by Karl
အဆင့်မြင့်ပညာရပ်တွေကိုသင်ကြားနိုင်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကိုရှာဖွေဖမ်းဆုပ်ယူနိုင်ဖို့၊ ဒါမှမဟုတ်အတွေ့အကြုံအသစ်တွေနဲ့မရောက်ဖူးသေးတဲ့နေရာအသစ်တွေကိုစူးစမ်းလေ့လာနိုင်ဖို့နိုင်ငံရပ်ခြားသွားရန်ပြင်ဆင်နေပါသလား? ‘CONNECT’ မှပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ အလည်အပတ်အတွက်နိုင်ငံခြားထွက်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ နောက်ဆုံးထုတ်ပြန်ထားတဲ့ စိတ်ဝင်စားစရာသတင်းတွေ၊ အထွေထွေအကြုံပြုချက်စတဲ့သတင်းအချက်အလက်တွေကိုမျှဝေပေးသွားဖို့ရှိနေပါတယ်။
by Karl
နိုင်ငံခြားမှာကျောင်းသွားတက်တာဟာလူငယ်အတော်များများမှာရှိတဲ့အိပ်မက်တစ်ခုလို့ပြောရင်မှားနိုင်မယ်မထင်ပါဘူး။ Oversea ထွက်ပြီးကျောင်းသွားတက်ရတာကလဲအရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းပြီး၊ အတွေ့အကြုံအသစ်တွေ၊ အခွင့်အရေးအသစ်တွေအများကြီးရရှိစေနိုင်တဲ့ခရီးတစ်ခုဆိုရင်လဲမှားနိုင်မယ်မထင်ပါဘူး။
သို့ပေမယ့်နိုင်ငံခြားမှာကျောင်းသွားတက်တဲ့ခရီးစဉ်ကောင်းကောင်းမွန်မွန်၊လျှောလျှောလျှူလျှူ၊ အဆင်ပြေပြေဖြစ်နိုင်ဖို့ဆိုရင်တော့ဘယ်ကျောင်းမှာတက်မယ်၊ Budget ဘယ်လောက်သုံးမယ်၊ ကျောင်းပြီးရင်ဘာလုပ်မယ်စသဖြင့်အသေးစိတ်သေချာပြင်ဆင်ထားဖို့အလွန်အရေးကြီးပါတယ်။
ဒီလိုပြင်ဆင်တဲ့အချိန်မှာနိုင်ငံခြားထွက်တဲ့ Process ကိုမသိထားဘူးဆိုရင်တော့ဘယ်ကစပြင်ဆင်ရမလဲလမ်းစပျောက်ကောင်းပျောက်နေနိုင်ပြီး Overwhelming ဖြစ်နေနိုင်ပါတယ်။
ဒါကြောင့်ဒီ Content မှာနိုင်ငံခြားထွက်ဖို့ပြင်ဆင်မှုတဲ့အခါအထောက်အကူဖြစ်အောင်နိုင်ငံခြားထွက်တဲ့ General Process လေးကိုအကျဥ်းချုပ်ပြီးပြောပြသွားမှာပဲဖြစ်ပါတယ်။
နိုင်ငံခြားမထွက်ခင်ပထမဆုံးလုပ်ဆောင်ရမယ့်အရေးအကြီးဆုံးအရာတစ်ခုကတော့မိမိကိုယ်ကို Reflect လုပ်ခြင်းနဲ့၊ Goals တွေချမှတ်ခြင်းပဲဖြစ်ပါတယ်။
နိုင်ငံခြားမှာကျောင်းသွားတက်တဲ့ခရီးစဥ်ဟာကိုယ့်ရဲ့ပညာရေး၊ Personal Life နဲ့ Professional Life တွေအပေါ်အများကြီး Impact ရှိပြီး၊ ကိုယ်ရဲ့ဘဝလမ်းကြောင်းဦးတည်ရာကိုလဲလွှမ်းမိုးမှုအများကြီးရှိပါတယ်။ ဒါကြောင့်ကျောင်းသွားတက်ဖို့နိုင်ငံတစ်ခုခုကိုခြေစုံပစ်မဝင်ခင်၊ ဘာသာရပ်တစ်ခုခုကိုမရွေးချယ်ခင်မှာကိုယ်ရဲ့နိုင်ငံခြားသွားချင်ရတဲ့ Main Reason နဲ့ ကိုယ်ရဲ့ Personal Goals, Academic Goals, Career Goals တွေကိုသေသေချာချာရှင်းရှင်းလင်းလင်းသိအောင်အရင်ကြိုးစားထားသင့်ပါတယ်။
ကိုယ်ကနိုင်ငံခြားထွက်ပြီးဟိုမှာအခြေချမှာလား၊ ဒါမှမဟုတ်ပညာသင်၊အတွေ့အကြုံယူ၊ အရင်းအနှီးစုပြီးကိုယ့်နိုင်ငံကိုပြန်လာပြီးကိုယ်ပိုင်စီးပွါးရေးပဲလုပ်မှာလားစသဖြင့်ကိုယ့်ရဲ့ Personal Goal ကဘာလဲဆိုတာကြိုတင်စဥ်းစားထားသင့်ပါတယ်။
ကိုယ်ကဘယ်လိုဘာသာရပ်ကိုလေ့လာချင်တာလဲ? ဘယ် Degree ထိရောက်အောင်ပညာသင်ကြားချင်တာလဲ? Master ထိတက်မှာလား? PHD ထိတက်မှာလား? စသဖြင့် ကိုယ့်ရဲ့ Academic Goal ကဘာလဲဆိုတာသိရှိအောင်ကြိုးစားထားသင့်ပါတယ်။
