Google Ad Space

နိုင်ငံခြားထွက်နိုင်ဖို့ပထမဆုံးလုပ်ဆောင်ရမယ့်အရာတစ်ခု - Passport

Published Year: 23/02/2025

By: Karl

Image 0

1. Passport ဆိုတာဘာလဲ?

Passport ဆိုတာ နိုင်ငံတကာကိုခရီးသွားနိုင်ဖို့အတွက်  အစိုးရမှတရားဝင် ထုတ်ပေးတဲ့ စာရွက်စာတမ်း ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ မှတ်ပုံတင်ကဒ်နဲ့ တူပါတယ်။ မှတ်ပုံတင်ကဒ်က သင့်ကိုဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ ဘယ်မှာနေကြောင်းစသဖြင့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို မြန်မာနိုင်ငံအတွင်းမှာတရားဝင်အတည်ပြုပေးနိုင်သလို၊ Passport ကလဲသင့်ကို နိုင်ငံခြားရပ်ခြားမှာ မည်သူမည်ဝါဖြစ်ကြောင်း၊ ဘယ်နိုင်ငံမှာနေထိုင်ကြောင်းစသဖြင့် အတည်ပြုပေးနိုင်ပါတယ်။

Passport ထဲမှာတော့အောက်ပါ အချက်များ ပါဝင်ပါတယ်

✅ အမည်အပြည့်အစုံ

✅ မွေးသက္ကရာဇ်

✅ နိုင်ငံသား

✅ Passport နံပါတ်

✅ သက်တမ်းကုန်ဆုံးရက်

✅ ဓာတ်ပုံနှင့် လက်မှတ်

Passport က နိုင်ငံပြည်ပကိုထွက်ခွာဖို့နဲ့ မြန်မာနိုင်ငံအတွင်းပြန်လည်ဝင်ရောက်ဖို့ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်။Passport မရှိရင်တော့နိုင်ငံခြားမှာပညာသွားသင်ဖို့၊ အလုပ်လုပ်ကိုင်ဖို့၊ အလည်အပတ်သွားဖို့မဖြစ်နိုင်ပါဘူး။

2. Passport ဘာကြောင့်လျှောက်ထားသင့်တာလဲ?

✅ နိုင်ငံခြားသို့ခရီးသွားရန် – နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ ခရီးသွားဖို့ရန်အတွက် Passort လိုအပ်ပါတယ်။

✅ ဗီဇာလျှောက်ထားရန် – နိုင်ငံခြားပြည်ဝင်ခွင့်ရဖို့ ဗီဇာ လျှောက်ဖို့ရန်အတွက်လိုအပ်ပါတယ်။

✅ နိုင်ငံခြားတွင် မှတ်ပုံတင်အထောက်အထားအဖြစ် အသုံးပြုနိုင်ရန် – မြန်မာအစိုးရမှ ထုတ်ပေးတဲ့တရားဝင် ID တစ်ခုအဖြစ် နိုင်ငံခြားတွင် အသုံးပြုနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။

အကုန်လုံးကိုပြန်ချုပ်ရရင်

Passport က နိုင်ငံခြားသွားဖို့ရန် ပထမဆုံးလိုအပ်သော အရေးအကြီးဆုံးစာရွက်စာတမ်း တစ်ခုဖြစ်ပါတယ်။ နိုင်ငံခြားမှာ ပညာသွားသင်ဖို့၊ အလုပ်လုပ်ကိုင်ဖို့၊ အလည်အပတ်သွားဖို့ မည်သည့်အတွက်မဆို Passport ရှိထားရန်လိုအပ်ပါတယ်။

Google Ad Space