Google Ad Space

UK မှာတက္ကသိုလ်တက်ဖို့ဘယ်လိုလမ်းကြောင်းတွေရှိသလဲ - A-Level Courses နဲ့ Foundation Programs များအကြောင်း

Published Year: 10/10/2024

By: Karl

နိဒါန်း

နိဒါန်း

ဒီ Content မှာ UK နိုင်ငံမှာကျောင်းသွားတက်နိုင်ဖို့သိထားသင့်တဲ Pathway နှစ်ခုကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ ဒီ Content ကမြန်မာနိုင်ငံမှအထက်တန်းအောင်မြင်ထားပြီး၊ UK နိုင်ငံမှာ Undergraduate Degree တက်ရောက်မယ့်သူများအတွက်ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

 

UK တက္ကသိုလ်အများစုဟာမြန်မာကအထက်တန်းစာမေးပွဲကို A-Level နဲ့မကိုက်ညီဘူးလို့သတ်မှတ်ထားတဲ့အတွက်မြန်မာနိုင်ငံမှအထက်တန်းအောင်ပြီးသားသူတွေအနေနဲ့ UK တက္ကသိုလ်တွေမှာတက်ရောက်နိုင်ဖို့ A-Level Courses သို့မဟုတ်တက်ရောက်လိုတဲ့တက္ကသိုလ်က Foundation Year ကိုအရင်ဆုံးတက်ရောက်ဖို့လိုအပ်ပါမယ်။

A-Level Courses

A-Level Courses တွေဆိုတာ UK နိုင်ငံမှာယေဘုယျအားဖြင့်အသက် ၁၆ နှစ်နဲ့ ၁၈ ကြားကအထက်တန်းအောင်မြင်ပြီးသားသူတွေ၊ တက္ကသိုလ်ပညာရေးကိုတက်လှမ်းနိုင်ဖို့၊ အရင်ဆုံး ၂ နှစ်တက်ရောက်ရတဲ့တက္ကသိုလ်ဝင်ခွင့်အတန်းတွေပဲဖြစ်ပါတယ်။ ဒီ A-Level Program မှာကျောင်းသားတွေအနေနဲ့မိမိဝါသနာပါရာ၊ မိမိ Pursue လုပ်လို့တဲ့ Career ပေါ်လိုက်ပြီးသင်ကြားလိုတဲ့ဘာသာရပ်တွေကိုရွေးချယ်ခွင့်ရှိပါတယ်။

 

Grading System မှာ A*, A, B, C, D, E ဆိုပြီးမှခွဲခြားထားပါတယ်။ A* ကတော့အမြင့်ဆုံးအမှတ်ဖြစ်ပြီး၊ E ကအနိမ့်ဆုံးအောင်မှတ်ဖြစ်ပါတယ်။ A-Level အမှတ်ဟာမိမိတက်ရောက်လိုတဲ့ Ranking မြင့်တဲ့ တက္ကသိုလ်တွေကိုတက်ရောက်နိုင်ဖို့အတွက်အလွန်အရေးပါပါတယ်။

 

A-Level ကိုဘယ်လိုလူတွေရွေးချယ်သင့်သလဲဆိုရင်တော့ Competitive Degree Programs တွေဖြစ်တဲ့ Medicine, Law, Engineering စတဲ့ဘာသာရပ်တွေကိုသင်ကြားလိုပြီး၊ Top Universities (e.g. Oxford or Cambridge) စတဲ့တက္ကသိုလ်မျိုးတက်ရောက်လိုသူများရွေးချယ်သင့်ပါတယ်။ A-Level Qualification ဟာ Highly Respected ဖြစ်ပြီး Global က Competitive ဖြစ်တဲ့ Universities အများစုကအသိအမှတ်ပြုကြပါတယ်။

Foundation Programs

အကယ်၍ကိုယ့်က A-Level Courses တွေမတက်ရောက်ချင်ဘူးဆိုရင်တော့မိမိတက်ရောက်လိုတဲ့တက္ကသိုလ်က Foundation Year ကို Join လို့ရပါတယ်။ Foundation Year Program ကတော့ တက္ကသိုလ်ပညာရေးကိုတက်ရောက်နိုင်ဖို့၊ ပုံမှန်အားဖြင့် Entry Requirements ကို meet မဖြစ်သူများအတွက်၊ မိမိသင်ကြားလိုတဲ့ဘာသာရပ်ရဲ့လိုအပ်တဲ့ Academic အခြေခံတွေကို ၁ နှစ်တာသင်ကြားပေးတဲ့ Program  ဖြစ်ပါတယ်။

 

Foundation Program တွေကိုတော့မိမိတက်ရောက်လိုတဲ့ဘာသာရပ်နဲ့ကျောင်းကိုသေသေချာချာရွေးချယ်ထားပြီး၊ တက္ကသိုလ်အမြန်တက်ရောက်လိုသူများရွေးချယ်သင့်ပါတယ်။ Foundation Program တွေကများသောအားဖြင့် English language အတွက်လဲ Extra Support ပေးပြီးသင်ကြားပေးပါတယ်။

နိဂုံး

အကုန်လုံးကိုအနှစ်ပြန်ချုပ်ရရင်တော့မြန်မာနိုင်ငံမှအထက်တန်းအောင်ပြီးသားသူတွေ UK ကတက္ကသိုလ်တွေမှာတက်ရောက်နိုင်ဖို့ A-Level သို့မဟုတ်  Foundation Year Qualification တွေလိုအပ်ပါမယ်။ A-Level Qualification က Globally respected ဖြစ်ပြီး Ranking မြင့်တဲ့ Top Universities တွေတက်ရောက်လိုသူများအတွက်သင့်လျော်ပါတယ်။ Foundation Year ကတော့မိမိသင်ကြားလိုတဲ့ဘာသာရပ်နဲ့ကျောင်းကိုသိရှိထားပြီးတက္ကသိုလ်အမြန်တက်ရောက်လိုသူများအတွက်သင့်လျော်ပါတယ်။

Google Ad Space

Google Ad Space