ဘွဲ့ရပြီးရင်ကိုယ်က Corporation အကြီးကြီးတွေမှာလုပ်ချင်တာလား၊ ဒါမှမဟုတ် Start-up Business နဲ့ SME Business လေးတွေမှာလုပ်ချင်တာလား၊ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွါးရေးနဲ့ စွန့်ဦးတီထွင်သူလုပ်ချင်တာလားစသဖြင့် Career Goal တွေကိုလဲကြိုတင်ပြီးတော့စဉ်းစားထားသင့်ပါတယ်။
ဒီလိုကြိုတင်စဥ်းစားထားမှသာလျှင်ကိုယ်ရဲ့ Goals တွေနဲ့ကိုက်ညီတဲ့နိုင်ငံ၊ သင်ကြားရမယ့်ဘာသာရပ်ကိုကောင်းကောင်းမွန်မွန်၊ အံ့ဝင်ခွင်ကျရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။
နိုင်ငံခြားမှာကျောင်းသွားတက်တာက Personal Development ကိုအများကြီးမြင့်တင်ပေးနိုင်ပြီး၊ Independence ဖြစ်လာအောင်အများကြီးအထောက်အကူပြုပေးနိုင်ပေမယ့်လဲကုန်ကျစရိတ်တွေ၊ ရင်းနှီးမှုတွေလိုအပ်မယ်ဆိုတာတော့ကြိုတင်ပြီးနားလည်ထားသင့်ပါတယ်။
ဒါကြောင့်ကိုယ်ကကြုံတွေ့လာရမယ့်ကုန်ကျစရိတ်တွေ (ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်၊ အထွေထွေကုန်ကျစရိတ်) စတာတွေကိုဘယ်လိုဖြေရှင်းမလဲ၊ Budget ဘယ်လောက်သုံးနိုင်မလဲစသဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲကြိုတင်စဉ်းစားထားဖို့လိုပါမယ်။ အဓိကကုန်ကျစရိတ်တစ်ခုဖြစ်တဲ့ကျောင်းစရိတ်ကိုတော့အလေးထားပြီးဘယ်လိုပေးမလဲဆိုတာစဥ်းစားရှိထားဖို့အရေးကြီးပါတယ်။ အိမ်ကထောက်ပံ့ပေးမှာလား၊ Scholarship ရအောင်ယူပြီးပဲသွားမှာလားစသဖြင့်ငွေကြေးအရင်းအနှီးဘယ်ကရမလဲဆိုတာကြိုတင်စဉ်းစားထားရမှာဖြစ်ပါတယ်။ ဒါ့အပြင်ကို နေစရိတ်၊ စားစရိတ်နဲ့ အထွေထွေကုန်ကျစရိတ်ကိုရောအိမ်ကထောက်ပံ့မှာလား၊ ဒါမှဟုတ် နိုင်ငံခြားမှာပဲအချိန်ပိုင်းအလုပ်လုပ်ပြီးကိုယ့်စရိတ်ကိုကိုယ်တိုင်ဖြေရှင်းနိုင်မလားစသဖြင့်ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
ဒီလိုကြိုတင်ပြင်ဆင်ထားမှသာတကယ်ကျောင်းသွားတက်တဲ့အချိန်မှာငွေကြေးကြောင့် Stress ဖြစ်ရခြင်းမှကင်းဝေးစေနိုင်ပြီး၊ ကိုယ့်ရဲ့နိုင်ငံခြားမှာကျောင်းသွားတက်တဲ့ Experience ကိုအကောင်းဆုံးရယူနိုင်မှာပဲဖြစ်ပါတယ်။
ဒီလိုကိုယ်ရဲ့ Goals တွေချမှတ်ပြီးသွားပြီး၊ ငွေကြေးဆိုင်ရာပြင်ဆင်မှုတွေလဲပြုလုပ်ပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့ Goals, Budget တွေနဲ့ကိုက်ညီအောင်ဘယ်နိုင်ငံကိုထွက်ရမလဲ၊ ဘယ်ကျောင်းမှာနေရမလဲစသဖြင့် Research လုပ်ပြီး Plan ရေးဆွဲရပါမယ်။
ကိုယ်ရဲ့ Goal ကနိုင်ငံခြားမှာအခြေချမယ်လို့စိတ်ကူးထားရင်တော့ Permanent Resident လျှောက်ရတာလွယ်ကူတဲ့နိုင်ငံမျိုးကို Research လုပ်ပြီးရွေးချယ်သင့်ပါတယ်။
ဒါ့အပြင် ကိုယ့်ရဲ့ Budget နဲ့ Academic Goal ပေါ်မူတည်ပြီးမှလဲကိုယ်နဲ့ကိုက်ညီမယ့်ကျောင်းမျိုးကိုရွေးချယ်ရှာဖွေသင့်ပါတယ်။ စျေးကြီးပြီး Ranking မြင့်တဲ့ကျောင်းမျိုးကိုသွားမလား။ ဒါမှမဟုတ်စျေးသက်သာပြီး Ranking အလယ်အလတ်ရှိတဲ့ကျောင်းကိုပဲသွားမလား။ အဲ့ကျောင်းတွေမှာရော ကိုယ်သင်ကြားချင်တဲ့ဘာသာရပ်ရှိသလား? ပြီးတော့ကျောင်းကိုဝင်နိုင်ဖို့ဘာတွေလိုအပ်မလဲ? စသဖြင့်သေသေချာချာ Research လုပ်သင့်ပါတယ်။
နောက်ဆုံးမှာတော့ကိုယ့်ရဲ့ Career Goal က နိုင်ငံခြားက Corporation ကြီးတွေမှာဝင်လုပ်နိုင်ဖို့၊ တစ်ဖက်နိုင်ငံမှာအခြေချဖို့စဉ်းစားထားရင်တော့အဲ့နိုင်ငံက Demand များပြီးကိုယ့်ရဲ့ Goal နဲ့လဲကိုက်ညီတဲ့ ဘာသာရပ်၊ နေရာဒေသကို ရွေးချယ်နိုင်အောင် Research လုပ်သင့်ပါတယ်။
