ကမ္ဘာတစ်ဝှမ်းကတက္ကသိုလ်တွေအသိအမှတ်ပြုလက်ခံတဲ့အထက်တန်းပညာရေးစနစ် ၃ ခု
Published Year:
By: Karl

နိုင်ငံတကာကတက္ကသိုလ်တွေမှာတက်ရောက်နိုင်ဖို့အရေးကြီးတဲ့အရာတွေထဲကတစ်ခုကတော့အထက်တန်းပညာရေးစနစ်ပဲဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာရှိတဲ့တက္ကသိုလ်အများစုဟာ strong academic preparation, critical thinking, and subject mastery စတဲ့ပညာရေးနဲ့ဘာသာရပ်ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်မှုစတာတွေကိုဖော်ပြပေးနိုင်တဲ့အထက်တန်းပညာရေးစနစ်ရဲ့ရမှတ်ကိုတောင်းဆိုတတ်ကြပါတယ်။
ဒီ Content မှာတော့ကမ္ဘာတစ်ဝှမ်းကတက္ကသိုလ်တွေရဲ့အသိအမှတ်ပြုခြင်းအများဆုံးခံရတဲ့အထက်တန်းပညာရေးစနစ် ၃ ခုအကြောင်းကိုအကျဥ်းချုပ်ပြောပြသွားမှာဖြစ်ပါတယ်။
1. International Baccalaureate (IB)
International Baccalaureate (IB) ဆိုတာကမ္ဘာတစ်ဝှမ်းမှာရှိတဲ့တက္ကသိုလ်အများစုကအသိအမှတ်ပြုလက်ခံတဲ့ပညာရေးစနစ်တစ်ခုဖြစ်ပါတယ်။ ယခုအခါ IB ပညာရေးစနစ်ကိုနိုင်ငံ ပေါင်း ၁၅၀ ကျော်အတွင်းမှာရှိတဲ့ International School တွေမှာအသုံးပြုနေပါတယ်။ IB ပညာရေးစနစ်ဟာသာမန်ပညာရေး (Academics) အပြင် ကျောင်းသူ၊ ကျောင်းသားများရဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်မှု (Personal Growth) နဲ့ကမ္ဘာလုံးဆိုင်ရာနားလည်မှု (global awareness) စတဲ့အရည်အချင်းတွေအထိရရှိနိုင်အောင်ဖန်တီးထားပါတယ်။
ကျောင်းသူကျောင်းသားတွေဟာဘာသာစကား၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ အနုပညာစတာတွေနဲ့သက်ဆိုင်တဲ့ဘာသာရပ် ၆ မျိုးကို လေ့လာရမှာဖြစ်ပြီး
• Extended Essay (EE) – သုတေသနစာတမ်းတစ်စောင် (independent research project)
• Theory of Knowledge (TOK) – အတွေးအခေါ် နှင့်မိမိကိုယ်ကိုပြန်လည်သုံးသပ်နိုင်မှု (critical thinking and reflection)
• Creativity, Activity, Service (CAS) – ကိုယ်ရည်ကိုယ်သွေးဖွံဖြိုးမှုနှင့်လူမှုဆက်ဆံရေးတိုးတက်မှု (personal and community development) စတဲ့အရည်အချင်းတွေရရှိအောင်လဲလေ့လာသင်ယူကြရမှာဖြစ်ပါတယ်။
