Google Ad Space

Bangkok မှာ BTS Skytrain ကိုဘယ်လိုစီးရမလဲ?

Published Year: 19/6/2025

By: Karl

Image 0

ဘာလို့ BTS Skytrain ကိုစီးသင့်တာလဲ?

ဘန်ကောက်မြို့ကလူစည်ကားသလောက်ယာဥ်ကြောပိတ်ဆို့မှုတွေလည်းများပါတယ်။ BTS Skytrain ကသန့်ရှင်းပြီး၊ မြန်လည်းမြန်ဆန်သလိုစျေးနှုန်းလည်းသက်သာတဲ့အတွက်မြို့အတွင်းသွားလာဖို့ရန်အဆင်ပြေတဲ့ Transportation တစ်ခုဖြစ်ပါတယ်။ ဒီ Content မှာတော့ Single Journey Ticket နဲ့ One-Day Pass ကိုဘယ်လိုဝယ်ပြီးစီးရသလဲဆိုတာရှင်းပြပေးပါမယ်။

BTS Skytrain ကဘယ်နေရာတွေကိုပြေးဆွဲတာလဲ?

BTS Skytrain မှာအဓိကပြေးဆွဲတဲ့ Line 2 ခုရှိပါတယ်။

  1. Sukhumvit  Line (Light Green) – မြောက်ဖက် Khu Khot ကနေ Central Bangkok ဖြစ်တဲ့ Mo Chit, Siam, Asok, On Nut စတဲ့နေရာတွေကိုဖြတ်သွားပြီး၊ အရှေ့တောင်ဖက် Kheha အထိပြေးဆွဲတဲ့လမ်းကြောင်းဖြစ်ပါတယ်။
  2. Silom Line (Dark Green) – Central Area ဖြစ်တဲ့ National Stadium ကနေ အနောက်တောင်ဖက် Bang Wa အထိပြေးဆွဲတဲ့လမ်းကြောင်းဖြစ်ပြီး Sala Daeng, Saphan Taksin စတဲ့အဓိကနေရာတွေကိုလည်းဖြတ်သွားပါတယ်။

ဒီလမ်းကြောင်း 2 ခုက Siam Station မှာအတူဆုံကြပါတယ်။

လက်မှတ်ဘယ်လိုဝယ်ရမလဲ?

1. One-Day Pass – တနေ့လုံးအကြိမ်အရေအတွက်အကန့်အသတ်မရှိစီးလို့ရတဲ့တစ်နေ့တာရထားစီးလက်မှတ်ကို (ယခုစာရေးတဲ့ချိန်ထိနောက်ဆုံး update အရ One-Day Pass လက်မှတ်တစ်စောင်ကို 150 Baht ကျသင့်ပါတယ်။လက်မှတ်ရောင်းတဲ့ကောင်တာတွေမှာဝယ်ယူနိုင်ပါတယ်။

2. Single Journey Ticket (တစ်ကြိမ်သုံးလက်မှတ်) – Ticket Machine မှာငွေသား(သို့မဟုတ်) Digital Payment သုံးပြီးဝယ်ယူနိုင်ပါတယ်။

 

One-Day Pass နဲ့ဘယ်လိုစီးရမလဲ?

 

Image 2

Single Journey Ticket နဲ့ဘယ်လိုစီးရမလဲ?

Image 4

သတိပြုရမည့်အချက်များ

• ပြေးဆွဲတဲ့အချိန် – မနက် :၀၀ မှည :၀၀ ထိဖြစ်ပါတယ်။

• Peak Hours (လူစည်ကားတဲ့အချိန်) – မနက်  နာရီ၊ ညနေ :၃၀ နာရီအထိဖြစ်ပါတယ်။

• Paid Area ထဲမှာနေခွင့်ပြုထားသောအချိန်မှာကန့်သတ်ချက် ၃၀၀ မိနစ် ( နာရီရှိပြီး၊ အချိန်ကျော်လွန်လျှင်ငွေဒဏ်ပေးဆောင်ရပါမယ်။

Google Ad Space