ဒီလို Research and Planning လုပ်ပြီး၊ ကိုယ်နဲ့ကိုက်ညီမယ့်နိုင်ငံ၊ ဘာသာရပ်၊ ကျောင်းနဲ့ ကျောင်းရဲ့ Requirement တွေကိုသိရှိသွားပြီဆိုရင်တော့လိုအပ်တဲ့ကျောင်းရဲ့ Requirements တွေအတွက်ပြင်ဆင်မှုစတင်ရတော့မှာပဲဖြစ်ပါတယ်။ (ကိုယ်ရွေးချယ်ထားတဲ့နိုင်ငံနဲ့ကျောင်းပေါ်မူတည်ပြီးမှကိုယ်ပြင်ဆင်ရမယ့် Education certificate တွေကလဲကွဲပြားမှုရှိနိုင်ပါတယ်။ ဥပမာ UK ကတက္ကသိုလ်တွေလျှောက်ဖို့ဆိုရင်ယေဘုယျအားဖြင့် IELTS Certificate ရှိထားဖို့လိုအပ်ပါမယ်။)
အကယ်၍ကိုယ့်မှာ ကျောင်းကတောင်းတဲ့ Education Certificate တွေမရှိဘူးဆိုရင် ဒီအရာအတွက်ပြင်ဆင်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ဥပမာ ကိုယ်တက်ချင်တဲ့ကျောင်းက Foundation ကိုတက်လိုက်တာ၊ ကိုယ်တက်ချင်တဲ့ကျောင်းနဲ့ချိတ်ဆက်ထားတဲ့ကိုယ့်နိုင်ငံထဲက Foundation သို့မဟုတ် ပထမနှစ်၊ ဒုတိယနှစ်တို့ကိုတက်ရောက်ပြီး Certificate ယူလိုက်တာ။ ဒါမှမဟုတ်စျေးသက်သာတဲ့ University of the People တို့လိုကျောင်းမျိုးက Certificate ယူပြီး Credit Transfer လုပ်တာစသဖြင့်ကျောင်းကတောင်းတဲ့ Requirments တွေပြည့်စုံအောင် ပြင်ဆင်လို့ရပါတယ်။ (ဒီအကြောင်းလေးကိုတော့နောက်လာမယ့် Content အသစ်တွေမှာအသေးစိတ်ရှင်းပြသွားပါမယ်)။
ဒီလိုကျောင်းအတွက်လိုအပ်တာတွေပြင်ဆင်ပြီးပြီဆိုရင်တော့ ပြင်ဆင်ထားတဲ့ Documents တွေအားလုံး (ဥပမာ IELTS Certificate, Foundation or A level Certificates, CV, Personal Statement) ကိုတစ်စုတစ်စည်းတည်းထားရှိပြီးကျောင်းလျှောက်တဲ့လုပ်ငန်းကိုစရမှာပဲဖြစ်ပါတယ်။
ကျောင်းလျှောက်တဲ့အခါသတိထားရမယ့်အရာတစ်ခုက ကျောင်းတွေမှာ Application Deadline ရှိပြီး Intake ရဲ့ Deadline အမှီလျှောက်ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းလျှောက်တဲ့အခါ များသောအားဖြင့် Application Fee ပေးရတတ်တာလဲသတိပြုသင့်ပါတယ်။
ကျောင်းလျှောက်တဲ့ Process ကိုတော့ကိုယ်တိုင်သက်ဆိုင်ရာကျောင်းရဲ့ Website ထဲဝင်ပြီး လျှောက်လို့ရသလို၊ ကျောင်းလျှောက်ပေးတဲ့ Agent တွေလဲအများကြီးရှိပါတယ်။ Agent နဲ့လျှောက်မယ်ဆိုရင်တော့ Reputation ကောင်းပြီး ကိုယ့်အတွက် Responsibility အပြည့်ယူပေးနိုင်မယ့် Agent မျိုးရွေးချယ်ရှာဖွေဖို့တော့အရေးကြီးပါတယ်။
ဒီလို ကျောင်းကို Application Submit လုပ်ပြီးလို့ Decision ကျလာပြီး ကျောင်းရဲ့ Acceptance Letter ရရင်တော့ Visa လျှောက်ဖို့ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။
Visa လျှောက်တဲ့ Process မစခင်မှာနိုင်ငံပေါ်မူတည်ပြီး Visa လျှောက်ဖို့ဘယ်လိုစာရွက်စာတမ်းတွေလိုအပ်မလဲဆိုတာကို Researh လုပ်ထားသင့်ပြီးသေသေချာချာဂရုတစိုက်ပြင်ဆင်ထားဖို့အရေးကြီးပါတယ်။
