UK မှာကျောင်းတက်နေရင်း Part-time Job ဘယ်လိုရှာမလဲ?
Published Year: 11/01/2025
By: Karl

.
1.University Career Services ကိုအသုံးပြုပါ။
ကျောင်းမှာရှိတဲ့ Career Services (e.g. Job Board, Workshops, Career Advisors) ကို အသုံးပြုပြီးအချိန်ပိုင်းအလုပ်များကိုလျှောက်ထားနိုင်ပါတယ်။
2. Online Platforms တွေကိုအသုံးပြုပါ။
UK မှာဆိုရင် Indeed UK: https://www.indeed.co.uk ကနေများသောအားဖြင့် Part-time Job တွေရကြပါတယ်။ ဒါကြောင့် Indeed UK ကနေလဲ Try ကြည့်သင့်ပါတယ်။
Tips:
အလုပ်ခေါ်စာများမှာ “Student-Friendly, Flexible Hours, Part-time, Evening/Weekend စတဲ့ Filter များကိုသုံးပြီးရှာကြည့်နိုင်ပါတယ်။
3. Local Businesses မှာသွားလျှောက်ပါ။
Local Pubs, Restaurants, Cafés, Shops တို့မှာ CV ယူသွားပြီး တိုက်ရိုက်လျှောက်ထားပါ။
“Looking for Part-time Staff” ဆိုတဲ့အလုပ်ခေါ်စာများကပ်ထားတဲ့ဆိုင်များမှာလဲဝင်မေးကြည့်သင့်ပါတယ်။
4. Networking
သူငယ်ချင်း၊ မိတ်ဆွေများရဲ့ညွှန်းပေးမှုကြောင့်လဲအလုပ်ရနိုင်တဲ့အတွက် UK မှာအလုပ်ရှိပြီးသောသူများကိုအကူအညီတောင်းပြီးအလုပ်ရှင်ထံကိုဝန်ထမ်းလိုမလိုမေးမြန်းပြီးညွှန်းခိုင်းသင့်ပါတယ်။
5. Eligibility နဲ့ Rules ကို သတိပြုပါ
Student Visa Restrictions:
Term Time အတွင်းမျာ 20 hours/week လုပ်နိုင်ပါတယ်။
Holiday Time များမှာ Full-time လုပ်နိုင်ပါတယ်။
National Insurance Number (NIN): အလုပ်မလျှော်ကခင် NIN ရယူထားရန်တော့လိုအပ်ပါတယ်။
NIN လျှောက်ရန် Gov.uk
Bonus: Common Student-Friendly Jobs
• Waiter/Waitress
• Retail Assistant (e.g. Supermarkets)
• Delivery Driver (e.g. Uber Eats, Deliveroo)
• Tutoring or Library Assistant
• Customer Service Representative
• Barista (e.g. Coffee Shops)