CAS Letter ဆိုတာဘာလဲ? UK မှာကျောင်းသွားတက်ချင်သူများသိထားသင့်တဲ့ CAS Letter အကြောင်း
Published Year: 4/6/2025
By: Karl

.
UK မှာကျောင်းတက်ဖို့စီစဥ်နေတယ်ဆိုရင်တော့တစ်ချိန်ချိန်မှာ CAS Letter ဆိုတဲ့စကားလုံးကိုကြားရပါလိမ့်မယ်။ ဒီ Content မှာတော့ CAS Letter ဆိုတာဘာလဲ? ဘာအတွက်အရေးကြီးတာလဲစတဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။
CAS Letter ဆိုတာဘာလဲ?
CAS ဆိုတာ Confirmation of Acceptance for Studies ကိုကိုယ်စားပြုပြီး၊ မြန်မာလိုဆိုရရင်တော့တက္ကသိုလ်ဖက်မှကျောင်းတက်ရောက်နိုင်ဖို့လက်ခံတဲ့အတည်ပြုစာလို့အဓိပ္ပာယ်ပြန်နိုင်ပါတယ်။ မိမိဟာကျောင်းဖက်ပေးတဲ့ offer ကိုလက်ခံပြီး၊ ကျောင်းဖက်ကသတ်မှတ်ထားတဲ့ IELTS, deposit, academic documents စတာတွေရဲ့အခြေအနေတွေကိုတစ်ခုချင်းစီပြည့်မှီသွားတဲ့အခါမှာတက္ကသိုလ်က CAS Letter ထုတ်ပေးပါတယ်။ CAS Letter မှာအရေးကြီးဆုံးအချက်ကတော့ Unique ဖြစ်တဲ့ 14-digit reference number ပါဝင်ခြင်းပဲဖြစ်ပါတယ်။ ဒီ 14-digit CAS Number နဲ့မှသာလျှင် UK အစိုးရထံကိုနိုင်ငံအတွင်းသို့ပညာသင်ကြားရန်ဆိုတဲ့အကြောင်းပြချက်နဲ့ပြည်ဝင်ခွင့် Visa လျှောက်နိုင်မှာပဲဖြစ်ပါတယ်။
CAS Letter တစ်ခုမှာဘယ်အချက်အလက်တွေပါရှိသလဲ?
• မိမိအမည်နဲ့ Update ဖြစ်တဲ့ Passport အချက်အလက်များ
• တက္ကသိုလ်အမည်နဲ့ Sponsor License Number
• မိမိတက်ရောက်မယ့်ဘာသာရပ်အမည်၊ စတင်ရက်နှင့်ပြီးဆုံးမယ့်ရက်
• ကျောင်းလခစုစုပေါင်းပမာဏနှင့်ဘယ်လောက်ပေးသွင်းပြီးဖြစ်ပြီဆိုတဲ့အချက်
• IELTS (သို့) အခြားအင်္ဂလိပ်စာအရည်အချင်းပြသချက်
• Unique ဖြစ်တဲ့ 14-digit reference number တို့ပါရှိတယ်။
Conditional CAS နဲ့ Unconditional CAS Letter – ဘာကွာခြားသလဲ?
1. Conditional CAS Letter ဆိုတာဘာလဲ?
တချို့သောတက္ကသိုလ်တွေမှာကျောင်းလျှောက်ထားသူကကျောင်းဖက်ကသတ်မှတ်ထားတဲ့အခြေအနေတွေဥပမာ IELTS Score လိုမျိုးစသဖြင့်အချို့အချို့သော သတ်မှတ်ချက်တွေကို မပြည့်မှီသေးသော်လဲ Internal administrative use အတွက်ဒါမှမဟုတ် pre-confirmation လုပ်တဲ့အနေနဲ့ Temporary Conditional CAS ကိုထုတ်ပေးတတ်ပါတယ်။ သို့သော်ဒီနေရာမှအရေးကြီးတဲ့အချက်ကတော့ Conditional CAS Letter နဲ့ UK Visa လျှောက်လို့မရနိုင်ပါဘူး။ Visa လျှောက်ဖို့ဆိုရင်တော့ Unconditional CAS လိုအပ်မှာပဲဖြစ်ပါတယ်။
2. Unconditional CAS Letter ဆိုတာဘာလဲ?
Unconditional CAS Letter ဆိုတာ Conditional Letter ထဲမှာဖော်ပြထားတဲ့အချက်အလက်တွေဥပမာသတ်မှတ်ထားတဲ့ Deposit ကိုပေးဆောင်ခြင်း၊ သက်ဆိုင်ရာ Academic documents များတင်ပြခြင်း၊ IELTS Socre ကိုတင်ပြခြင်းစသဖြင့် အခြေအနေတွေအားလုံးကို ပြည့်မှီပြီးသွားပြီဆိုမှသာထုတ်ပေးတဲ့ CAS ဖြစ်ပါတယ်။ ဒီ Unconditional CAS ရမှသာလျှင် Student Visa လျှောက်လို့ရနိုင်မှာပဲဖြစ်ပါတယ်။
CAS Letter ကဘာလို့ အရေးကြီးတာလဲ?
အကုန်လုံးကိုပြန်ချုပ်ရရင် UK မှာ Student Visa လျှောက်ဖို့အတွက် CAS Letter မရှိရင်လျှောက်လို့မရနိုင်ပါဘူး။ CAS Letter ကမိမိဟာ UK တက္ကသိုလ်တစ်ခုမှာတရားဝင်လက်ခံထားခြင်းခံရတယ်ဆိုတဲ့အချက်၊ အဲ့ဒီတက္ကသိုလ်က UKVI ကအသိအမှတ်ပြုထားတဲ့ Sponsor ပေးနိုင်တဲ့တက္ကသိုလ်တစ်ခုဖြစ်တယ်ဆိုတဲ့အချက်၊ မိမိတက်ရောက်မယ့်ဘာသာရပ်ဟာလဲ UK Visa စည်းမျဉ်းအောက်မှာမှန်ကန်စွာရှိနေတဲ့ Course တစ်ခုဖြစ်တယ်ဆိုတဲ့အချက်စတဲ့အချက်အလက်တွေကို Offically သက်သေပြပေးနိုင်တဲ့အတွက် Visa လျှောက်ဖို့မရှိမဖြစ်အရေးကြီးပါတယ်။