ပုံမှန်အကြမ်းဖျင်းလိုအပ်လေ့ရှိတဲ့စာရွက်စာတမ်းတွေကတော့ Valid ဖြစ်တဲ့ Passport၊ ကျောင်းရဲ့ Acceptance Letter နဲ့ အခြားသော Educational Certificate တွေ၊ ကျောင်းစရိတ်နေစရိတ်အတွက် ပိုက်ဆံအလုံအလောက်ရှိကြောင်းပြသနိုင်တဲ့ Bank Statement၊ Bank Certificate ၊ မိမိကိုမိဘများကငွေကြေးထောက်ပံ့ပေးကြောင်းအထောက်အထားပြသနိုင်တဲ့ Sponsor Consent Letter၊အိမ်ထောင်စုစာရင်း English ဘာသာပြန်၊ မွေးစာရင်း English ဘာသာပြန်၊ မှတ်ပုံတင် English ဘာသာပြန်စတာတွေပဲဖြစ်ပါတယ်။ (လိုအပ်တဲ့ Documents တွေကတော့ ကိုယ်သွားမယ့်နိုင်ငံပေါ်လိုက်ပြီးမတူညီနိုင်တာကိုတော့သတိပြုမိစေချင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်သွားလိုတဲ့နိုင်ငံကအစိုးရ Website ထဲဝင်ရောက်စစ်ဆေးကြည့်တာပဲဖြစ်ပါတယ်)။
ဒီလိုလိုအပ်တာတွေပြင်ဆင်ပြီးသွားရင် Government Website ထဲမှာကိုယ်တိုင်ဖြစ်စေ၊ Agency ရဲ့အကူအညီနဲ့ဖြစ်စေ Application Form တင်ပြီး Visa လျှောက်ရပါမယ်။
Decision ကျပြီး Visa ရလာပြီဆိုရင်တော့ တစ်ဖက်နိုင်ငံမှာနေဖို့အိမ် (သို့မဟုတ်) အဆောင်ရှာရပါမယ်။ ဒီလိုအဆောင်ရှာတဲ့ အခါယုံကြည်ရတဲ့ Website တွေကနေလျှောက်ထားသင့်ပြီး၊ လူလိမ်များရှိတာကိုလဲသတိပြုမိစေချင်ပါတယ်။
ပြီးရင်တော့ နိုင်ငံခြားထွက်ဖို့အတွက်ခရီးစဉ်စီစဉ်ရပါမယ်။ လေယာဉ်လက်မှတ်ဝယ်တာ၊ ဟိုရောက်ရင်ကိုယ့်ကိုလေယာဥ်ကွင်းမှာလာကြိုဖို့ Taxi ကိုကြိုတင် Booking လုပ်ထားတာ စသဖြင့်ပြင်ဆင်ထားသင့်ပါတယ်။
ဒီလိုအကုန်ပြင်ဆင်ပြီးနောက်ဆုံးမှာတော့ကိုယ်သွားမယ့်နိုင်ငံနဲ့ ပိုပြီးရင်းနှီးသွားအောင် ဟိုကသတင်းတွေကြည့်တာ၊ ကိုယ်နေရမယ့်နေရာဒေသကနေရာတွေ (ဥပမာ စျေးဆိုင်တို့၊ ဆေးဆိုင်တို့) စသဖြင့်သိရှိအောင်လေ့လာထားသင့်ပါတယ်။ ဒ့ါအပြင်ကို ဟိုရောက်ရင်သုံးဖို့ E-Sim Card ကြိုဝယ်ထားတာသို့မဟုတ်ဝယ်လို့ရမယ့်နေရာကိုကြိုရှာထားသင့်ပါတယ်။
ဒါ့အပြင်ကို နိုင်ငံခြားမထွက်ခင် ကျောင်းဘက်ကများသောအားဖြင့် International Students တွေအတွက် Online Orientation လုပ်ပေးတတ်ပါတယ်။ ဒီလို Orientation လုပ်ပေးခဲ့ရင်တော့ရတဲ့အခွင့်အရေးအတွင်းမှာသူငယ်ချင်းအသစ်တွေနဲ့မိတ်ဖွဲ့လိုက်တာ၊ ကျောင်းနဲ့ပတ်သက်ပြီးဘာ Service တွေရှိသလဲ၊ ဘာတွေ Expect လုပ်လို့ရလဲစသဖြင့် ကိုယ်သိချင်တာတွေအကုန်မေးလိုက်တာစသဖြင့်ရရှိတဲ့အခွင့်အရေးကိုကောင်းကောင်းအသုံးချသင့်ပါတယ်။
နောက်ဆုံးမှာတော့ကိုယ့်မိသားစုဝင်တွေ၊ ချစ်ရတဲ့သူတွေ၊ ခင်ရတဲ့သူတွေ့ နဲ့ခွဲခွါပြီးနိုင်ငံရပ်ခြားကိုသွားရတာဖြစ်တဲ့အတွက်ကြောင့်စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလဲခိုင်မာနေအောင်ကြိုတင်ပြီးပြင်ဆင်ထားဖို့လဲအရေးကြီးပါတယ်။
အကုန်လုံးကိုပြန်ချုပ်ရရင်တော့ ဒီ Post လေးမှာနိုင်ငံခြားထွက်ဖို့အကြမ်းဖျင်းဖြင့်လုပ်ဆောင်ရမယ့်အဆင့် ၇ ဆင့်ကိုပြောပြခဲ့ပါတယ်။ ဒီလိုဖော်ပြခဲ့တဲ့အဆင့် ၇ ခုကိုသိရှိသွားပြီဆိုရင်တော့နိုင်ငံခြားထွက်ဖို့ဘယ်ကစပြင်ဆင်ရမလဲဆိုတာအကြမ်းဖျင်းသဘောပေါက်သွားနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ အသေးစိတ်သေချာပြင်ဆင်မှုပြုလုပ်ထားမယ်ဆိုရင်တော့ကိုယ်ရဲ့နိုင်ငံခြားမှာပညာသွားသင်တဲ့ခရီးစဥ်ဟာပိုက်ဆံကုန်ရကြိုးနပ်ပြီး၊ လျှောလျှောလျှူလျှူနဲ့အဆင်ပြေပြေ၊ ပျော်စရာလဲကောင်း၊ စိတ်လှုပ်ရှားစရာလဲကောင်းတဲ့ခရီးတစ်ခုဖြစ်နိုင်မှာပဲဖြစ်ပါတယ်။
