်းမိုးမှုတွေရှိနေသလဲ၊ အမေရိကန်နိုင်ငံရဲ့သမိုင်းကြောင်း၊ နိုင်ငံရေးအတွေးအခေါ်စတာတွေအပေါ်အာရုံစိုက်မှာဖြစ်ပါတယ်။

The Institute on Contemporary American Literature

ဒီ Institute မှာတော့အမေရိကန်နိုင်ငံရဲ့လူမှုအဖွဲ့အစည်းအကြောင်းရဲ့ယဥ်ကျေးမှုအကြောင်းတွေ၊ ခေတ်စာပေယဥ်ကျေးမှုအကြောင်းစတာတွေအပေါ်အာရုံစိုက်မှာဖြစ်ပါတယ်။

The Institute on Journalism and Media

ဒီ Institute မှာတော့စာနယ်ဇင်းနဲ့ Media ကအမေရိကန်နိုင်ငံမှာဘယ်လိုအခန်းကဏ္ဍကနေပါဝင်သလဲ၊ Disinformation ဖြစ်မှုကိုဘယ်လိုတာဆီးမလဲဘယ်လိုတုံ့ပြန်ရမလဲ၊ လက်ရှိခေတ်သစ်နည်းပညာတွေကရောစာနယ်ဇင်းနဲ့ Media အပေါ်ဘယ်လိုတက်ရောက်မှုတွေရှိနိုင်သလဲစတာတွေအပေါ်အာရုံစိုက်သွားမှာဖြစ်ပါတယ်။

The Institute on U.S. Culture, Identity and Society

ဒီ Institute မှာတော့အမေရိကန်နိုင်ငံရဲ့ Society, Culture, Values တွေအကြောင်းနဲ့အမေရိကန်ရဲ့ယဥ်ကျေးမှုနဲ့လူ့အဖွဲ့အစည်းအကြောင်းလေ့လာဖို့ဘယ်လိုချဥ်းကပ်ရမလဲစတဲ့အကြောင်းအရာတွေကိုအာရုံစိုက်သွားမှာပဲဖြစ်ပါတယ်။

The Institute on U.S. Economics and Sustainable Development 

ဒီ Institute မှာတော့အမေရိကန်နိုင်ငံရဲ့စီးပွားရေးဖွဲ့စည်းပုံနဲ့စီးပွားရေးအဆောက်အအုံအကြောင်းတွေအပေါ်အာရုံစိုက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင်နိုင်ငံတကာက Business Leaders များ၊ Small Business Owners များနှင့်လဲတွေ့ဆုံခွင့်ရရှိနိုင်မှာပဲဖြစ်ပါတယ်။

The Institute on U.S. Foreign Policy

ဒီ Institute မှာတော့အမေရိကန်နိုင်ငံရဲ့နိုင်ငံခြားရေး Policy တွေကိုကိုင်တွယ်ဖြေရှင်းချဥ်းကပ်ပုံ၊ Policy တွေဘယ်လို Formulate လုပ်ပြီး၊ အကောင်အထည်ပေါ်ပုံစတဲ့အကြောင်းအရာတွေအပေါ်အာရုံစိုက်သွားမှာပဲဖြစ်ပါတယ်။

Program လျှောက်ဖို့ဘာတွေလိုအပ်သလဲ?

  1. မြန်မာနိုင်ငံသူနိုင်ငံသားဖြစ်ပြီး၊ အသက် ၃၀ မှ ၅၀ အတွင်းရှိသူဖြစ်ရပါမယ်။
  2. အနည်းဆုံး Bachelor’s Degree ရှိထားရပါမယ်။ (Bachelor ထက်မြင့်သော Degree များနှင့်လဲလျှောက်ထားနိုင်ပါတယ်။
  3. တက္ကသိုလ်ပညာရေးနယ်ပယ်မှာလုပ်ကိုင်ဖူးသော Scholars ဖြစ်ရပါမယ်။
  4. English စာမှာ Proficient ဖြစ်ရပါမယ်။
  5. မိမိလျှောက်လိုသော Institution နှင့်ပတ်သက်၍သင့်တင့်လျှောက်ပတ်သော Background Knowlege ရှိထားရပါမယ်။
  6. အမေရိကန်နိုင်ငံမှာအရင်ကပညာသင်ဖူးခြင်း၊ အလုပ်လုပ်ဖူးခြင်းမရှိသောသူဖြစ်ရပါမယ်။
  7. လက်ရှိလုပ်ကိုင်နေသောအလုပ် (သို့) Institution ဘက်မှ Program သို့ပါဝင်ရန်သဘောတူခွင့်ပြုပေးရပါမယ်။

Google Ad Space