SAT Exam ဆိုတာဘာလဲ?
Published Year:
By: Karl

SAT ဆိုတာ Scholastic Assessment Test ရဲ့အတိုကောက်ဖြစ်ပြီး၊ တက္ကသိုလ်နဲ့ကောလိပ်တွေလျှောက်ဖို့ရန်အတွက်အမေရိကန်နိုင်ငံမှာအများဆုံးအသုံးပြုတဲ့ standardized တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်ပါတယ်။ SAT Score ကိုအမေရိကန်ပြည်ထောင်စုကတက္ကသိုလ်တွေမှာသာမကကနေဒါ၊ ဥရောပ၊ အာရှနဲ့အခြားသောအာဆီယံနိုင်ငံများရှိတက္ကသိုလ်တွေမှာကျောင်းလျှောက်တဲ့အခါလဲအသုံးပြုနိုင်ပါတယ်။
SAT စာမေးပွဲရဲ့ရည်ရွယ်ချက်
နိုင်ငံအလိုက်မတူညီတဲ့ပညာရေးစနစ်တွေ၊ ကွဲပြားမှုရှိတဲ့အမှတ်ပေးစနစ်တွေကြောင့်ကမ္ဘာ့တက္ကသိုလ်များဟာတက္ကသိုလ်လျှောက်ထားသူတွေကိုတူညီစွာနှိုင်းယှဉ်ဖို့ခက်ခဲတတ်ပါတယ်။ ဒီအတွက်ကြောင့် SAT စာမေးပွဲရမှတ်ကိုကမ္ဘာအနှံ့ကကျောင်းသား၊ ကျောင်းသူတွေကိုတူညီတဲ့စံချိန်စံနှုန်းတစ်ခုနဲ့ တစ်ပြိုင်နက်တည်းနှိုင်းယှဉ်နိုင်ဖို့ရန်အသုံးပြုကြပါတယ်။
ဒါ့အပြင် SAT ကကျောင်းစာမေးပွဲတွေထဲမှာမတိုင်းတာနိုင်တဲ့ Critical Thinking skills၊ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving) နဲ့ အခြေခံပညာရေးကျွမ်းကျင်မှု(Academic Skills) စတဲ့အရည်အချင်းတွေကိုလဲအတိုင်းအတာတစ်ခုထိစစ်ဆေးပေးနိုင်ပါတယ်။
SAT ရမှတ်ဟာ Ranking မြင့်တဲ့တက္ကသိုလ်တွေကိုလျှောက်နိုင်ဖို့အတွက်သာမက Scholarship တွေ လျှောက်နိုင်ဖို့အတွက်လဲအရေးကြီးပါတယ်။
SAT စာမေးပွဲ ဖွဲ့စည်းပုံ
၂၀၂၃ မှစပြီး SAT စာမေးပွဲကို Paper-based ကနေ Digital Format ဖြင့်ပြောင်းလဲခဲ့ပြီး၊ ယခုအခါမှာတော့ Digital Format ဖြင့်သာဖြေဆိုနိုင်တော့မှာဖြစ်ပါတယ်။
• စာမေးပွဲဖြေဆိုခွင့်ပေးထားသောအချိန်: ၂ နာရီ ၁၄ မိနစ်
• ရမှတ်: ၄၀၀ မှ ၁၆၀၀ အထိ
မေးခွန်း Section များ
1. Reading & Writing
• Grammar, Vocabulary, Reading Comprehension, Expression of Ideas တို့ကိုစစ်ဆေးသောမေးခွန်းများ
• မေးခွန်းတွေအတွက်စာပေ၊ သမိုင်း၊ လူမှုရေးသိပ္ပံဘာသာရပ်နှင့်သဘာဝသိပ္ပံဘာသာရပ်တို့မှစာပိုဒ်တွေကိုအသုံးပြုကြပါတယ်။
2. Mathematics (ဂဏန်းသင်္ချာ)
• Algebra, Data Analysis, Geometry, Trigonometry နှင့်ဆိုင်သောမေးခွန်းများ
• မေးခွန်းအချို့မှာ Calculator အသုံးပြုခွင့်မရှိပါ။
SAT စာမေးပွဲကိုဘယ်သူတွေဖြေဆိုရမလဲ?
• အထက်တန်း ၁၁ နှစ်၊ ၁၂ နှစ် တက်နေပြီး၊ နိုင်ငံခြားတက္ကသိုလ်တက်လိုသောကျောင်းသားကျောင်းသူများ
• အထူးသဖြင့် USA၊ ကနေဒါ၊ Singapore၊ ဥရောပတက္ကသိုလ်များသို့လျှောက်ထားလိုသူများ
• Scholarship အတွက် Standardized Test Score လိုအပ်သူများဖြေဆိုသင့်ပါတယ်။
SAT စာမေးပွဲကျင်းပချိန်
• တစ်နှစ်မှာအကြိမ်အများအပြားကျင်းပပေးပြီး၊ ကမ္ဘာတစ်ဝန်းမှာစာမေးဖြေဆိုဖို့စင်တာများရှိပါတယ်။