Google Ad Space

ထိုင်းနိုင်ငံသို့မသွားခင်ကြိုတင်ပြင်ဆင်ထားရမယ့် Arrival Card အကြောင်းနဲ့ Online မှ Form ဖြည့်သွင်းနည်း

Published Year: 23/07/2025

By: Karl

Image 0

Arrival Card ဆိုတာဘာလဲ?

လူတော်တော်များများမသိသေးတဲ့အရာတစ်ခုကတော့ထိုင်းနိုင်ငံသို့လေဆိပ်ကတဆင့်ဝင်ရောက်ချင်တယ်ဆိုရင် Arrival Card (TM.6 Form) တစ်ခုကိုဖြည့်သွင်းဖို့လိုအပ်တာပဲဖြစ်ပါတယ်။

Arrival Card ဆိုတာကတော့ထိုင်းနိုင်ငံကိုလေကြောင်းကနေဝင်လာမယ့်ခရီးသည်တွေဖြည့်သွင်းရတဲ့ Form တစ်ခုဖြစ်ပြီး၊ ခရီးသည်ရဲ့နာမည်၊ လိပ်စာ၊ ပတ်စ်ပို့နံပါတ်၊ ခရီးစဉ်အချက်အလက်စတာတွေကိုဖြည့်သွင်းပေးဖို့လိုအပ်ပါတယ်။

Arrival Card ဘာကြောင့်ဖြည့်သွင်းရသလဲဆိုရင်တော့ထိုင်းအစိုးရမှပြည်ပခရီးသည်တွေရဲ့ ID နဲ့ Persoanl Information တွေကိုထိုင်းနိုင်ငံ Immigration System ထဲထည့်သွင်းဖို့ရန်ဖြစ်ပြီး၊ ခရီးသည်များဟာဘယ်နေရာကဘယ်နေ့ရောက်လာသလဲ၊ ဘယ်နေရာမှာနေမလဲစတဲ့အချက်အလက်တွေကို Track လုပ်နိုင်ဖို့ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Arrival Card ကိုလေဆိပ်မှာဘဲဖြည့်ကြတာဖြစ်ပေမယ့်ယခုအခါမှာလေဆိပ်မရောက်ခင်မြန်မာနိုင်ငံမှာကတည်းက Online နဲ့ကြိုတင်ဖြည့်နိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် Immigration မှာအချိန်အများကြီးမကုန်စေဖို့အတွက်ထိုင်းနိုင်ငံအတွင်းသို့မဝင်ခင်ကြိုတင် Online ကနေ Form ဖြည့်သွင်းထားသင့်ပါတယ်။

Arrival Card ဘယ်လိုဖြည့်ရမလဲ?

1. Arrival Card ဖြည့်သွင်းရန်ဝင်ရောက်ရမည့် Website

https://tdac.immigration.go.th/arrival-card/#/home (official e-arrival card website)

 2. ဖြည့်သွင်းရမည့်အချက်အလက်များ

• အမည် (Name)

• နံပါတ် (Passport Number)

• ထိုင်းနိုင်ငံတွင်နေထိုင်မည့်လိပ်စာ (Hotel or Residence in Thailand)

• Flight Number, Arrival Date, Departure Date

3. လေဆိပ် Immigration Counter မှာ ပြသနိုင်အောင် QR Code Download လုပ်ပြီး Save ထားပါ။

📌 သတိပြုရန်

• အတုအယောင် Website များသို့မသွားမိရန်သတိပြုပါ – Offical Website သို့သာဝင်ရောက်ပါ။

• ဖုန်းထဲတွင် Screenshot ထားရန်မမေ့ပါနှင့် – Airport မှာ Wi-Fi မကောင်းတဲ့အခါအခက်အခဲမဖြစ်စေရန် Screenshot ရိုက်ပြီးကြိုတင်ပြင်ဆင်ထားပါ။

 

Step 1

Image 2

Step 2

Image 4

Step 3

Tips

  1. လေကြောင်းလမ်းဖြင့်ထိုင်းနိုင်ငံသို့လာရောက်လျှင် Mode of Transport မှာ Commercial Flight ကိုရွေးချယ်ပါ။
  2. Flight No ကိုမိမိရဲ့လေယာဥ်လက်မှတ်မှာစစ်ဆေးနိုင်ပါတယ်။

Image 6

Step 4

မိမိနေထိုင်မည့်နေစရာအမျိုးအစား (ဥပမာ - Hotel, Guest House စသဖြင့်ရွေးချယ်ပါ)

Image 8

Step 5

ထိုင်းမလာခင်လွန်ခဲ့သည့်နှစ်ပတ်အတွင်းနေထိုင်ခဲ့သည့်နိုင်ငံကိုရွေးချယ်ပါ။

Image 10

Final Step

Tips: Arrival Card QR Code ပို့ပေးနိုင်ရန် Email ကိုမှန်ကန်အောင်ဖြည့်ပါ။

Image 12

Google Ad Space