Google Ad Space

အခုလက်ရှိ UK မှာဘာတွေဖြစ်နေတာလဲ? 2024 August ထဲမှာ UK ကိုလာမယ့်သူများဒီစာကိုဖတ်သင့်ပါတယ်။

Published Year: 11/08/2024

By: Karl

နိဒါန်း

နိဒါန်း

ပုံမှန်အားဖြင့် Summer အချိန်ဆိုတာ UK နိုင်ငံမှာ Festival တွေ၊ အသားကင်တွေ၊ အလည်အပတ်ခရီးစဥ်တွေ၊ ရယ်သံတွေ၊ ပျော်ရွှင်မှုတွေနဲ့ပြည့်နက်နေပေမယ့်၊ ယခုနှစ် ၂၀၂၄ August အစပိုင်းလောက်မှာတော့ UK နိုင်ငံမှာငိုကြွေးမှုတွေ၊ အမုန်းတရားတွေ၊ ဒေါသမီးတောက်တွေနဲ့အတူလူထုအုံကြွမှုတွေ၊ အဓိဂရုံးတွေကနေရာယူပြီးလွှမ်းမိုးနေပါတယ်။

 

၂၀၂၄ ဇူလိုင် ၂၉ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ Southport မြို့ကဓားထိုးလူသတ်မှုကနေစတင်ညှိပေးလိုက်တဲ့မီးစလေးဟာသတင်းမှားဖြန့်ဝေမှု၊ အမုန်းတရားဝါဒဖြန့်မှုတွေကြောင့်ပိုမိုကြီးထွားလာခဲ့ပြီးတစ်နိုင်ငံလုံးကိုဒေါသမီးတောက်လောင်ကျွမ်းကူးစက်သွားစေခဲ့ပါတယ်။ ဒီဒေါသမီးကြောင့်ပဲ ‘Far-Right Riots’, ‘Anti-Immigration Protests’ စတဲ့အဓိဂရုံးတွေနဲ့အကြမ်းဖက်မှုတွေအထိဖြစ်ပေါ်လာစေခဲ့ပြီး၊၂၀၁၁ မှာဖြစ်ပွားခဲ့တဲ့အဓိဂရုံးပြီးရင်အဆိုးရွားဆုံးလူထုအုံကြွမှုနှင့်အဓိကရုံးတစ်ခုဖြစ်လာပါတော့တယ်။

 

ဒီ Content ရဲ့အဓိကရည်ရွယ်ချက်ကတော့ ယခု September Intake မှာ UK ကိုကျောင်းလာတက်မယ့်မြန်မာလူငယ်အတွက်လက်ရှိ UK နိုင်ငံမှာဖြစ်နေတဲ့အရေးအခင်းနဲ့အခြေအနေတွေကိုနားလည်နိုင်ပြီး၊ UK ရောက်လာပါကမိမိကိုယ်ကို Safe ဖြစ်အောင်နေထိုင်ဖို့အသိပေးလိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဘယ်ကစဖြစ်တာလဲ?

၂၀၂၄ ဇူလိုင် ၂၉ ရက်နေ့ Southport မြို့ကကလေးငယ်လေးတွေအတွက်ပြုလုပ်ပေးတဲ့အကအစီအစဥ်တစ်ခုမှာဓားထိုးသတ်ဖြတ်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီကြောက်စရာကောင်းတဲ့ဖြစ်ရပ်အတွင်းမှာအသက် ၆ နှစ်၊ ၇ နှစ်နဲ့ ၉ နှစ်အရွယ်ကလေးမလေးသုံးဦးဖြစ်စဥ်မှာပဲသေဆုံးသွားပြီး၊ ကလေးငယ် ၈ ဦးနှင့်လူကြီး ၂ ဦးလဲဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ပါတယ်။

 

ဒီဖြစ်စဥ်ဖြစ်ပွားခဲ့ပြီးနောက်၊ သိပ်မကြာခင်အချိန်ပိုင်းလေးအတွင်းမှာပဲအသက် ၁၇ နှစ်အရွယ်လူငယ်တစ်ယောက်ကိုတရားခံအနေနဲ့ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိပြီးအစောပိုင်းမှာတရားခံဟာအသက်မပြည့်သေးလို့တရားခံရဲ့ Personal Informatoin နဲ့ နာမည်ကိုဖုံးကွယ်ထားခဲ့ပါတယ်။

 

