BTS Skytrain အတွက် Single Journey Ticket ကို Ticket Machine မှာဘယ်လိုဝယ်ရမလဲ?
Published Year: 20/6/2025
By: Karl
၁။ Screen ပေါ်ကမိမိသွားလိုတဲ့တည်နေရာကိုလက်နဲ့နှိပ်ပြီးရွေးချယ်ပါ။
Screen ပေါ်က Route Map ဟာ Zoom ဖြစ်သွားပြီးမိမိရွေးချယ်လိုက်တဲ့တည်နေရာကိုအနီးကပ်ပြသပါလိမ့်မယ်။

.
၂။ မိမိသွားလိုတဲ့ဘူတာကိုရှာပါ။

.
၃။ သွားလိုတဲ့တည်နေရာဘူတာကိုရွေးချယ်ပါ။
၃.၁။ အဝိုင်းပုံဘူတာနံပါတ်ကိုနှိပ်ပြီးရွေးချယ်နိုင်ပါတယ်။
၃.၂။ အကယ်၍မှားရွေးသွားခဲ့ပါက “Cancel” ခလုတ်ကိုနှိပ်ပြီးနောက်တစ်ကြိမ်ပြန်လည်ရွေးချယ်နိုင်ပါတယ်။

.
၄။ လက်မှတ်အရေအတွက်ကိုရွေးချယ်ပါ။
တစ်ကြိမ်ကိုအများဆုံးလက်မှတ် ၄ စောင်အထိဝယ်ယူနိုင်ပါတယ်။ လက်မှတ်အရေအတွက်ကိုမရွေးချယ်ပါကအလိုအလျှောက် ၁ စောင်သာထုတ်ပေးပါလိမ့်မယ်။

.
၅။ ငွေပေးချေရန်နည်းလမ်း ၂ မျိုးရှိပါတယ်။
၅.၁။ ပထမနည်း – ငွေအကြွေစေ့ဖြင့်ပေးချေနိုင်ပါတယ်။

.
၅။ ငွေပေးချေရန်နည်းလမ်း ၂ မျိုးရှိပါတယ်။
၅.၂။ ဒုတိယနည်း – QR Code ဖြင့်ပေးချေနိုင်ပါတယ်။
အကြံပြုချက် – လက်မှတ်ဝယ်ယူဖို့စောင့်ဆိုင်းတန်းစီနေစဉ်မှာ၊ မိမိသုံးမယ့် Mobile App (Rabbit LINE Pay, WeChat Pay, Alipay, Bank App) ကိုဖွင့်ထားပြီးအဆင်သင့်ပြင်ဆင်ထားနိုင်ပါတယ်။

.
၆။ အောက်က Tray ထဲမှလက်မှတ်ကိုယူပြီး၊ အကြွေပြန်အမ်းခဲ့လျှင်ပြန်အမ်းငွေကိုလည်းယူပါ။

.
မှတ်ချက်
အထက်ပါပုံများမှာကိုးကားရန်အတွက်သာဖြစ်ပါတယ်။ ပုံထဲမှ Ticket Machine ဟာအပြင်နဲ့ကွာခြားချက်ရှိပါတယ်။