အရည်အသွေးကောင်းပြီးစျေးသက်သာတဲ့တက္ကသိုလ်အများစုရှိတဲ့ Developed Country တစ်ခု - တရုတ်နိုင်ငံ
Published Year: 9/6/2025
By: Karl

နိဒါန်း
နိုင်ငံခြားမှာတက္ကသိုလ်တက်ရရင် Developed ဖြစ်တဲ့နိုင်ငံမှာပဲတက်ချင်တယ်။ သို့ပေမယ့်ငွေကြေးအကုန်အကျအများကြီးလဲမသုံးချင်ဘူးဆိုရင်တော့ UK၊ US၊ Australia စတဲ့ Western နိုင်ငံတွေကိုရွေးချယ်မယ့်အစားဈေးသက်သာ၊ အရည်အသွေးကောင်းပြီး Developed Country တစ်ခုလဲဖြစ်တဲ့တရုတ်နိုင်ငံကိုတစ်ချက်စဥ်းစားသင့်ပါတယ်။
ဘာကြောင့်တရုတ်နိုင်ငံကတက္ကသိုလ်တွေကိုစဥ်းစားသင့်တာလဲ?
💰 ဈေးနှုန်းချိုသာမှု
တရုတ်နိုင်ငံကတက္ကသိုလ်တွေရဲ့ကျောင်းစရိတ်ဟာအနောက်နိုင်ငံတွေဖြစ်တဲ့ UK, US, Australia စတဲ့နိုင်ငံတွေထက်သိသိသာသာနည်းပါးပါတယ်။ ဒါကြောင့်ဘတ်ဂျက်နဲ့ကျောင်းတက်ချင်တဲ့သူများအတွက်တရုတ်နိုင်ငံဟာထည့်သွင်းစဥ်းစားသင့်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့်နှစ်စဥ်ကျောင်းစရိတ် US $2,000 မှ $4,000 ကြားရှိပါတယ်။
🏙 နေထိုင်စရိတ်သက်သာမှု
တရုတ်နိုင်ငံမှာနေထိုင်စရိတ်ဟာလဲအနောက်နိုင်ငံများနဲ့ယှဥ်ရင်အများကြီးသက်သာပါတယ်။ ပျမ်းမျှအားဖြင့် Shared Apartment တစ်ခုကိုတစ်လလျှင် $150 – $250 နဲ့ရနိုင်ပါတယ်။ ဒါ့အပြင်စားစရိတ်၊ ခရီးသွားစရိတ်တွေကလဲ student-friendly ဖြစ်ပါတယ်။
🌍 နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့်အညီသင်ကြားပြသပေးပြီး၊ English-Taught Program များရှိခြင်း
တရုတ်မှာ Bsiness၊ Medicine၊ Engineering စတဲ့ဘာသာရပ်တွေကိုအင်္ဂလိပ်ဘာသာသီးသန့်ဖြင့်သင်ကြားပေးတဲ့တက္ကသိုလ်များရှိပါတယ်။ ဒါ့အပြင်ကိုနိုင်ငံတကာမှပါမောက္ခများ၊ Institution များနှင့်ပူးပေါင်းပြီးသင်ကြားပြသမှုများလဲရှိပါတယ်။ ဒါကြောင့်တရုတ်ဘာသာစကားမကျွမ်းကျင်သော်လဲကျောင်းတက်နိုင်တဲ့အခွင့်အရေးတွေရှိပါတယ်။
🎓 Scholarship အခွင့်အလမ်းများရှိခြင်း
တရုတ်နိုင်ငံမှာအစိုးရမှ Chinese Government Scholarship – CSC ဆိုတဲ့ Scholarship အများအပြားကို International Student များအတွက်လဲပေးနေပါတယ်။ ဒါ့အပြင်တက္ကသိုလ်များအပေါ်မူတည်ပြီးသီးသန့်ပေးတဲ့ scholarship များလဲရှိပါတယ်။ Scholarship များမှကျောင်းစရိတ်၊ နေထိုင်စရိတ်၊ လစဉ်အသုံးစရိတ်ကို Fully or Partially ထောက်ပံ့ပေးပါတယ်။
💼 ကျောင်းပြီးတဲ့နောက်အလုပ်အကိုင်အခွင့်အလမ်းများရှိခြင်း
တရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး၊ ထိပ်တန်းစီးပွားရေးဈေးကွက်တစ်ခုဖြစ်လာတာကြောင့်ပညာသင်ကြားပြီးနောက်အလုပ်အကိုင်ရှာဖွေရာမှာနိုင်ငံတကာကျောင်းသားတွေအတွက်အခွင့်အလမ်းရှိပါတယ်။
တရုတ်နိုင်ငံမှအရည်အသွေးမြင့်မားပြီးဈေးနှုန်းချိုသာတဲ့တက္ကသိုလ် ၅ ခု
University |
City |
Tuition (USD/yr)
|
Top Programs |
Bohai University
|
Jinzhou |
$1,800–2,000 |
English, Accounting, Engineering |
Chengdu University
|
Chengdu |
$2,200–3,300 |
Sci, Eng, Medicine, Liberal Arts |
Wuhan University
|
Wuhan |
$2,400–4,000 |
Eng, Sci, Humanities |
Shenzhen University
|
Shenzhen |
$2,600 |
Business, IT, Engineering |
Ningbo University
|
Ningbo |
$2,200–3,200; MBBS $5,300 |
Business, Eng, Medicine |
မှတ်ချက်။ ယခုဖော်ပြထားသောကျောင်းစရိတ်များသည်ကိုးကားရန်အတွက်သာဖြစ်ပြီး၊နှစ်စဥ်နှင့်အမျှကျောင်းစရိတ်အပြောင်းအလဲရှိပါသည်။