ဒီလိုဖုံးကွယ်ထားတဲ့အချိန်မှာပဲ Social Media တွေပေါ်မှာတရားခံနဲ့ပတ်သက်ပြီး တရားခံဟာမူစလင်ဘာသာကိုးကွယ်သူ၊ UK နိုင်ငံကိုတရားမဝင်ဝင်ရောက်လာခဲ့ပြီးနိုင်ငံရေးခိုလှုံခွင့်ခံယူဖို့ကြိုးစားနေသူစသဖြင့်သတင်းမှားများစွာပျံ့နှံ့သွားခဲ့ပြီးအမုန်းတရားတွေကြီးထွားလာစေခဲ့ပါတယ်။

 

ဒီလိုနဲ့နောက်တစ်ရက်ဇူလိုင် ၃၀ ညနေပိုင်းလောက်မှာအမုန်းတရားတွေ၊ အကြောက်တရားတွေ၊ နိုင်ငံရေးအမြတ်ထုတ်ချင်တဲ့လူတွေရဲ့လှုံဆော်မှုတွေကြောင့် Southport မြို့က Mosque ကိုစတင်တိုက်ခိုက်ခဲ့ပြီး၊ အကြမ်းဖက်မှုတွေ၊ အဓိဂရုံးတွေစတင်လာကာတစ်နိုင်ငံလုံးကိုဒီမီးတောက်ကြီးကကူးစက်တောက်လောင်သွားစေခဲ့ပါတော့တယ်။

ဘာတွေဖြစ်ပြီးပြီလဲ? ဘယ်နေရာတွေမှာဖြစ်နေတာလဲ?

ဒီ Southport အဓိဂရုံးဖြစ်ပြီးနောက်ဆက်တိုက်ဆိုသလိုနောက်ရက်တွေမှာလဲ London လို၊Manchester လို၊ Belfast လိုမြို့ကြီးတွေမှာကအစအကြမ်းဖက်တဲ့ဆန္ဒပြမှုတွေပေါ်ပေါက်လာပါတယ်။ ဒီလိုဆန္ဒပြမှုနဲ့အတူရဲတွေနဲ့ထိပ်တိုက်ရင်ဆိုင်ပြီးအဓိဂရုံးဖြစ်မှု၊ လမ်းတစ်လျှောက်ကဆိုင်တွေဖျက်ဆီးမှု၊ Mosque နဲ့ Asian တွေပိုင်ဆိုင်တဲ့ဆိုင်တွေကိုဖျက်ဆီးမှု၊ နိုင်ငံရေးခိုလှုံခွင့်ခံယူထားသူတွေထိန်းသိမ်းထားတဲ့အဆာက်အအုံနဲ့ဟိုတယ်တွေကိုတိုက်ခိုက်ပြီးမီးရှို့ဖျက်ဆီးမှု၊ ကားတွေစာကြည့်တိုက်ဖျက်ဆီးမှုတွေဖြစ်ပွားခဲ့ပါတယ်။

 

ဒီလိုမူစလင်အသိုင်းအဝိုင်းနဲ့ Immigrants တွေကို Target ထားတဲ့အကြမ်းဖက်မှုတွေကြောင့်လူနည်းစု Minortiy တွေကြားထဲမှာစိုးရိမ်စိတ်၊ ကြောက်တဲ့စိတ်တွေလွှမ်းမိုးနေပြီး၊ အနေအထိုင်အသွားအလာဆင်ခြင်နေကြရပါတယ်။ ဒါ့အပြင်ကို Minortiy တွေစုစည်းပြီး၊ မိမိရဲ့ Neighbourhood, အသိုင်းအဝိုင်းနဲ့၊ ဘာသာရေးအဆောက်အအုံတွေကိုကိုယ်ထူကိုယ်ထသဘောမျိုးနဲ့လဲကာကွယ်စောင့်လျှောက်နေကြပါတယ်။

လူတွေကဘာတွေကိုဆန္ဒပြနေကြတာလဲ?

ဒီနေရာမှာဆန္ဒပြနေတဲ့အုပ်စုနှစ်စုရှိပါတယ်။ ပထမတစ်ခုကတော့ Far-Right Group ကနောက်ကွယ်ကလှုံဆော်ပေးနေပြီးအဓိကကျယ်ကျယ်လောင်လောင်ပြောဆိုနေတဲ့အကြောင်းအရာကတော့ UK နိုင်ငံအတွင်းကိုတရားမဝင်ဒုက္ခသည်တွေများစွာဝင်ရောက်လာကြောင်း၊ မူစလင်များဟာ UK နိုင်ငံအတွင်းမှာအကြမ်းဖက်မှုကိုလုပ်ဆောင်နေတဲ့အကြောင်း၊ နိုင်ငံတကာကဝင်ရောက်လာတဲ့ Immigrant တွေကြောင့် English ရိုးရာနဲ့ယဥ်ကျေးမှုပုံရိပ်တွေဝေဝါးသွားကြောင်း၊ အခုလိုစီးပွားရေးကျဆင်းနေတဲ့အချိန်မှာ Immgrants တွေဟာနိုင်ငံသားတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုခိုးယူသွားကြောင်းစသဖြင့်စွပ်စွဲအပြစ်တင်ပြီး Anti-Immigration နဲ့ Anti-Multiculturalism ကိုအတွက်ဆန္ဒထုတ်ဖော်နေကြပါတယ်။