by Karl
International Flight ကိုအရင်ကတစ်ခါမှမစီးဖူးပဲခုမှပထမဆုံးစီးရမှာဆိုရင်ကြောက်တဲ့စိတ်ဖြစ်ပေါ်တတ်ပြီး၊ စီးရတဲ့ Process ကလဲရှုပ်ထွေးခက်ခဲတယ်လို့တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒီစာကိုအဆုံးထိဖတ်ပြီးပြီဆိုရင်တော့ International Flight စီးရတဲ့ Process ကိုနားလည်သွားစေနိုင်ပြီး၊ ကြောက်တဲ့စိတ်၊ စိုးရိမ်တဲ့စိတ်တွေလျော့ကျသွားစေနိုင်ပါတယ်။
ဒီစာမှာ International Flight စီးရတဲ့ Process ကို Before the Flight, At the Airpot, At the Transit, At the Final Destination ဆိုပြီးအဆင့်လေးဆင့်ခွဲပြီးရှင်းပြသွားမှာဖြစ်ပါတယ်။
1. Airline ရှာဖွေခြင်းနှင့် Booking လုပ်ခြင်း
Oversea သွားဖို့ International Flight ကို ပထမဆုံးစီးတော့မယ်ဆိုရင်ဦးဆုံးလုပ်ရမယ့်အရာကကိုယ်သွားလိုတဲ့နိုင်ငံကိုပြေးဆွဲနေတဲ့လေကြောင်းခရီးစဉ်တွေကို Research စလုပ်ဖို့ပဲဖြစ်ပါတယ်။
ဒီလို Research လုပ်တဲ့အခါ Expedia, Google Flights, Skyscanner, Kayak စတဲ့ Website တွေကနေရှာကြည့်နိုင်သလို၊ ကိုယ်စီးချင်တဲ့ Airline ရဲ့ Websites (ဥပမာ Emirates Airline ကိုစီးချင်တယ်ဆိုရင် Emirates Official Webiste) ထဲသွားရောက်ပြီးလဲရှာဖွေနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ကိုယ့်နိုင်ငံထဲမှာရှိတဲ့ Travel Agency တွေကတစ်ဆင့်လဲတိုင်ပင်မေးမြန်းနိုင်ပါတယ်။
ဒီလိုကိုယ်သွားချင်တဲ့နိုင်ငံကိုပြေးဆွဲနေတဲ့ Airline တွေကိုသိသွားပြီဆိုရင်တော့ Airline အမျိုးမျိုးရဲ့စျေးနှုန်းနဲ့ ဝန်ဆောင်မှုတွေကိုတစ်ခုနဲ့တစ်ခုနှိုင်းယှဥ်ပြီးကိုယ့် Budget နဲ့ရော၊ လိုအပ်ချက်နဲ့ရောကိုက်ညီတဲ့ Airline ကိုရွေးချယ်ပြီး Booking လုပ်ရပါမယ်။ (အနည်းဆုံး ၂ လလောက်ကြိုတင် Booking ယူခြင်းအားဖြင့်သက်သာသောစျေးကိုရရှိနိုင်ပါတယ်)။
Tip: Expedia, Google Flights, Skyscanner, Kayak စတဲ့ Platform တွေကို Price Drop Alert ဖွင့်ထားခြင်းဖြင့်လဲလေယာဉ်လက်မှတ်များစျေးကျသွားတဲ့အခါ Notification ရပြီးသိရှိနိုင်ပါတယ်။
2. လိုအပ်သော Documents များပြင်ဆင်ခြင်း
အဓိကလိုအပ်မယ့်စာရွက်စာတမ်းကတော့အနည်းဆုံးခြောက်လသက်တမ်းကျန်ရှိပြီး Valid ဖြစ်တဲ့ Passport ဖြစ်ပါတယ်။ (ကိုယ်သွားမယ့်နိုင်ငံက Visa လိုပါက Visa ရှိထားပြီးဖြစ်ရပါမယ်)။
ပြီးရင်တော့ ဝယ်လိုက်တဲ့ (သို့မဟုတ်) Booking လုပ်လိုက်တဲ့ Flight Ticket ကို Print ထုတ်၊ ဒါမှမဟုတ်ရင် E-Ticket ကိုကိုယ့်ရဲ့ Mobile Device ပေါ်မှာရှိထားဖို့လိုပါမယ်။
အကယ်၍ Hotel Booking လုပ်ထားလျှင် Booking လုပ်ထားသော Hotel ရဲ့ Details ကိုလဲလိုရမယ်ရ Print သို့မဟုတ် Mobile Device မှာသိမ်းထားသင့်ပါတယ်။
3. Luggage ပြင်ဆင်ခြင်း
ခရီးသွားဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ပြီးသွားပြီဆိုရင်တော့ခရီးသွားတဲ့အခါယူဆောင်သွားမယ့်ပစ္စည်းတွေအတွက် Luggage ကိုပြင်ဆင်ရမှာပဲဖြစ်ပါတယ်။
