Google Ad Space

နယူးယောက်မြို့ (New York City) မှာလည်ပတ်သင့်သောနေရာများ

Published Year: 27/8/2024

By: DD

နိဒါန်း

နိဒါန်း

"The Big Apple" လို့ချစ်စနိုးတင်စားခေါ်ဝေါ်ကြတဲ့ နယူးယောက်မြို့ဟာ ကမ္ဘာ့ စီးပွါးရေး၊ ယဉ်ကျေးမှု၊ နည်းပညာ နှင့် ဖျော်ဖြေရေးလုပ်ငန်းများ၏ အချက်ချာကျရာ အထင်ကရတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ ဒီမြို့ဟာ ကမ္ဘာအနှံမှ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှုမျိုးစုံ၊ ထွေပြားသော လူမျိုးပေါင်းစုံ၊ ရင်သပ်ရှုမောဖွယ်ရာ လည်ပတ်စရာနေရာများ နှင့် မြင့်မားတဲ့ မိုးမျှော်အဆောက်အအုံတွေကြောင့် နာမည်ကျော်ကြားပါတယ်။

 

ဒီ blog မှာတော့ နယူးယောက်မြို့တွင်သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေအကြောင်းရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။

1. Times Square (Free)

1. Times Square (Free)

ကမ္ဘာကြီး၏လမ်းဆုံလမ်းခွ "The Crossroads of the World" လို့တင်စားခေါ်ဝေါ်ကြတဲ့ Time square ဟာ နယူးယောက်မြို့ကြီး၏ မန်ဟန်တန်ခရိုင် (Manhattan borough) တွင်တည်ရှိပြီး နေ့ရောညပါ ကြက်ပျံမကျစည်ကားသောနေရာတစ်ခု ဖြစ်ပါတယ်။ 

 

နိုင်ငံအရပ်ရပ်မှ ခရီးသွားလူမျိုးပေါင်းစုံကိုတွေ့နိုင်ပြီး ညဘက်၌ တောက်ပသော Billboard LED မီးရောင်စုံများကြောင့် နယူးယောက်မြို့၏ အထင်ကရ နေရာတစ်နေရာ ဖြစ်လာရုံသာမက ကမ္ဘာအနှံမှ ခရီးသွားများကိုဆွဲဆောင်ရာ နေရာလည်း ဖြစ်လာပါတယ်။ The New York Times 2022 စစ်တမ်းများအရ Time square သို့ နေ့စဉ်လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်အရေအတွက်ပေါင်း သုံးထောင် (၃၀၀၀) ကျော်ရှိပါတယ်။

 

နှစ်စဉ် ဒီဇင်ဘာလ ၃၁ ရက်နေ့ညအချိန်တွင် Times Square ရင်ပြင်၌ ကမ္ဘာအနှံမှ ခရီးသွားဧည့်သည်များစုဝေးကာ New Year's Eve Ball Drop အခမ်းအနားကို ကျင်းပပြီး နှစ်သစ်ကူးကို ကြိုဆိုကြပါတယ်။ ဒါ့အပြင် Time square ဟာ Broadway Theater နှင့် ကမ္ဘာ့ဖျော်ဖြေရေး လုပ်ငန်းများ (entertainment industry) ၏ ဗဟိုချက် အခရာနေရာတစ်နေရာလည်းဖြစ်ပါတယ်။

2. Central Park (Free)

2. Central Park (Free)

Central Park ပန်းခြံဟာ နယူးယောက်မြို့ကြီး၏ မြို့လည်တွင်တည်ရှိပြီး စိမ်းစိုသော သစ်တောခင်းများ လှပသာယာသော ရေတံခွန်ရေကန်များ၊ ကျေးငှက် တိရစ္ဆာန်များ အစရှိသဖြင့် သဘာဝလှပမှုကြီးစွာနှင့်ပြည့်စုံနေသော မြို့ပြပန်းခြံကြီးတစ်ခုဖြစ်ပါတယ်။ ၁၈၅၈ ခုနစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိတိုင် လူသန်းပေါင်းများစွာ၏ အနှစ်သက်ဆုံး အပန်းဖြေစရာ နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

 

Central Park ပန်းခြံ ဟာ ၈၄၃ ဧက ကျယ်ဝန်းပြီး အမေရိကန်နိုင်ငံ၏ အကြီးမားဆုံး အပန်းဖြေစရာများထဲမှ တစ်ခုအပါဝင် ဖြစ်ပါတယ်။ ဤပန်းခြံဟာ မြို့ပြရဲ့မွန်းကျပ်မှုများမှ ခဏတာ ငြိမ်းချမ်းစွာ အနားယူဖို့အကောင်းဆုံးဖြစ်သလို လူကြီးမင်းအတွက် မိသားစုနှင့်အတူ ပျော်ပွဲစားခြင်း၊ စက်ဘီးစီးခြင်း၊ လှေလှော်ခြင်း၊ အားကစားလုပ်ခြင်း စတာတွေကို ပြုလုပ်နိုင်သော ပြည်သူ့ မြို့ပြပန်းခြံကြီးတစ်ခု ဖြစ်ပါတယ်။ 

 

ဤပန်းခြံတွင် လာရောက်အပန်းဖြေလည်ပတ်ကြသူများ အနေဖြင့် ၎င်း၏ အထင်ကရ ဖြစ်သော Bethesda Terrace နှင့် Bow Bridge ကဲ့သို့သောနေရာများသို့လည်း သွားရောက်လည်ပတ်နိုင်သလို ဧည့်သည်များ၏ စိတ်နှလုံးကို ဆွဲဆောင်ရာ Central Park Zoo နှင့် ပြတိုက်များသို့လည်း သွားရောက်လေ့လာနိုင်ပါတယ်။

Google Ad Space

Google Ad Space