လန်ဒန်မှာနေဖို့နေရာရွေးချယ်တဲ့အခါဘာကြောင့် Crime Rate ကိုထည့်သွင်းစဥ်းစားဖို့အရေးကြီးတာလဲ?
Published Year: 8/08/2025
By: Karl

နိဒါန်း
လန်ဒန်ဟာ UK မှာလူဦးရေအများဆုံးဖြစ်သလို၊ စီးပွားရေး၊ နည်းပညာ၊ ဖန်တီးမှုနဲ့ ယဉ်ကျေးမှုအရလည်းအချက်အချာအကျဆုံးမြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ လန်ဒန်မြို့ကြီးဟာအလွန် Diverse ဖြစ်ပြီး၊ unique ဖြစ်တဲ့ identity, character နဲ့ atmosphere တွေရှိကြတဲ့ Boroughs ၃၂ ခုနဲ့ဖွဲ့စည်းထားပါတယ်။ Boroughs ၃၂ ခုလုံးမှာသက်ဆိုင်ရာအားသာချက်တွေ၊ ကောင်းတဲ့အချက်တွေရှိကြသလို၊ချွတ်ယွင်းလေးတွေလဲရှိကြပါတယ်။
တချို့ Borough တွေဟာတခြားသော Borough တွေနဲ့နှိုင်းယှဥ်ရင်နေထိုင်ရတာပိုမိုအဆင်ပြေပြီး၊ Transportation နဲ့အစိုးရဝန်ဆောင်မှုတွေလဲကောင်းကောင်းရှိတတ်သလို၊ တချို့ Boroughတွေမှာတော့အလုပ်လက်မဲ့နှုန်းမြင့်မားပြီး၊ ရာဇဝတ်မှုနှုန်း (crime rate) ပိုမိုမြင့်မားနေတာမျိုးတွေ့ရတတ်ပါတယ်။ ဒါကြောင့်လန်ဒန်မှာနေဖို့နေရာရွေးချယ်တဲ့အခါ Transportation ကောင်းမွန်မှု၊ စျေးနှုန်းသက်သာမှုစတဲ့အချက်တွေကိုသာမကြည့်သင့်ပဲမိမိနေမယ့် Borough ရဲ့ crime rate မြင့်မမြင့်ကိုလဲထည့်သွင်းစဥ်းစားဖို့အလွန်ကြီးပါတယ်။
ဘာကြောင့် Crime Rate ကိုကြည့်ဖို့အရေးကြီးတာလဲ?
1. မိမိနဲ့ မိမိရဲ့မိသားစု Safety အတွက်
Crime Rate မြင့်မှုမမြင့်မှုဟာမိမိနေ့စဉ်ဘဝလုံခြုံရေးအပေါ်တိုက်ရိုက်
သက်ရောက်မှုစေပါတယ်။ Crime Rate နည်းတဲ့နေရာကိုရွေးချယ်ပါကခိုးယူမှု၊ အိမ်ထဲဖောက်တွင်းဝင်ရောက်မှု၊ လုရက်မှုနဲ့အကြမ်းဖက်တွေကို ကြုံတွေ့ရခြေနည်းပါစေနိုင်ပြီး၊ စိတ်အေးအေးနဲ့သွားလာနေထိုင်နိုင်စေပါတယ်။အထူးသဖြင့် –
- တစ်ဦးတည်းနေနေရသူတွေ
- မိသားစုနဲ့နေရသူတွေ
- အလုပ်ပြီးလို့ညနေပိုင်းနဲ့ ညနက်တဲ့အချိန်မှအိမ်ပြန်လာရသူတွေအတွက်
ရာဇဝတ်မှုနည်းတဲ့နေရာတွေကပိုပြီးစိတ်ချရပါတယ်။
2. Quality of Life အတွက်
Crime Rate မြင့်တဲ့နေရာတွေမှာ –
- လမ်းတွေပတ်ဝန်းကျင်တွေမသန့်ရှင်းတာ
- ဆူညံသံတွေရှိနေတာ
- ညအခါလူသူပြတ်လတ်ပြီး၊ လမ်းအလင်းရောင်နည်းပါးတာ
- တစ်ခါတစ်လေမှာအစိုးရရဲ့လူမှုရေးအထောက်အပံ့နည်းတာစတဲ့ပြဿနာတွေရှိနေတတ်ပါတယ်။
Crime rate နည်းတဲ့နေရာတွေမှာတော့ –
- Well-maintained လုပ်ထားပြီး Safe ဖြစ်တဲ့ပန်းခြံတွေ
- Community Events တွေ
- သန့်ရှင်းပြီး၊ ကောင်းမွန်တဲ့လူ့အသိုင်းအဝိုင်းနဲ့ပတ်ဝန်းကျင်တွေရှိတတ်ပါတယ်။
Crime Rate ကို ဘယ်လိုစစ်ဆေးမလဲ?