ဒီနေရာသတိထားရမယ့်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ကိုယ်ဝယ်ထားတဲ့လေယာဥ်လက်မှတ်ထဲမှာဖော်ပြထားတဲ့သတ်မှတ်ထားသော KG အလေးချိန်ထက်မကျော်လွန်သွားမိအောင် Luggae ကိုပြင်ဆင်ရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ (ဥပမာကိုယ်ဝယ်ထားတဲ့ လက်မှတ်က 25 Kg Allowance ပေးထားတယ်ဆိုရင် 25 Kg ထက်ပိုမသယ်မိအောင်သတိထားရမှာပဲဖြစ်ပါတယ်)။
အကယ်၍သတ်မှတ်ထားတာထက်ပိုသယ်မိမယ်ဆိုရင်တော့လေယာဥ်ကွင်းရောက်မှ အလေးချိန်မလွန်အောင်ပစ္စည်းတစ်ချို့ထားခဲ့ရတွေ၊ Fee အပိုပေးတွေစသဖြင့်လုပ်ရတတ်ပြီး အလုပ်ရှုပ်စေပါတယ်။
1. လေယာဥ်ကွင်းသို့သွားခြင်း
လေယာဥ်ကွင်းသို့မသွားခင်ပထမဆုံးသိထားရမယ့်အရာကတော့ကိုယ်ရဲ့ Flight ဟာဘယ် Terminal ကထွက်သလဲဆိုတာပဲဖြစ်ပါတယ်။ နောက်တစ်ခုအရေးကြီးတဲ့အချက်တစ်ချက်ကတော့လေယာဥ်ထွက်ချိန်နဲ့အနည်းဆုံး ၃ နာရီ လောက်စောပြီးကြိုရောက်ထားဖို့ဖြစ်ပါတယ်။ ဒါမှသာ Check-In ဝင်ရတဲ့ Process, Secuitiry Check စတဲ့ လုပ်ငန်းအဆင့်ဆင့်ကို စိတ်အေးလက်အေးနဲ့ ဖြတ်ကျော်နိုင်မှာပဲဖြစ်ပါတယ်။
2. Check-in ဝင်ခြင်း
လေယာဥ်ကွင်းရောက်ရင်စစချင်းလုပ်ရမယ့်အရာကတော့ Check-in ဝင်တာပဲဖြစ်ပါတယ်။ Check-in ဝင်တဲ့အခါကိုယ့် Flight ရဲ့ Check-in counter မှာကိုယ့်ရဲ့ Passport, Booking Reference နဲ့ အခြားသော ခရီးသွားစာရွက်စာတမ်းတွေပြပေးရတဲ့အတွက် အလွယ်တကူထုတ်လို့ရအောင်အဆင်သင့်ပြင်ဆင်ထားသင့်ပါတယ်။ ပြီးရင်တော့ Counter က Agent ကကိုယ့်အတွက် Check in From ဖြည့်ပေးပြီးလေယာဥ်ပေါ်တက်ဖို့ လက်မှတ် Borading Pass ထုတ်ပေးပါလိမ့်မယ်။ ပြီးရင်တော့ကိုယ့်ရဲ့ Luggage ကိုအလေးချိန်တိုင်းပြီး Check-in Counter မှာထားခဲ့ရပါမယ်။
Tip: လေယာဥ်ကွင်းရောက်လို့ကိုယ် Flight ရဲ့ Check-in Counter နေရာမသိပါက Flight Information Display မှာကြည့်ပြီးစစ်ဆေးနိုင်ပါတယ်။ ဒီ Display တွေမှာပေါ်လာတဲ့ Flight တွေထဲကကိုယ်စီးရမယ့် Flight Number နဲ့ သွားမယ့်နေရာကိုတိုက်ကြည့်ပြီးကိုယ့်ရဲ့ Check-in Counter ကိုရှာနိုင်ပါတယ်။ အကယ်၍ရှာမတွေ့သေးပါက Airport Staff တစ်ယောက်ယောက်ကို အကူအညီတောင်းလို့လဲရပါတယ်။ နောက်ဆုံးရှာမတွေ့ပါက Airline ရဲ့ Customer Service ကိုဖုန်းဆက်ပြီးအကူအညီတောင်းလို့လဲရပါတယ်။
3. Security Check ဝင်ခြင်း
Check-in ဝင်ပြီးရင်တော့နောက်တစ်ဆင့်အနေနဲ့ Security Check ဝင်ရမှာပဲဖြစ်ပါတယ်။ ဒီအဆင့်မှာလဲ Boaring Pass နဲ့ Passport ကိုစစ်ဆေးတတ်တဲ့အတွက်အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားသင့်ပါတယ်။
ဒီ Security Check မှာတော့ကိုယ်နဲ့အတူတူ လေယာဥ်ပေါ်သယ်သွားမယ့် ကျောပိုးအိတ်၊ လက်ဆွဲအိတ် သို့မဟုတ် Luggage အသေးလေးကို X-Ray Screening လုပ်ပြီးစစ်ဆေးမှာဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ့်ရဲ့ Phone, Electronic Devices နဲ့ပိုက်ဆံအိတ်စတာတွေကိုလဲ Screening လုပ်ပြီးစစ်ဆေးမှာဖြစ်ပါတယ်။
ဒီနေရာမှာသတိထားရမှာက ကိုယ်ကအရည်တစ်ခုခုယူသွားမယ်ဆိုရင် 100 ml အောက်ပဲယူသွားလို့ရတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။
4. Immigration ဖြတ်ခြင်း
