Google Ad Space

UK မှာကျောင်းတက်ချင်တဲ့မြန်မာကျောင်းသူကျောင်းသားများသိထားသင့်တဲ့ပြောင်းလဲလာတော့မယ့် UK ရဲ့ New Immigraiton Rule အကြောင်း

Published Year: 1/6/2025

By: Karl

နိဒါန်း

နိဒါန်း

မေလ 12 ရက် 2025 မှာ UK အစိုးရကနေ Immigration နဲ့ပတ်သက်ပြီးပြောင်းလဲတော့မယ့်မူဝါဒစာတမ်းအသစ် (UK Government’s Immigration White Paper) ကို offically publish လုပ်ခဲ့ပါတယ်။

 

အစိုးရကနေပြောင်းလဲဖို့လျှာထားတဲ့ Internaitonal Student တွေနဲ့ပတ်သက်တဲ့မူဝါဒအသစ်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

1. Skilled Worker Visas အတွက် Qualify ဖြစ်မယ့်အလုပ်များကိုလျော့ချခြင်း

အရင်က Skilled Worker Visas အနေနဲ့ခွင့်ပြုပေးထားတဲ့ Job Lists တွေကိုလျော့ချသွားဖို့အစိုးရကလက်ရှိအချိန်မှာလျှာထားပါတယ်။ Medium-skilled jobs (RQF Level 3) တွေဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့  Hospitality လုပ်ငန်းကအလုပ်အကိုင်အများစုဟာလဲ overseas ကလူတွေအနေနဲ့လျှောက်ထားနိုင်ဖို့ခက်ခဲလာတော့မှာပဲဖြစ်ပါတယ်။

 

📌 ဒီပြောင်းလဲမှုဟာဘွဲ့ရပြီးအလုပ်အကိုင်ရှာဖွေတဲ့အခါပိုမိုကျပ်တည်းမှုဖြစ်လာစေနိုင်ပါတယ်။

2. Social Care Jobs အတွက် Overseas Worker တွေကိုဆက်လက်လက်မခံတော့ခြင်း

အရင်က Social Care Workers Job Roles တွေဖြစ်တဲ့ဥပမာ Carers နဲ့ Care Assistants တွေအတွက် Oversea Worker တွေကိုလုပ်ကိုင်ဖို့ခွင့်ပြုထားခဲ့သော်လည်း၊ ပြောင်းလဲတော့မယ့် New Rule မှာဒီအလုပ်တွေအတွက် Overseas Workers တွေကိုဆက်လက်ခေါ်ယူခွင့်ရပ်တန့်တော့မှာဖြစ်ပါတယ်။

 

 

📌 ဒီပြောင်းလဲမှုကြောင့် UK ကို Care Worker အနေနဲ့လာရောက်လုပ်ကိုင်နိုင်မယ့် Visa လမ်းကြောင်းလဲရပ်တန့်သွားနိုင်မှာဖြစ်ပါတယ်။

3. UK Universities အနေနဲ့ International Students တွေကိုလက်ခံနိုင်ဖို့ ခက်ခဲလာနိုင်ခြင်း

ပြောင်းလဲဖို့လျှာထားတဲ့မူဝါဒအသစ်မှာအစိုးရက University များထံမှ International sudent တွေဆီကနေရတဲ့ကျောင်းလခမှ Levy (extra charge) ကောက်ယူဖို့စီစဥ်နေပါတယ်။

 

📌ဒီပြောင်းလဲမှုက International Sudent များအပေါ်တိုက်ရိုက်သက်ရောက်မှုမရှိသော်လည်း University များအနေနဲ့ Interntaional Sutdnet အရေအတွက်အများအပြားကိုလက်ခံနိုင်ဖို့ခက်ခဲလာစေနိုင်ပြီး၊ Oversea Studnet များအတွက်လဲကျောင်းလခပိုမိုမြင့်တက်လာစေနိုင်ပါတယ်။

4. Oversea Student တွေကို Visa Sponsor ပေးဖို့ပိုမိုကျပ်တည်းလာနိုင်ခြင်း

မူဝါဒအသစ်မှာအစိုးရကနေ  Universities များကို  Visa sponsor ပေးနိုင်တဲ့ License နဲ့ပတ်သက်ပြီးပိုမို Strict လုပ်ဖို့စီစဥ်နေပါတယ်။