IB ပညာရေးစနစ်ရဲ့အားသာချက် – IB ပညာရေးစနစ်ကိုအမေရိကန်၊ ဗြိတိသျှ၊ ကနေဒါ၊ ဥရောပနဲ့အခြားသောအာရှ နိုင်ငံတွေမှာရှိတဲ့တက္ကသိုလ်တွေကအသိအမှတ်ပြုလက်ခံကြတဲ့အတွက်အထက်တန်းပြီးဆုံးတဲ့အခါနိုင်ငံတကာကတက္ကသိုလ်တွေကိုအလွယ်တကူကျောင်းလျှောက်နိုင်ပါတယ်။
2. Cambridge International Curriculum (IGCSE & A Levels)
IGCSE & A Levels ဆိုတာ UK ပညာရေးစနစ်အပေါ်အခြေခံထားတဲ့ Cambridge Curriculum တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် IGCSE ကိုအသက် ၁၄ မှ ၁၆ နှစ်အရွယ်ကျောင်းသူကျောင်းသားများတက်ရောက်ကြရပြီး၊ IGCSE ပြီးတဲ့နောက် A Levels ကို (များသောအားဖြင့်အသက် ၁၆–၁၈ နှစ်) သို့ ဆက်လက်တက်ရောက်ကြရပါတယ်။ A Levels မှာတော့မိမိကြိုက်နှစ်သက်ရာဘာသာရပ် ၃–၄ ခုကိုအထူးပြုပြီးလေ့လာသင်ယူကြရပါတယ်။
IGCSE နဲ့ A Levels ရဲ့အားသာချက်များ
• မိမိကြိုက်နှစ်သက်တဲ့ဘာသာရပ်တွေကိုအတွင်းကျကျ (In-depth) ဦးစားပေးလေ့လာနိုင်ပါတယ်။
• Academic ကိုအဓိကဦးစားပေးပြီး၊ စာမေးပွဲအခြေပြုပညာရေးစနစ်ဖြစ်ပါတယ်။
• UK နှင့် Commonwealth နိုင်ငံများကတက္ကသိုလ်ဝင်ခွင့်အတွက် “Gold Standard” အဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။
• ကမ္ဘာတစ်ဝှမ်းမှတက္ကသိုလ်တွေကလဲ A Levels ရမှတ်ကိုတန်ဖိုးထားကြပြီး၊ တက္ကသိုလ်တိုက်ရိုက်ဝင်ခွင့် (Degree Programs) အတွက်လည်းအသုံးပြုနိုင်ပါတယ်။
3. Advanced Placement (AP) Curriculum
Advanced Placement (AP) ဆိုတာအမေရိကန်ပညာရေးစနစ်အပေါ်အခြေခံထားပြီး၊ တက္ကသိုလ်တက်ရောက်နိုင်ဖို့သင်ကြားကြရတဲ့အထက်တန်းပညာရေးစနစ်တစ်ခုဖြစ်ပါတယ်။ သိပ္ပံ၊ သင်္ချာ၊ သမိုင်း၊ အနုပညာစတဲ့ဘာသာရပ် ၃၀ ကျော်အတွင်းမှမိိမိကြိုက်နှစ်သက်ရာဘာသာရပ်များကိုပြန်လည်ရွေးချယ်နိုင်ပါတယ်။
အရေးကြီးသောအချက်
• စာမေးပွဲအမှတ်ကို ၁ မှ ၅ အထိအဆင့်လိုက်သတ်မှတ်ထားပါတယ်။
• AP အမှတ်များများရရှိထားပါက AP အမှတ်ကိုတက္ကသိုလ်အမှတ် (College Credits) အဖြစ်လဲပြန်လည်
အသုံးပြုနိုင်ပြီး၊ AP အမှတ်ကိုတက္ကသိုလ်တိုက်ရိုက်ဝင်ခွင့် (Degree Programs) လျှောက်ရာမှာလည်းအသုံးပြုနိုင်ပါတယ်။
• AP ရမှတ်ကိုအထူးသဖြင့်အမေရိကန်နှင့်ကနေဒါကတက္ကသိုလ်တွေကိုကျောင်းလျှောက်ရာမှာအဓိကအသုံးပြုနိုင်ပြီး၊ ဥရောပနဲ့အာရှတွေမှာရှိတဲ့အချို့သောတက္ကသိုလ်တွေမှာလဲအသုံးပြုနိုင်ပါတယ်။