Security Check လုပ်ပြီးရင်တော့ Immigration ဖြတ်ရမှာပဲဖြစ်ပါတယ်။ ဒီအဆင့်မှာလဲ ကိုယ့်ရဲ့ Passport နဲ့ ခရီးသွားစာရွက်စာတမ်းတွေတောင်းတဲ့အတွက်အဆင်သင့်ပြင်ထားသင့်ပါတယ်။
5. ကိုယ့် Flight ရဲ့ Gate ရှာခြင်း
ဒီလို Immigration ကိုလဲဖြတ်ပြီးသွားပြီဆိုရင်တော့ ကိုယ့် Flight ရဲ့ Gate ကိုသွား၊ လေယာဉ်ပေါ်တက်ပြီး ခရီးစသွားဖို့ပဲကျန်ပါတော့တယ်။ ကိုယ့် Flight ရဲ့ Gate နေရာကိုတော့အစောပိုင်းကပြောသလို Flight Information Display မှာရှာကြည့်လို့ရပါတယ်။ Gate နံပါတ်ကိုသိရင်တော့ Direction Signs လေးတွေကိုကြည့်ပြီးကိုယ့် Gate နံပါတ် Sign နောက်ကိုလိုက်သွားဖို့ပဲလိုပါတယ်။ (ပုံမှန်အားဖြင့် Direction Sign လေးတွေက မျက်နှာကျက်အပေါ်နားမှာရှိတတ်ပါတယ်)။ ကိုယ့် Flight ရဲ့ Gate ကိုရောက်ရင်တော့လေယာဥ်ပေါ်တက်ရဖို့ Boarding ခေါ်ချိန်ကိုစောင့်နေရုံပဲလိုပါတော့တယ်။
6. Boarding ခေါ်ခြင်းနှင့်လေယာဥ်ပေါ်တက်ခြင်း
Boarding လုပ်တဲ့အခါ Group အလိုက်ခေါ်တတ်တဲ့အတွက်ကိုယ့်ရဲ့ Group ကို နံပါတ်ကိုသိထားသင့်ပြီး၊ ကိုယ့် Group ကိုခေါ် မခေါ်သိရအောင်နားစွင့်နေဖို့တော့လိုပါမယ်။ လေယာဥ်ပေါ်တက်ဖို့ကိုယ့် Group ကိုခေါ်ပြီဆိုရင်တော့ Borading Pass နဲ့ Passport ကိုအဆင်သင့်ပြင်ထားပြီး၊ Staff တစ်ယောက်ယောက်က Scanning လုပ်ပေးပြီးရင်တော့ လေယာဉ်ပေါ်တက်၊ ကိုယ့်ရဲ့ထိုင်ခုံနံပါတ်ဆီသွားလို့ရပါပြီ။ ပြီးရင်တော့ထိုင်ခုံခါးပါတ်ပါတ် ပြီးခရီးစဉ်ကိုချောချောမောမောစလို့ရပါပြီ။
အကယ်၍ကိုယ်က လေယာဉ်လက်မှတ်ဝယ်တုန်းက Direct Flight ကိုသာဝယ်ထားတယ်ဆိုရင်တော့ Transit ဝင်၊ လေယာဉ်တွေပြောင်းစီးပြီးအလုပ်ရှုပ်စရာမလိုတော့ပဲကိုယ်သွားလိုတဲ့နိုင်ငံကိုတိုက်ရိုက်ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ပဲကိုယ်က Transit ပါတဲ့ Flight ခရီးစဉ်ကိုဝယ််ယူထားရင်တော့ ကြားထဲမှာ လုပ်ရမယ့်အဆင့်လေးနည်းနည်းရှိပါတယ်။
အရင်ဆုံး Transit ပြောင်းစီးတဲ့အကြောင်းမပြောခင်သေချာအောင်လုပ်ထားရမယ့်အရာတစ်ခုရှိပါတယ်။ အဲ့တာကတော့တတ်နိုင်ရင်လေယာဥ်ခရီးစဉ်တစ်ခုလုံးက Flight Ticket တွေအားလုံးကို Airline တစ်ခုတည်းကဖြစ်စေ သို့မဟုတ် Partnership လုပ်ပြီးချိတ်ဆက်ထားတဲ့ Airline ကနေဖြစ်စေ Single Ticket အနေနဲ့ဝယ်ထားဖို့ဖြစ်ပါတယ်။ ဒါမှသာ Flight တစ်ခုခုက Delay ဖြစ်ခဲ့လျှင်သူနဲ့ချိတ်ဆက်ထားတဲ့ Connecting Flight ကိုဝယ်ထားတဲ့အတွက်၊ ကိုယ့်မှာ Protective ဖြစ်စေမှာဖြစ်ပြီး၊ ကိုယ့်ရဲ့ Luggage တွေကိုလည်းကိုယ်တိုင်လေယာဉ်တစ်စီးမှတစ်စီးသို့ပြောင်းရွေ့စရာမလိုပဲ Automatically Transfer လုပ်ပေးမှာဖြစ်ပါတယ်။ (သို့ပေမယ့် မသွားခင်ကတည်းက ကိုယ့်ရဲ့ Luggage တွေကို Automatically Transfer လုပ်ပေးမပေးသိအောင် Baggage Policy ကိုတော့သေချာအောင်စစ်ဆေးထားသင့်ပါတယ်)။
Transit မှာလေယာဉ်ပြောင်းစီးတော့မယ်ဆိုရင် သတိထားရမယ့်အချက်က လေယာဉ်ဆိုက်တာနဲ့ လေယာဉ်ပေါ်မှာအချိန်ဆွဲမနေပဲလေယာဉ်ပြောင်းဖို့အချိန်များများရအောင်ကြိုးစားရမှာပဲဖြစ်ပါတယ်။
1. Connecting Flights/ Transfers/ Transit စတဲ့ Direction Sign နောက်လိုက်သွားခြင်း
