Google Ad Space

၂၀၂၅ခုနစ်အမေရိကန်နိိုင်ငံမှမြန်မာနိုင်ငံသားများအပေါ်ဗီဇာပိတ်ဆို့မှု – သိထားသင့်သောအချက်အလက်များ

Published Year: 6/6/2025

By: Karl

.

.

၂၀၂၅ ဇွန်လ ၅ ရက်နေ့မှာအမေရိကန်သမ္မတ Donald Trump က မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း ၁၂ နိုင်ငံမှနိုင်ငံသားများကိုအမေရိကန်နိုင်ငံသို့ခရီးသွားလာဝင်ရောက်ခွင့်တားမြစ်သည့်အမိန့်စာအသစ်တစ်ခုကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ အမိန့်စတင်အသက်ဝင်မည့်နေ့ကတော့ ၂၀၂၅ ဇွန် ၉ ရက်နေ့ဖြစ်ပြီး၊ အမိန့်သက်ရောက်မယ့်ဗီဇာအမျိုးအစားတွေကတော့ F1 (Student), B1/B2 (Tourist/Business), H1B (Work) အမျိုးအစားတွေပဲဖြစ်ပါတယ်။ အမိန့်သက်ရောက်မှုမရှိတဲ့ဗီဇာအမျိုးအစားတွေကတော့ ရှိပြီးသားဗီဇာကိုင်ဆောင်ထားသူများ၊ Green Card ရှိထားသူများ၊ အခြားနိုင်ငံ Passport ကိုင်ဆောင်ထားသော Dual Citizen များ၊ သံအမတ်၊ အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့်အားကစားသမားများနှင့်အရာရှိများတို့ဖြစ်ကြပါတယ်။

ဘာကြောင့်ဗီဇာပိတ်ဆို့ရတာလဲ?

မြန်မာနိုင်ငံသားများအနေနဲ့ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှု (Overstay Rate) မြင့်မားခြင်း

• B1/B2 ဗီဇာဖြင့်သက်တမ်းကျော်လွန်နေထိုင်မှု ၂၇.၀၇% ရှိခြင်း

ကျောင်းသားဗီဇာဖြင့်သက်တမ်းကျော်လွန်နေထိုင်မှု ၄၂.၁၇% ရှိခြင်း

အမေရိကန်မှပြန်လည်ပို့ဆောင်မည့်နိုင်ငံသားများကိုလက်ခံရန် (Deportation Process မှာ) ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း

စစ်ဆေးမှုနှင့်လုံခြုံရေးစနစ်များမလုံလောက်ခြင်းတို့ကြောင့်ဖြစ်တယ်လို့ဆိုထားပါတယ်။

 

ဒါဆိုအခုချိန်မှာဘာလုပ်သင့်သလဲ?

အခုအချိန်မှာအကောင်းဆုံးကတော့ဗီဇာလျှောက်ခြင်းကိုခေတ္တရပ်ဆိုင်းထားသင့်ပြီး၊ တရားဝင် website များဖြစ်တဲ့ (travel.state.gov, U.S. Embassy FB) တို့မှ Update သတင်းများကိုစောင့်ကြည့်သင့်ပါတယ်။

Google Ad Space

Google Ad Space