လန်ဒန်မြို့က crime rate တွေကိုအောက်ပါ Link တွေထဲဝင်ရောက်ပြီး၊ မိမိနေထိုင်မယ့် Borough နာမည် (သို့) Postcode ထည့်ပြီးစစ်ဆေးနိုင်ပါတယ်။
- https://www.police.uk – အင်္ဂလန်ရဲ့ တရားဝင် ရဲတပ်ဖွဲ့ crime map
- https://www.crimerate.co.uk – မြို့အလိုက်၊ ဌာနအလိုက် crime breakdown
Crime Rate မြင့်မားတဲ့ Borough များ
- Westminster - Thef (ခိုးယူမှု)၊ Shoplifting (ဆိုင်မှပစ္စည်းခိုးယူမှု) မြင့်မားပါတယ်။ ဒီနေရာတွေမှာဖုန်းတွေ၊ ပိုက်ဆံအိတ်တွေကိုဂရုစိုက်ဖို့သတိရှိသင့်ပါတယ်။
- Camden - Thef (ခိုးယူမှု)၊ anti-social behaviour (သူတစ်ပါးကိုအနှောက်အယှက်ဖြစ်စေမှု၊ လှောင်ပြောင်ခြင်း၊ ရန်စခြင်းစသဖြင့်) စတဲ့ Crime တွေများပါတယ်။
- Kensington and Chelsea - Thef (ခိုးယူမှု)၊ Vehicle Crime (ယာဥ်နှင့်ပတ်သက်သောဒုစရိုက်မှု) စတဲ့ Crime တွေများပါတယ်။
- Southwark - Violence (အကြမ်းဖက်မှု) နှင့် robbery (ပစ္စည်းလုရက်မှု) စတဲ့ Crime တွေများပါတယ်။
- Islington - Thef (ခိုးယူမှု) နှင့် Violence (အကြမ်းဖက်မှု) စတဲ့ Crime တွေများပါတယ်။
သတိပြုရန် - Borough တစ်ခုမှာ Crime rate မြင့်မားတယ်ဆိုခြင်းက Borough ထဲကနေရာတိုင်းအန္တရာယ်များတယ်လို့မယူဆသင့်ပါ။ Boroughဆိုတာကျယ်ပြန့်ပြီး Ward လေးတွေနဲ့ပြန်ခွဲထားပြီး၊ တချို့နေရာတွေကညဘက်လူပြတ်ပြီး၊ အသွားအလာနည်းပါးတာကြောင့် Crime rate မြင့်တက်နိုင်ပါတယ်။ သို့ပေမယ့်လဲအနီးအနားအိမ်ယာဇုန်တွေကတော့တိတ်ဆိတ်ပြီးလုံခြုံတဲ့နေရာတွေလဲဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် Borough တစ်ခုလုံးရဲ့ Crime rate တစ်ခုတည်းကြည့်ပြီးမဆုံးဖြတ်သင့်ပဲ၊ ကိုယ်နေမယ့် Post code နဲ့ပတ်ဝန်းကျင်ရဲ့ Crime rate နဲ့ Crime အမျိုးအစားကိုလေ့လာခြင်းဖြင့်နေစရာရှာရန်ချဉ်းကပ်သင့်ပါတယ်။
နိဂုံးချုပ်
လန်ဒန်မှာနေဖို့နေရာရွေးချယ်တဲ့အခါမှာ Grocery Store နဲ့ ဘယ်လောက်နီးတယ်၊ underground ဘယ်လောက်နီးတယ်စတဲ့အချက်တွေကိုကြည့်ရုံသာမကပဲဒီနေရာကဘယ်လောက် Safe ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးစတဲ့မိမိရဲ့လုံခြုံရေးအတွက်လဲထည့်သွင်းစဉ်းစားသင့်ဖို့လိုအပ်ပါတယ်။