 

📌 ဒီပြောင်းလဲချက်ကြောင့် Trusted University တွေပဲ Interntional Studnet တွေကို Visa Sponsor ပေးနိုင်တော့မှာဖြစ်ပြီး၊ Lower-tier Univeristy တွေနဲ့  Private Institutions တွေမှ Visa Sponsor ပေးဖို့ပိုမိုခက်ခဲသွားတော့မှာဖြစ်ပါတယ်။

5. Graduate Visa နေထိုင်ခွင့်လျော့ချခြင်း

အရင်က UK မှာကျောင်းပြီးလို့ 2 နှစ်နေထိုင်ခွင့်ပေးထားခဲ့ပေမယ့်၊ အခုလျှာထားတဲ့မူဝါဒအသစ်မှာတော့ 18 လသာနေထိုင်ခွင့်ပြုသွားတော့မှာဖြစ်ပါတယ်။

 

📌 ဒီပြောင်းလဲချက်ကြောင့်ဘွဲ့ရပြီး Skilled Worker Visa ပေးနိုင််တဲ့အလုပ်အကိုင်ရှာဖွေဖို့အတွက်အချိန်လျော့နည်းသွားမှာဖြစ်ပါတယ်။

6. English Language Requirements အတွက်ပိုမိုကျပ်တည်းလာခြင်း

New rules အသစ်မှာ Visa လျှောက်ထားသူတွေအတွက် Higher English language test standards ကိုပြောင်းလဲကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Dependants အနေနဲ့လျှောက်မယ့် spouses များအနေနဲ့လဲ Basic English Skills ရှိဖို့လိုအပ်လာတော့မှာဖြစ်ပါတယ်။

 

📌  ဒီပြောင်းလဲချက်ကြောင့် UK လာဖို့စီစဥ်နေသူများ English Language Proficiency အတွက်ပိုမိုပြင်ဆင်ကြရတော့မှာဖြစ်ပါတယ်။

7. Settlement (Permanent Residence) လျှောက်နိုင်ဖို့အချိန်ကြာမြင့်လာခြင်း

ယခင် Law အရ Indefinite Leave to Remain (ILR) အမြဲတမ်းနေထိုင်ခွင့်ကို Skill Worker Visa နဲ့ 5 နှစ်နေထိုင်ပြီးတဲ့အခါလျှောက်နိုင်ပါတယ်။ သို့ပေမယ့် New Rule မှာတော့ 5 နှစ်နေထိုင်ရာကနေ 10 နှစ်နေထိုင်ပြီးမှသာလျှင်အမြဲတမ်းနေထိုင်ခွင့် PR ကိုလျှောက်နိုင်တော့မှာဖြစ်ပါတယ်။

 

📌 ဒီပြောင်းလဲချက်ကြောင့် UK မှာ PR ရဖို့နဲ့ citizen လျှောက်နိုင်ဖို့အချိန်ပိုမိုကြာမြင့်လာတော့မှာဖြစ်ပါတယ်။

 

သို့ပေမယ့်လဲအခုပြောင်းပဲဖို့ပြင်ဆင်နေတဲ့ Immigration Policy အသစ်တွေကတော့လျှာထားချက်သက်သက်သာဖြစ်သေးတယ်ဆိုတာတော့သတိပြုမိစေချင်ပါတယ်။ ဒီလျှာထားချက်တွေကို Parliament ထဲမှာဆုံးဖြတ်ချက်ချပြီးမှသာအသက်ဝင်လာမှာဖြစ်ပါတယ်။

 

Source

 

GOV.UK (2025) Restoring control over the immigration system: white paper. Available at: https://assets.publishing.service.gov.uk/media/6821f334ced319d02c906103/restoring-control-over-the-immigration-system-web-optimised.pdf (Accessed: 1st June 2025).

 

House of Commons Library (2025) Changes to UK visa and settlement rules after the 2025 immigration white paper. Available at: https://commonslibrary.parliament.uk/research-briefings/cbp-10267/ (Accessed: 1st June 2025).

 

Google Ad Space

Google Ad Space