 

တစ်ဖက်မှာလဲ Counter Protest အနေနဲ့ လူနည်းစု Minority, Asian နဲ့ မူစလင်လူမှုအသိုင်းအဝိုင်းမှလဲ Anti-Racist နဲ့ Anti-Facist ဆိုပြီးပြန်လည်ဆန္ဒထုတ်ဖော်နေကြပါတယ်။

 

ယခုဒီစာကိုရေးနေတဲ့လက်ရှိအချိန်ထိမှာတော့အကြမ်းဖက်မှုတွေကိုအဓိကပြုလုပ်နေတဲ့အဖွဲ့ကတော့ Far-Right ကဦးဆောင်တဲ့ဆန္ဒပြလူစုကြီးပဲဖြစ်ပါတယ်။

အစိုးရကဘယ်လိုတုံပြန်နေသလဲ?

အသစ်တက်လာတဲ့ Labour Party မှလက်ရှိဝန်းကြီးချုပ် Sir Keir ကတော့ယခုလိုအကြမ်းဖက်မှု၊ အမုန်းတရားဝါဒဖြန့်မှုတွေထဲပါဝင်တဲ့မည်သူမဆိုဖမ်းဆီးအရေးယူသွားမှာဖြစ်ပြီး၊ အဓိဂရုံးတွေ၊ အကြမ်းဖက်မှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့ ‘Standing Army’ တစ်ခုကိုဖွဲ့စည်းထားကြောင်းပြောဆိုထားပါတယ်။ ဒါ့အပြင်ကို Minortity ကလူ့အသိုင်းအဝိုင်းနဲ့ဘာသာရေးအဆောက်အအုံတွေကိုလဲကာကွယ်ပေးသွားမှာဖြစ်ကြောင်းလဲပြောကြားထားပါတယ်။

September Intake အတွက်အခု UK လာရင်ဘယ်လိုသတိထားပြီးနေရမလဲ?

ယခုအချိန်မှာ Nigeria, Malaysia, Kenya, Australia, Sweden, Indonesia, the UAE, India and Hong Kong အစိုးရတို့မှသက်ဆိုင်ရာနိုင်ငံသားတွေကို UK သို့ခရီးသွားခြင်းနှင့်ပတ်သက်၍သတိထားကြဖို့သတင်းထုတ်ပြန်ထားပါတယ်။

 

အကယ်၍ကိုယ်ကအခု September Intake မှာကျောင်းလာတက်ဖို့ UK ကိုအခုအချိန်လာဖြစ်မယ်ဆိုရင်တော့ Personal Safty အတွက်သတိထားရမယ့်အရာလေးတွေပြောပြချင်ပါတယ်။

 

Stay Informed ဖြစ်အောင်နေခြင်း

Up-to-date ဖြစ်တဲ့ Riot, Protest နဲ့ပတ်သက်တဲ့သတင်းတွေကိုမျက်ခြေမပြတ်အမြဲစောင့်ကြည့်နေသင့်ပါတယ်။ ဒါ့အပြင်ကိုယုံကြည်ရတဲ့ News Source နဲ့ Local Authorites သတင်းဌာနတွေကိုလဲ Follow လုပ်ထားသင့်ပါ။

 

လူစုလူဝေးတွေကိုရှောင်ရှားခြင်း

Protest လုပ်မယ့်နေရာတွေ၊ Riot ဖြစ်နိုင်ချေရှိတဲ့လူစုလူဝေးပြုလုပ်မယ့်နေရာတွေကိုအတတ်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။

 

ခရီးစဥ်ကို Safe ဖြစ်အောင်ကြိုတင်ပြင်ဆင်ခြင်း

Protest လုပ်နေတဲ့နေရာဘက်ကိုကိုယ်ကမဖြစ်မနေသွားရတော့မယ်ဆိုရင်အဖော်တစ်ယောက်ယောက်နဲ့သွားတာ၊ Public Trasnport သို့ Private Taxi နဲ့သွားတာစသဖြင့်ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင်ညအချိန်မှာလဲတစ်ယောက်ထဲခရီးသွားခြင်းမှအတတ်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။

 

Source: BBC, Reuters, The Guardian, Sky News, CNN

Google Ad Space

Google Ad Space