Transit ဝင်ပြီး လေယာဉ်ပြောင်းစီးခရီးဆက်ရမယ့်အခါ Connecting Flights/ Transfers/ Transit စတဲ့ Direction Sign တွေနောက်လိုက်သွားရပါမယ်။ ပိုသေချာဖို့ Flight Information Displays ကနေလဲတစ်ချက်စစ်ဆေးကြည့်သင့်ပါတယ်။ အကယ်၍ဘယ်သွားရမလဲမသေချာရင်တော့ Information လို့ရေးထားတဲ့နေရာကိုသွားပြီးအကူအညီတောင်းမေးကြည့်လို့လဲရပါတယ်။
2. Security Check ဝင်ခြင်း
လေယာဉ် Transit လုပ်တဲ့အခါမှာလဲ Security Check ထပ်ဝင်ရပါတယ်။ Security Check ကတော့ရှေ့တုန်းကအတိုင်းကိုယ်နဲ့သယ်ဆောင်လာတဲ့အိတ်နဲ့ ပစ္စည်းတွေကို Screening လုပ်ပြီးစစ်ဆေးတာပဲဖြစ်ပါတယ်။
3. ကိုယ့် Flight ရဲ့ Gate ရှာခြင်း
Security Check ပြီးပြီဆိုရင်တော့ ကိုယ့်စီးရမယ့်နောက် Flight ရဲ့ Gate ဆီကိုသွားရမှာပဲဖြစ်ပါတယ်။ Gate တဲ့တည်နေရာကိုတော့ရှေ့တုန်းကအတိုင်းပဲ Direction Sign ကိုကြည့်ပြီးသိနိုင်ပါတယ်။
သတိပြုရန်: အကယ်၍ကိုယ့်ရောက်နေတဲ့ Airport ကအရမ်းကြီးနေပြီး (ဥပမာ Dubai Airport)၊ Flight ကအခြား Terminal မှာရှိနေမယ်ဆိုရင်ကိုယ့်ရဲ့ Gate နံပါတ်ကိုညွှန်ပြထားတဲ့ရထား၊ ဒါမှမဟုတ် Bus စီးပြီးတော့လဲ Gate ဆီကိုသွားရတတ်ပါတယ်။ အဓိကကတော့ ကိုယ့် Gate နံပါတ်နောက်ကိုသာအဆုံးထိလိုက်သွားဖို့ပဲလိုပါတယ်။ အကယ်၍မသေချာပါက Panic မဖြစ်သွားပဲ Airport Staff နဲ့ Information ဆိုတဲ့နေရာမှာအကူအညီတောင်းလို့ရတာသတိရပါ။ ကိုယ့်ရဲ့ နောက် Flight Gate ရောက်ရင်တော့ ရှေ့ကအတိုင်းပဲ Boarding ခေါ်ချိန်စောင့်ပြီး၊ လေယာဉ်ပေါ်တက်ပြီး နောက်ခရီးတစ်ခုဆက်လို့ရပါပြီ။
1. Immigration and Customs ဖြတ်ခြင်း
ကိုယ်သွားလိုတဲ့ Final Destination ရောက်ရင်ပထမဆုံးလုပ်ရမှာကတော့ Immigration and Customs ကိုဖြတ်ကျော်ရမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာလဲ Passport, Visa နဲ့ အခြားစာရွက်စာတမ်းတွေပြရလို့အဆင်သင့်ပြင်ထားသင့်ပါတယ်။ ပြီးရင်တော့ Immigration and Customs Form ဖြည့်တာ၊ Officer ကမေးတဲ့မေးခွန်းကိုဖြေတာစသဖြင့်ပြုလုပ်ရပါမယ်။
2. Baggage များကို Collect လုပ်ခြင်း
Immigration ကိုဖြတ်ကျော်လာပြီးပြီဆိုရင်တော့နောက်ဆုံးအဆင့်အနေနဲ့ကိုယ့်ရဲ့ Baggage တွေကို Collect လုပ်ရမှာပဲဖြစ်ပါတယ်။ ပြီးရင်တော့လေယာဉ်ကွင်းကထွက်ပြီးကိုယ်သွားလိုတဲ့နေရာကိုသွားလို့ရပါပြီ။
အကုန်လုံးကိုအနှစ်ပြန်ချုပ်ရရင်တော့ International Flight စီးရင် ပထမဆုံး Check-in ဝင်ရပါမယ်၊ Check-in မှ Boarding Pass ရပါမယ်၊ Luggage ကို Check-in Counter မှာအလေးချိန်တိုင်းပြီးထားခဲ့ရပါမယ်၊ ပြီးရင် Security Check ဝင်ရပါမယ်၊ အဲ့နောက် Immigration ဖြတ်ရပါမယ်၊ ပြီးရင် Boarding Gate ဆီသွားရပါမယ်၊ Boarding ခေါ်ပြီးလို့လေယာဉ်ပေါ်တက်ပြီးရင်တော့ထိုင်ခုံခါးပါတ်ပါတ်ကာခရီးစလို့ရပါပြီ၊ (အကယ်၍ Transit ရှိလျှင် Security Check ထပ်ဝင်ရပါမယ်၊ အဲ့ဒီနောက် Connecting Flight စီးရမယ့် Boarding Gate ကိုသွားရပါမယ်၊ ပြီးရင်တော့လေယာဉ်နောက်ထပ်ထပ်စီးရပါမယ်)၊ ဒီလိုနဲ့ Final Destination ရောက်လာပြီဆိုရင်တော့ ပထမဆုံး Immigration and Customs ကိုဖြတ်ကျော်ရပါမယ်၊ ပြီးနောက် Baggage Collect လုပ်ရပါမယ်။